ဇူလိုင် ၁၉၊ ၂၀၀၉
ကရင့်စွမ်းရည်ပြပွဲ၊ပြိုင်ပွဲကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဂရမ်းဗေး တောင်းဟောလ်တွင်ဇူလိုင်လ ၁၈ရက်
နေ့ ကကျင်းပခဲ့ရာ အဖွဲ့ အစည်းအသီးသီးမှပုဂ္ဂိုလ်များလာရောက်အားပေးလေ့လာခဲ့ကြသည်။ လာရောက်သူများ၏ အားရမှူ၊ ကျေနပ်တုံ့ ပြန်မှူများကိုလည်းရရှိခဲ့ကြပါသည်။ စုစုပေါင်း လူဦးရေ
(၃၀၀)ကျော် လာရောက်ခဲ့ကြပါသည်။
AKO ကရင်လူငယ်များမှထိုပွဲကိုစီစဉ်ပြီး ကရင်လူကြီးများမှ ဖေးမထိန်းသိမ်း၊ လမ်းညွန်ပံ့ပိုးမှူတွေပြုခဲ့ပြီး
အခမ်းအနားကို ဖြစ်မြောက်အောင်စီမံဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားသို့ ဝင်ရာ အဝတွင်ကြိုဆိုရေးနှင့်တာဝန်ကျ သမီးပျိုလေးများက ဝင်ကြေးလက်မှတ်ကောက်ခံပြီး
၊ပြီးစီးကြောင်းအမှတ်အသားအနီရောင်နှင့် အဝါရောင်ခြည်ကြိုးလေးများ လက်ကိုချည်နှောင်ပေးခဲ့ကြပါသည်။
မုန့် မျိုးစုံရောင်းချရာ ဈေးဆိုင်တန်းလေးများ၊ ဆုမဲများကိုလည်း စားပွဲပေါ်တွင်အစီအရီ စီထားပါသည်။
အမှတ်ပေးဒိုင် (၃)ဦးကလည်း စတိတ်စင်ရှေ့ တွင်အသီးသီးနေရာယူထားကြသည်။ ဗွီဒီယို မှတ်တမ်းတင်
သူကလည်းအသေအချာမြင်ကွင်းကောင်းကို ရွှေးချယ်နေရာယူထားသည်။ ပြိုင်ပွဲဝင် စင်ပေါ်မှ
်လှုပ်ရှားမှုများကို ဆလိုက် ကင်မရာနှင့်တဖက်ကပိတ်ကားတွင် တိုက်ရိုက်ပြသနိုင်ရန်လည်း
စီစဉ်ထားသည်။
ညနေ(၅)နာရီခန့် တွင်အခမ်းအနားကိုစကြပြီး အခမ်းအနား စလျင်စချင်း AKO ဥက္ကဌမှ အဖွင့်အမှာ
စကား အနည်းငယ်ပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်များဖြစ်ကြသော အမ်ဘစဒါ
ရစ်ချတ်ဘတ်တလာ က၄င်း၊ ရော်ရာဖာဂူဆန် က၄င်း(၅)မိနစ်စီမျှ စကားအနည်းငယ်ပြောကြားခဲ့ကြ
ပါသည်။
ိုပြိုင်ပွဲမှ စတိတ်ရှိုးဝိုင်းတွင် စန္ဒရား ကိုစောအောင်အောင်၊ ဒရမ် စောဘရိုက်စ်၊ ရသမ် စောဆဲမူလာ
(ရွှေကျီးညို)၊ ဘေ့စ် စောခရီမူးနှင့် လိခ် စောဒန်းနရယ်တို့ ဖြစ်ကြပါသည်။ ယှည်ပြိုင်လာကြသော
ပြိုင်ပွဲဝင်ကြသူများကလည်း အခမ်းအနားမှူး၏အသံကို နားတစွင့်စွင့်၊ ရင်တဖိုဖိုနှင့် စိတ်အားထက်သန်စွာ
သောင့်ဆိုင်းနေကြသည်။
အခမ်းအနားမှူးမှအလှည့်ကျပြိုင်ပွဲဝင်သူကို စင်ပေါ်သို့ ခေါ်ပြီး လိုက်ကာဆွဲသူကလည်း အဖွင့်အပိတ်
တိကျလှသည်။တဖွဲ့ ပြိးတဖွဲ့  ပရိတ်သတ်ကို ညို့ ယူဖမ်းစားယှဉ်ပြိုင်လာခဲ့ကြသည်မှာလည်း အနုပညာ
ဆန်လွန်းလှပေသည်။ ကရင်တို့ ၏ ပြန်ရာမြေမဲ့လွမ်းဆွေးဖွယ်သီချင်းများ၊ မိဘလွမ်းချင်း၊ တတ်သည့်
ပညာမနေသာ ကရင့်မျက်လှည့်၊ ကာယအလှပြ မောင်ကရင်၊ ကျားအက၊ (၅)နှစ်အရွယ် ကလေးမလေးတစ်ဦး၏ စန္ဒရားလက်သံ၊ ကရင့်တယောသမားလေး၏တယောသံစဉ်၊ ကိုယ်ပိုင်ကရင
်စာသားနှင့် ကရင်ဟစ်ဟော့အက၊ ဘာသာစကား(၁၂)မျိုးပြကွက်၊ ကလေးမလေးမျး၏ ရော့ကကွက်များ
စသဖြင့် ကဏ္ဍမျိုးစုံ စုံလင်စွာတင်ဆက်ခဲ့ကြသည်။
ပြီးနောက် ပြိုင်ပွဲဝင်ကြသူများကို ဆုလက်မှတ်များအသီးသီးပေးအပ်ပြီး အမှတ်ပေဒိုင်၏ဆုံးဖြတ်ချက်ဖြင့်
ပထမ၊ ဒုတိယ၊ တတိယ အနိုင်ရသူများကိုဆုများပေးအပ်သွားပါသည်။ ပေါက်မဲများကိုမဲနှိုက်ပြီး ပေးအပ်ခဲ့ပါသည်။ ထိုနောက် သြစတြေးလျနိုင်ငံတော်သီချင်း၊ ကရင့်အမျိုးသားသီချင်းများကို ပြိုင်တူ
ရွတ်ဆိုပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။ ကရင်လူငယ်၊ မောင်မယ်များကလည်း ထိုင်ခုံ၊ စားပွဲများကို
တက်ညီ၊ လက်ညီ ဝိုင်းဝန်းကူညီ သန့် ရှင်းပေးခဲ့ကြပါသည်။ အခမ်းအနားကို ည(၈)နာရီတွင်
အဆုံးသပ်ခဲ့ကြပါသည်။
ဤပွဲမှရရှိလာသော ရံပုံငွေများကိုထိုင်း မြန်မာနယ်စပ် IDP ဒုက္ခသည်များအတွက်ပေးပို့ သွားမည်ဖြစ်သည်။
No comments:
Post a Comment