သတင်း- စောအဲခေါင် (ကေအိုင်စီ)

သြစတြေးလျား ကရင်ယဉ်ကျေးမှုအဖွဲ့ (AKCO)က ဦးစီးပြီး ကရင့်လက်ချည်ပွဲအခမ်းအနားကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ တွင် သြ ဂုတ်လ (၂)ရက်နေ့ က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကရင့်ရိုးရာ ဒုံးအက၊ ဝါးညှပ်အက၊ ခေတ်ပေါ်တေးသီချင်းများ၊ ရိုးရာတေးသီချင်းများနှင့် ကရင့်ဝတ်စားဆင် ယင်ထုံးဖွဲ့ မှူ အစီအစဉ်များကို ရိုးရာယဉ်ကျေးမှူနှင့်အညီ တင်ဆက်သွားခဲ့ကြပြီး သြစတြေးလျားနိုင်ငံရောက် ကရင်အမျိုးသားများ၊ မြန်မာပြည်ဖွားများနှင့် သြစတြေးလျးနိုင်ငံသားများ သိရှိနားလည်စေရန် ကရင့်လက်ချည်ပွဲဖြစ်ပေါ်လာပုံအကြောင်းများကို ရှင်းလင်း ပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။
သြစတြေးလျားရောက် ကရင်အမျိုးသား စောနီကောလပ်က “ကရင်တမျိုးသားလုံးအနေနဲ့  မိရိုးဖလာယဉ်ကျေးမှူကို လေးစားလက္ခံကြပြီး ကိုယ့်ကိုယ်ကို ကရင်မှန်းသိပြီး တစည်းတလုံးဖြစ်စေချင်အောင် လက်ချည်ပွဲဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားရခြင်းဖြစ်တယ်။ အထူး သဖြင့် နိုင်ငံတကာရောက် ကရင်တွေအနေနဲ့  ပိုပြီးသိရှိနားလည်ဖို့  အရေးကြီးတယ်”ဟု ပြောဆိုသွားသည်။
အဆိုပါအခမ်းအနားသို့  သြစတြေးလျားနိုင်ငံရောက် ကရင်အမျိုးသားများ၊ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုများနှင့် သြစတြေးလျားနိုင်ငံသားများ ရာနှင့်ချှီု တက်ရောက်အားပေးခဲ့ကြသည်။
“ဒီလက်ချည်ပွဲကို လာရတော့ ကျမ အရမ်းပဲ ဝမ်းသာတယ်။ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်သလိုမျိုးပဲ ခံစားရမိတယ်။ နိုင်ငံတကာ ရောက်နေပေမယ့်လည်း ကိုယ့်ကရင့်ရိုးရာကို ဒီလောက်အထိ လုပ်ပေးနိုင်တာကိုတွေ့ ရတော့ အရမ်းပဲ ဂုဏ်ယူမိပါတယ်”ဟု အခမ်းအ နားကို တက်ရောက်ခဲ့သူ နန်းထားထားက ပြောသည်။
ယခုနှစ် ဆစ်ဒနီမြို့ တွင် ပြုလုပ်ကျင်းပသည့် ကရင့်ရိုးရာလက်ချည်ပွဲမှာ (၇)နှစ်မြောက်ဖြစ်ပြီး ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ တွင် ရွေးချယ်ကျင်းပခဲ့ကြသဖြင့် လူအများအပြား ပိုမို လာရောက်ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။
No comments:
Post a Comment