ငြိမ်းချမ်းရေး စစ်တမ်း (၁၁) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှင့် အမာစား ဥပဒေ ပေါ်နိုင်သည့် အလားအလာ။
ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို
့ကြာမျှ ကျင်းပလာခဲ့ပြီးနောက် မည်သည့်အဖြေမျှထွက်မလာသောအခါ လူထုအများစုကြီးအနေဖြင့် အားမလို
အားမရဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး
နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့်
ဝေါဟာရ သုံးခုအား
ထပ်ခါ ထပ်ခါ
ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို
မည်သို့ နားလည်ရ
မည်မှန်းမသိတော့။ မည်သည်က
အရင်လာ၊ မည်သည်က
နောက်လာ သင့်သည်ကို
ခွဲခြားရန် ခက်ခဲသွားတော့သည်။ အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး
တနိုင်ငံလုံး အပစ်ရပ်စာချုပ်
ချုပ်ဆို နိုင်ရုံမျှနှင့် ငြိမ်းချမ်းရေးကို မုချဦးတည် တော့မည်ကဲ့သို
့ ထင်မှတ်လာကြသည်။
အထက်ပါ ဝေါဟာရ
သုံးလုံးအနက် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်မှ
စတင်ရှင်းပါမည်။ ပြည်တွင်းငြိမ်းချမ်းရေးရရန် နိုင်ငံရေးပြသနာများအား နိုင်ငံရေးအရ
ဆွေးနွေးအဖြေရှာသွားမည် ဟူသည့်
ရပ်တည်ချက်မှာ တရားအရ
မှန်ကန်ကြောင်းယုံမှားစရာမလိုပါ။ ယင်းကို
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း
အမြောက်အများက ဆယ်စု
နှစ်များစွာ ကိုင်စွဲလာခဲ့ကြသည်။ သို့ ရာတွင် ယခုအုပ်ချုပ်နေသည့် အရပ်သား အသွင်ယူ စစ်အစိုးရက
နိုင်ငံရေးဆွေး နွေးပွဲများ
ကျင်းပပေးနိုင်ရေးအတွက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို
အရင် ဦးစွာ
လက်မှတ်ထိုးကြစေ လိုကြောင်းဖိအားပေးလာသောအခါတွင်မူ ယင်းနိုင်ငံရေးဆွေးနွေးပွဲ ဟူသည်မှာ
မိမိတို့ မူလ
မြှော်မှန်းချက် နှင့်
ကိုက်ညီမှု ရှိမရှိ
စိစစ်ရန်လိုအပ်လာပါသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပေးပါမည်
ဟု ကမ်းလှမ်းပါလျှက် တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်
ထိုးရန် ငြင်းဆန်နေခြင်းမှာ ငြိမ်းချမ်းေ၇း မလိုလားသည်ကိုပြရာရောက်ကြောင်းဖြင့် စစ်အစိုးရအာဏာပိုင်များ၊ ၄င်းတို
့နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းများက ယိုးစွပ်တိုက်ခိုက်လာသည်။ ငြိမ်းချမ်းရေးဟာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ
့တွေ ရဲ
့လက်ထဲမှာဘဲ ရှိတယ်
ဟူ၍ပင် ကာချုပ်မင်းအောင်လှိုင်က ထုတ်ဖေါ်လာသည်။
ဆိုလိုသည်မှာ တနိုင်ငံ
လုံး အပစ်ရပ်
စာချုပ်ကို လက်မှတ်မထိုးခြင်တဲ့ ငမိုက်သားတွေကြောင့် ငြိမ်းချမ်းရေးမရတာဘဲ ဟု
တိုက်ရိုက်အပြစ် တင်လိုက်ခြင်း
ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲ တခု
တည်းကို အဓိကထားလွန်းခဲ့ခြင်းအပေါ် စစ်အစိုးရက
ယင်းအညှာ ကို
ကိုင်၍ ချီလိုက်သောအခါ
လှုပ်ရှားရ ခက်ပြီး
လူထုကပင် ထင်ယောင်မှား
နိုင်သည့် အခြေအနေတခုသို
့ရောက် သွားခြင်းဖြစ်သည်။
နိုင်ငံရေးပြသနာများအား နိုင်ငံရေးအရ
ဆွေးနွေးအဖြေရှာသွားမည် ဟူသည့်ကြွေးကြော်သံမှာ ကောင်းမွန်
သည့်တရား ဖြစ်ပြီး
ကျင့်သုံးသင့်သော်လည်း ဝေါဟာရ၏
အ၀န်းအ၀ိုင်းမှာ လွန်စွာကျယ်ဝန်းလွန်းသည်။ ဘောင်မရှိ။
ဘောင်ရှိလျှင်လည်း ယင်းဘောင်များကို ကိုယ်လိုသလိုအဓိပ္ပါယ်ဖွင့်နိုင်နေကြသည်။ အထူးသဖြင့်
မိမိ၏ ရပ်တည်ချက်
ခိုင်မခိုင်၊ ဦးတည်ရာလမ်းကြောင်းတည့်မတည့်၊ အမြတ်ထက်အရှုံးပိုများနေမနေ၊ မပိုင်း
ဖြတ်နိုင်တော့ဘဲ စစ်ခေါင်း
ဆောင်ဟောင်းသစ်များနှင့် အပေါ်ယံတွေ
့ဆုံမှု များ
တွင်သာ အလီလီ
ဝဲလည်၊ အာဏာ၏
အ၀န်းအ၀ိုင်းတွင် သာယာ
သွားသောအခါ နိုင်ငံရေးဆွေးနွေးမှု ဟူသော
အနှစ်သာရသည်ပင်လျှင် ပျက်ရတော့မည့် ကိန်း
ဆိုက်လာသည်။ စစ်အာဏာရှင်စနစ် ဆန်
့ကျင်ရေးတိုက်ပွဲ အလီလီနွှဲခဲ
့သည့် အတွေ
့အကြုံရင့် ကျက်သော
ပုဂ္ဂိုလ်ကြီး များ၏
နိုင်ငံရေးသုံးသပ်ချက်များမှာ အကျိုးရှိလှကြောင်းအသိအမှတ်ပြုရပါမည်။ သို
့ရာတွင် စစ်အာဏာရှင်
စနစ် ဆန်
့ကျင်ရေး လှုပ်ရှားမှုထိထိရောက်ရောက်လုပ်ခဲ့ဘူးခြင်းမရှိ၊ လုပ်ခဲ့ဘူးသော်လည်း တိုင်းရင်းသားများ၏ ဘ၀ကို လက်တွေ
့ဖြတ်သန်း ခံစားမှုမရှိဘဲ
နိုင်ငံရေး အန္တေ၀ါသိက
လုပ်လိုသူများက (ဟိုဘက်အတွက်လည်း မှန်သလိုလို၊ သည်ဘက် တွက်လည်း
ဟုတ်သလိုလို စကားလုံးများ
ဖြင့်) ရှုတ်ထွေးသည့်
သဘောထား ယူဆချက်များ
တင်ပေး လိုက်သောအခါ
လူထု အများစုကြီး
မှာ မည်သို
့နားလည်ရမည်မသိ။ နိုင်ငံရေးဟူသော ဝေါဟာရသံသရာ တွင် လည်ခံနေကြပြီး
ငြိမ်းချမ်းရေးမှာ ရှေ
့မတိုး နိုင်တော့။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြသနာများကို ချဉ်းကပ်ရာတွင်
နိုင်ငံရေးဘက် တဘက်တည်း
ကို အဓိက
ထား လွန်းခြင်းမျိုးမဖြစ်သင့်ပါ။ နိုင်ငံရေး၊
ဥပဒေ နှင့်
နိုင်ငံတကာ ဟူသည့်
ဘက်သုံးဘက်၊ ရှုဒေါင့်
သုံးခုမှ ချဉ်းကပ်မှ
သာလျှင် မှန်ကန်သည့်
အဖြေရနိုင်ဘွယ် ရှိပါသည်။ မြန်မာနိုင်ငံတွင် အာဏာရခဲ့သည့်
စစ်ခေါင်းဆောင်အဆက်ဆက်က ဆွေးနွေးပွဲများ အပေါ်ချဉ်းကပ်ပုံမှာ လူလည်ကျလွန်းခဲ့သည် ဟု ဆိုနိုင်သည်။ နိုင်ငံရေးအရ
ဆွေးနွေးအဖြေရှာသွားမည် ဟူသည့်
ကြွေးကြော်သံအပေါ် ငြင်းဆိုခဲ့ခြင်းမရှိ။ လက်တွေ
့အရမူ ဥပဒေကို
အဓိကသုံးကာ နိုင်ငံရေးကို
ကိုင်လှုပ်ခဲ့ကြောင်းတွေ့ နိုင်သည်။
၁၉၆၃ ခုနှစ်
ဆွေးနွေးပွဲများမတိုင်ခင်တွင် (၄င်းတို
့အာဏာတည်ဆောက်ရေးအတွက် အဟန်
့အတားဖြစ်စေသည့်) ၁၉၄၇
ခုနှစ် ဖွဲ
့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ ၄င်းတို့ အလိုကျရေးဆွဲထားသည့် ၁၉၇၄
ခုနှစ်ဖွဲ့ စည်းပုံအခြေခံ
ဥပဒေပေါ်လာအောင်လုပ်၊ ယင်းကိုကိုးကားကာ ဆွေးနွေးပွဲများအား ဖျက်ပစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တ၀ိုက်တွင် ဗမာပြည်ကွန်မြူနစ်တီက
တောင်းဆိုခဲ့သော ပါတီစုံစနစ်၊
ကချင်အမျိုး သားလွတ်
မြောက်ရေး အဖွဲ
့(ကေအိုင်အို) က တောင်းဆိုခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်
စသည်များမှာ ၁၉၇၄
ဖွဲ့ စည်းပုံအခြေခံ
ဥပဒေနှင့် မညီကြောင်းအကြောင်းပြကာ ဗိုလ်ချုပ်နေ၀င်း က ပယ်ချခဲ့ သည်။
ယခုလက်ရှိ စစ်အစိုးသစ်
ဦးသိန်းစိန် ဦးဆောင်ကျင်းပနေသည့် ဆွေးနွေးပွဲဟူသည်များတွင်လည်း အနှစ်သာရ
အရ အလားတူပင်
ဖြစ်ကြောင်းတွေ့ ရသည်။
စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈
ခုနှစ်ဖွဲ့ စည်းပုံအောက်သို့ ဆွဲသွင်းနေမှုများကိုသာ
အဓိက ထင်ထင်ရှားရှား
တွေ့  မြင်နေရသည်။ ဥပဒေကို
သုံးကာ နိုင်ငံရေးကို
ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ချုပ်လိုက်လျှင် စစ်အစိုးရများအဆက်ဆက်ဘက်က နှာတဖျားမက
သာနေသောအချက်မှာ ၄င်းတို
့အာဏာ တည်မြဲရေးအတွက်
ဥပဒေများကို ကိုင်စွဲအသုံးချနေနိုင်ခြင်းဖြစ်သည်။ တော်လှန်ရေးအဖွဲ့ အစည်းများဘက်တွင် မူ အများစုကြီးမှာ
နိုင်ငံရေးပြသနာများအား နိုင်ငံရေးအရ
ဆွေးနွေးအဖြေရှာသွားမည်ဟူသည့် ကြွေးကြော်သံထဲတွင်သာ ၀ဲလည်လျှက်ရှိသည်။ ဥပဒေကြောင်းအရ လေ့လာပျံ့ ပွား
အသုံးချသွားမည် ဟူသည့်လုပ်ငန်းစဉ်များ ရှိသင့်သလောက်
ရှိနေပြီဖြစ်သော်လည်း နိုင်ယှဉ်ခြင်းအရမူ လွန်မင်းစွာ နည်းပါးနေသေးသည်။ လက်ရှိ စစ်အစိုးရ၏
ဥပဒေလှည့်ကွက်တခုကို တင်ပြပါမည်။ ဘက်နှစ်ဘက် ဆွေးနွေးပွဲများကို ဖြတ်သန်းပြီး ယခုအချိန်အထိ နောက်ဆုံးရလာဒ်အဖြစ် ရရှိထားသော တနိုင်ငံလုံးအပစ်ရပ်စာချုပ်စတုတ္ထ (မူကြမ်း) အခန်း (၆)အပုဒ် ၂၃
တွင် “ဤသဘောတူညီချက်ကို ------------------------------------------- အနီးကပ်ဆုံးကျင်းပမည့်
ပြည်ထောင်စု လွှတ်တော်အစည်း အဝေး
သို့ တင်သွင်းကာ အတည်ပြုချက်ရယူရန်
သဘောတူညီကြောင်း” ပါရှိသည်။ စစ်အစိုးရအနေဖြင်တနိုင်ငံလုံး အပစ်ရပ်စာချုပ်စာချုပ်ကို လွှတ်တော်သို
့တင်သွင်းအတည်ပြုချက်ယူစေလို ခြင်းမှာ
မည်သည့်ရည်ရွယ်ချက်ကြောင့်နည်း။ လွှတ်တော်မှာ ၂၀၀၈ဖွဲ
့စည်းပုံအရဖွဲ့ စည်းထားခြင်း
ဖြစ်ရာ ယင်း၏
ကြီးကြပ်ကွပ်ကဲမှု၊ လမ်းညွှန်မှု
ကို နာခံစေခြင်းဖြင့် ဆွေးနွေးပွဲဖြစ်စဉ် တခုလုံးအား ၂၀၀၈
ဖွဲ့ စည်းပုံ
အောက်သို့ ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။ ထို
့အပြင် အတည်ပြု၊
မပြု ဆိုသည်
များနှင့် စပ်လျှဉ်း၍
ဥပဒေကြောင်းများကို ထောက်ကာ
လွှတ်တော်နှင့် အစိုးရအကြားတွင် ဟိုပို့ သည်ရွှေ့ နှင့်
ဘောလီဘော ပုတ်သလို
ကစားနေကြဦးမည်ဆိုလျှင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ
့များမှာ ငေးငိုင်ထိုင်ကြည့်နေရုံမှ တပါး
မည်သို့ မျှ
တတ်နိုင်မည် မဟုတ်ပါ။
ပို၍ဆိုးသည်မှာ လွှတ်တော်သို
့တင်သွင်းပြီး အတည်ပြု
ချက်ယူရန်ဟု ဖေါ်ပြထားသော်လည်း အတည် မပြုပါက မည်သို
့ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း
မပါရှိ။ သို
့ဖြစ်၍ ယင်းပြဌာန်းချက် ထည့်သွင်းခြင်း မှာ မရိုးသားသည့်
ရည်ရွယ်ချက်ဟု တဘက်တွင်
ကောက်ယူနိုင် သည်။ နှစ်ဘက်
သဘောတူစာချုပ်ကို လွှတ်တော်သို
့တင်သွင်းပြီး အတည်ပြုချက်ယူခြင်းဖြင့် ပြဌာန်းဥပဒေ
Positive Law သဘွယ်
သဘောဆောင်ပြီး တပြည်လုံးလွှမ်းခြုံ သက်ရောက်စေနိုင်မည်ဖြစ်သဖြင့်
ယင်းမှာ ရိုးသား
သည့်ရည်ရွယ်ချက်များလား ဟု
အခြားတဘက်တွင် မြှော်မှန်းနိုင်သည်။ သို
့ရာတွင် ယင်းကို
ပြည်တွင်းဥပဒေအရ သာမက
နိုင်ငံတကာ ဥပဒေနှင့်
ဆက်စပ် ဖေါ်ဆောင်နိုင်မှသာ လက်တွေ့ အကျိုးရှိနိုင်ပါမည်။ နိုင်ငံတကာ
အတွေ့ အကြုံများအရ ငြိမ်းချမ်းရေး
စာချုပ်ကို ဥပဒေရှုဒေါင့်မှ
ချဉ်းကပ်ရာတွင် နှစ်မျိုးရှိသည်။ ယင်းမှာ အမာစား ဥပဒေ Hard Law နှင့် အပျော့စား
ဥပဒေ Soft Law ဟူ၍ဖြစ်သည်။
ယင်းနှစ်ခုမှာ မည်သို
့ကွာခြားသနည်း။ တိုင်းပြည်၏ တရားဝင်လွှတ်တော်တရပ်က ပြဌာန်းလိုက်သော ဥပဒေသည် Hard Law အမာစား
ဥပဒေ ဖြစ်သည်။
ယင်းကို ချိုးဖေါက်ပါက
အရေးယူဆောင်ရွက်နိုင်ရေး (Enforcement)အတွက်
တရားရုံးအဆင့်ဆင့်၊ တရား
စွဲအဖွဲ့ ၊
ရဲတပ်ဖွဲ့ နှင့်
အခြား လုံခြုံရေးအဖွဲ
့အစည်းများကို အသုံးချနိုင်သောကြောင့်ဖြစ်သည်။ ပဋိပက္ခဖြစ်ရသည့် အခြေခံအကြောင်းရင်းများအပေါ်တွင် ညှိနိုင်းဆွေးနွေးပြီး မူဘောင်ဆိုင်ရာသဘောတူ ညီချက်များချမှတ်၊ အပစ်အခတ်ရပ်စဲရေးကို ထိမ်းသိမ်းပြီး ငြိမ်းချမ်းရေးသဘောတူညီချက်များ ရယူနိုင်ခဲ့သည့် နိုင်ငံ များ ရှိခဲ့သည်။
ယင်းတို့ အနက်
အချို့ တို
့တွင် အမာစား
ဥပဒေများ ကို
ပြဌာန်းနိုင်ခဲ့သည်။ အထင်ရှား
ဆုံး နိုင်ငံမှာ
တောင်အာဖရိက သမတနိုင်ငံဖြစ်သည်။ ယင်း၏ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ကြားဖြတ်ဖွဲ့ စည်းပုံ အခြေခံ
ဥပဒေ[i] ဖြစ်ခဲ့သည်။
ယင်းတွင် အသွင်ကူးပြောင်းေ၇းကာလ ပြဌာန်းချက်များ[ii] ပါရှိခဲ့သည်။
၎င်းအရ ရွေးကောက်ပွဲကို ဖြတ်သန်းကာ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်၇ာ ညီလာခံမှတဆင့်
ဖွဲ့ စည်းပုံအခြေခံဥပဒေ သစ်တရပ်[iii] ပြဌာန်းကျင့်သုံး နိုင်ခဲ့သည်။ ကင်ညာနိုင်ငံတွင် အမျိုးသားသဘောတူညီချက်နှင့် ပြန်လည်သင့်မြတ်ရေးဥပဒေ
(၂၀၀၈)[iv] ကိုအတည်ပြု ကျင့်သုံးနိုင်ခဲ့သည်။ မြောက်ပိုင်းအိုင်ယာလန်တွင် ၂၀၁၀
ခုနှစ် မတ်လ ၉ ရက်နေ့ ၌ ဟေးလ်ဘောရိုး သဘောတူညီ ချက်[v] ကို
ပါလီမန်က အတည်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးသဘောတူညီချက်များမှ တဆင့်
အမာစား ဥပဒေများ
ပေါ်ပေါက် ကျင့်သုံးနိုင်
ဘွယ်အခြေအနေကို အထက်ပါ
နိုင်ငံများနှင့် နိုင်းယှဉ်လေ့လာနိုင်ပါသည်။ တောင်အာဖရိက
နိုင်ငံတွင် ဒီကလပ်
ခေါင်း ဆောင်သည့်
လူဖြူအာဏာရှင် အစိုးရနှင့်
ညှိနိုင်းဆွေးနွေးခဲ့သော နယ်လ်ဆင်
မန်ဒဲလား ဦးဆောင်ခဲ့သည့် အာဖရိက အမျိုးသားကွန်ဂရက် (ANC)[vi] သည်
လူဖြူလူမဲ ခွဲခြားအုပ်ချုပ်သည့် စနစ်[vii] ကို အသက်သွင်းထားသည့် ထိုစဉ်က တည်ဆဲ ၁၉၈၃
ခုနှစ် ဖွဲ
့စည်းပုံကို လက်မခံခဲ့ပါ။
ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲ
အတည်ပြု ကျင့်သုံး
သွားရေးကိုသာ တောင်းဆိုခဲ့သည်။ ဒီကလပ်ခေါင်းဆောင်သည့်
လူဖြူအစိုးရကလည်း လက်ခံ
ဖေါ် ဆောင်ပေးခဲ့ရ
သည်။ မြန်မာနိုင်ငံတွင်မူ နယ်လ်ဆင်မန်ဒဲလား၏ရပ်တည်ချက်မျိုး နှင့်
ဆန့် ကျင်ကာ
စစ်အာဏာရှင်စနစ်ကို အထင်
အရှား အသက်သွင်းထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံအားဒေါ်အောင်ဆန်းစုကြည်က လက်ခံခေါင်းလျှိုးကာလွှတ်တော် အတွင်း
သို့ ဝင်ရောက်
သွားခဲ့သည်။ ဤတွင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်များမှတဆင့် အမာစား ဥပဒေ ဖြစ်သည့်
ဖွဲ့ စည်းပုံအခြေခံ
ဥပဒေသစ်တရပ်ရေးဆွဲအတည်ပြုကျင့်သုံးရေးမှာ အခက်ကြုံသွားရသည်။ လွှတ်တော်အတွင်းတွင် သူမကိုယ်တိုင် ခေါင်းဆောင်ကာ
ဖွဲ့ စည်းပုံ၏
အခြေခံကျောရိုးများကို တစွန်းတစမျှ
ပြင်ဆင်နိုင်ခြင်း မရှိ။
အခြေခံ
ကျောရိုးများ ကို
ပြင်ရန် စိုးစဉ်းမျှပင်
ကြိုးပမ်းခြင်းမရှိ။ လွှတ်တော်ပြင်ပထွက်လှုပ်ရှားရာတွင်လည်း အခြေခံကျောရိုး များ
တစုံလုံးပြင်ရန် တောင်းဆိုရမည့်
အစား စစ်အစိုးရက
မျှားပေးလိုက်သည့် ပုဒ်မ
၄၃၆ ပြင်ရေးလမ်းကြောင်း ကိုသာ လျှောက်ခဲ့သည်။ (၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ သက်ဆိုးရှည်စေရန်
၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီအတွင်းတွင် စစ်အစိုးရ
က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ
ပုဒ်မ ၄၃၆ ကို ပြင်ပေးကောင်း ပေးနိုင်သည်။
တချက်ခုတ် နှစ်ချက်ပြတ်စေရန် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက်ပေးလိုက်ရန်
နှင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်၍
ရနိုင်ကြောင်း လက်တွေ့ ပြကာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ
့အစည်းများအား ၂၀၀၈ ဖွဲ့ စည်းပုံအောက်သို့ ပြန်
လည် ဆွဲသွင်းလိုက်ရန် ဖြစ်သည်။
စစ်အစိုးရ အဆက်ဆက်၏ နိုင်ငံရေးသည် ဥပဒေကို
၎င်းတို့ အလိုကျကိုင်တွယ် လှည့်စားမှုဖြင့်
လွှမ်းခြုံခဲ့သည် ဟု ဆိုနိုင်သည်။)
ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာသဘောထားကို
ပြည်ထောင်စုနေ့တွင်လက်မှတ်ထိုးကြရန် ယူအန်အက်ဖ်စီ
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သမ္မတဦးသိန်းစိန်ထံ ၂၀၁၅ ခုနှစ်ဇန်န၀ါရီလ ၁၈
ရက်နေ့ကပေးပို့ သည့် ကမ်းလှမ်း စာတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများ အာမခံချက် အပြည့်အ၀ရှိသည့်
အမျိုးသားပြည်နယ်များကိုအခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်
သဘောတူကြသည်။” ဟု ပါရှိကြောင်း သိရသည်။[viii] တိုင်းရင်းသားတပ်ပေါင်းစု က တကယ်တန်း အတိ အကျ ကမ်းလှမ်းလာသောအခါ ဖက်ဒရယ်ကို
အသံကောင်း ဟစ်ရုံမျှ ဟစ်လျှက်ရှိသော ဦးသိန်းစိန် အစိုးရက မသိကျိုးကျင် ပြုထားလိုက်သည်။ တုတ်တုတ်မျှ
မလှုပ်တော့။ ယူအင်န်အက်ဖ်စီ ဒုဥက္ကဌ ဖြစ်ပြီး NCCT ၏ ဥက္ကဌ လည်းဖြစ်သူ နိုင်ဟံသာက “ဖက်ဒရယ်ကို အပေါ်ယံ လောက်ဘဲ အစိုးရက လက်ခံတယ် ဆိုတာ
ပေါ်သွားပြီ။” ဟု ထောက်ပြခဲ့သည်။ ၄င်းက ဆက်လက်၍ “ပြည်နယ်ဆိုတာ ပြည်နယ်တို့ ၊ တိုင်းတို့နဲ့ ဆက်စုပြီးတော့ ဖွဲ့ထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စုမျိုးကို ကျနော်တို့ မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကတော့ အမျိုးသားပြည်နယ်၊ အမျိုးသားများ ပြည်နယ်။ ဥပမာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အဲဒီလို ရောနှောနေတဲ့ နေရာမှာတော့ အမျိုးသားများပြည်နယ်ဆိုပြီး အဲဒီလို ထည့်ချင်တယ်။ ဗမာကို ဗမာပြည်နယ်တခု သတ် မှတ်မယ်။ နောက် ရောနှောနေတဲ့ နေရာတွေကို အမျိုးသား များ ပြည်နယ်အဖြစ် ကျနော်တို့က အဲဒီလို သတ်မှတ် ခြင်တယ်။”[ix]
ဟူ၍ဖက်ဒရယ်၏ အခြေခံအကျဆုံးကျောရိုးကြီး ကို အသေအချာရှင်းပြလိုက်သည်။ မြန်မာနိုင်ငံသား တဦးဖြစ်ရုံသာမက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် ဆွေးနွေးပွဲများတွင် တောက်လျှောက်နီးပါး ပါနေခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက “တိုင်းရင်းသားတွေ လိုခြင်တဲ့ ဖက်ဒရယ် ဆိုတာ ဘာလဲ မသိပါ။” ဟုထုတ်ဖေါ်ခဲ့ဘူးသည်။ သိအောင်မကြိုးစား၍လည်းကောင်း၊ မသိခြင်ယောင်ဆောင်၍လည်းကောင်း ဖြစ်ပါမည်။ ဗမာပြည်နယ်အပါအ၀င် အမျိုးသားပြည်နယ်များဖြင့်သာ ဖွဲ့ စည်းသည့် ပြည်ထောင်စု တည် ဆောက်ရေး ကို ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံကထဲက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သတင်းကို အမှောင်ချ ထားခဲ့ပြီး ဗိုလ်ချုပ်နေ၀င်းက “တိုင်းရင်းသားတွေ ခွဲထွက်တော့မယ်၊ ပြည်ထောင်စုကြီး မပြိုကွဲစေဘို့ တပ်မတော်မှာ တာဝန်ရှိ တယ်။” ဟု ကြေငြာကာ စစ်တပ်အာဏာသိမ်းခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် အခြားဗိုလ်ချုပ်ကြီး ငယ်များ အဘယ်ကြောင့် သိအောင် မကြိုးစားခဲ့သနည်း။ ယူအင်န်အက်ဖ်စီ တိုင်းရင်းသား တပ်ပေါင်းစုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၅ နှစ်က မူကို ပြန်တင်နေခြင်း ဖြစ်သည်။ ပို၍ပင် ရှင်းအောင် တိကျအောင် တင်နေသည်။ “တိုင်းရင်းသားတွေ လိုခြင်တဲ့ ဖက်ဒရယ်ဆိုတာဒါဘဲ။” ဟု မြန်မာလို ရှင်းရှင်းလေး ပြောနေခြင်း ဖြစ်သည်။ ယူအင်န်အက်ဖ်စီ က အဓိက တင်ပြလိုက်သည့် “ဗမာ ပြည်နယ်[x] အပါ အ၀င် အမျိုးသားပြည်နယ်များနှင့်သာ ဖွဲ့ စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု” ကို တန်းတူရေး၏ အခြေခံမူအဖြစ် ကိုင်စွဲပြီး တိုင်းသားတော်လှန်ရေး အင်အားစုများက ဆယ်စုနှစ်အချို့ ကြာမျှတိုက်ပွဲဝင်ခဲ့ကြသည်။ ဖက်ဒရယ်ကိုလက်ခံ ပါသည် ဟု ကြေငြာနေသောလက်ရှိစစ်အစိုးရသည် ဤသည်ကို ငြင်းစရာအကြောင်း စိုးစဉ်းမျှမရှိ။ ငြင်းနေခြင်း မှာ အဘယ်ကြောင့်နည်း။ ဗိုလ်ချုပ်နေ၀င်းခေတ်က ဆိုရှယ်လစ်အတုကြီးပေးပြီး စစ်အာဏာရှင်စနစ်ကို အသက်သွင်းသွား သကဲ့သို့  ယခုစစ်အစိုးရခေတ်တွင် ဖက်ဒရယ် အတုကြီးပေးကာ စစ်အာဏာရှင်စနစ်ကိုပင် ဆက်လက် အသက်သွင်း ခြင်ကြသောကြောင့်ဖြစ်သည်။ ဦးအောင်မင်းက တဘက်တွင် တိုင်းရင်းသားများကို ဖက်ဒရယ်ပေးမည်ဟု နုတ်မှ ပေါ့ တန်တန် ကတိပေးနေသော်လည်း အခြားတဘက်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ၌ ဖက်ဒရယ်အခြေခံများ
ပါရှိပြီးဖြစ်ကြောင်း ပြောနေသည်ကို ထောက်ရုံမျှနှင့် ၄င်း၏ ရိုးသားမှုကို
တိုင်းတာနိုင်သည်။
ဤတွင် ဖက်ဒရယ်ကို အပေါ်ယံလောက်ဘဲ လက်ခံသူမှာ ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အစိုးရ တခု တည်း ဟုတ်ပါရဲ့ လားဟူ၍ စောကြောဘွယ်ဖြစ်လာသည်။ ပြည်ထောင်စု ကို ပြည်နယ်များဖြင့်သာမက တိုင်း ခုနှစ်တိုင်းပါ ပါဝင်ဖွဲ့ စည်းရေး ဟူသည့်မူ မှာ မိုးပေါ်က ကျလာခြင်း မဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက ၁၉၇၄ ဖွဲ့ စည်းပုံအခြေခံဥပဒေမှ စတင်ကာ တည်ထွင်ကျင့် သုံးခဲ့ခြင်း ဖြစ်သည်။ ဖွဲ့ စည်းပုံအရမျက်လှည့်ပြလိုက်ပြီး တန်းတူရေးအခြေခံကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်း များက ဤသည်ကို မလိုလားကြ။ ဖက်ဒရယ်ကို လက်ခံကြောင်း ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ထုတ်ဖေါ်လျှက်ရှိကြသော ဒီမိုကရေစီ အင်အားစုများသည်လည်းကောင်း၊ လွှတ်တော်တွင်းရောက် တိုင်းရင်းသားပါတီ များသည်လည်းကောင်း၊ အခြေခံလူထုများသည်လည်းကောင်း ယခုအချိန်တွင် မိမိတို့ ၏ ရပ်တည်ချက်ကိုရှင်းလင်းစွာ ပြကြရန်အချိန်ရောက်ပြီဖြစ်သည်။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းချပေးခဲ့သည့် မူကို ဆက်ကိုင်ထားပြီး ပြည်တွင်းစစ် မီး ကို အားပေးထားမလား။ တိုင်းရင်းသားများတောင်းဆိုသည့် မူကို လက်ခံဖေါ်ဆောင်ပြီး ငြိမ်းချမ်းရေး ကို ပံ့ပိုးမလား ဟူ၍ပင်။ ယူအင်န်အက်ဖ်စီ၏ အောက်ပါ တင်ပြချက်သည် ဖက်ဒရယ်၏ မှတ်ကျောက် ဖြစ်လာသည်။
“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အခွင့်အရေးများ အာမခံချက် အပြည့်အ၀ ရှိသည့် (ဗမာပြည်နယ် အပါအ၀င်) အမျိုးသားပြည်နယ်များကိုအခြေခံ၍ စစ်မှန်သော
ဖက်ဒရယ်ပြည်ထောင်စု”
ယူအင်န်အက်ဖ်စီသည် နိုင်ငံရေးအရ လက်နက်ကြီးဖြင့်ပစ်ပြီး အမှန်တရားကိုဖေါ်ထုတ်လိုက်ပါပြီ။ ဤ နိုင်ငံရေး လက်နက်ကြီးသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို တိုက်ရိုက်ထိမှန်သွားခြင်းလည်း ဖြစ်သည်။ အထက်ပါ ဖက်ဒရယ် မှတ်ကျောက်သည်၂၀၀၈ ဖွဲ
့စည်းပုံ နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသောကြောင့်ပင်။ ဖက်ဒရယ်ကို ဦးတည်ပြီး
၂၀၀၈ ဖွဲ့ စည်းပုံနှင့် ဖေါ်ဆောင်မည် ဟူသည်မှာ နိဗ္ဗာန်ကို မြှော်မှန်းပြီး
ငရဲပြည်ကို ဖြတ်သန်းခိုင်းခြင်း ပင် ဖြစ်သည်။ ငရဲတွင်းမှာသာ ဘ၀ဆုံးဘို့ ရှိသည်။
၂၀၁၁ ခုနှစ်မှ စ၍ လေးနှစ်တာဖြတ်သန်းခဲ့ရာတွင်
စစ်ခေါင်းဆောင် ဟောင်းသစ်များ၊ ၄င်းတို့ ၏စီးပွားရေး ခရိုနီများ နှင့် နိုင်ငံရေးလက်ဝေခံ အုပ်စုများသာ
အခွင့်ထူးခံစားခဲ့ရပြီး လူထု အများစုကြီးမှာ ရုပ်ရော စိတ်ပါ ဆင်းရဲ သည်ထက်
ဆင်းရဲလာကြ ရသည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ
အသစ်တခု ရေးဆွဲအတည်ပြု၊ ယင်းကို ဗဟိုပြုသည့် ဥပဒေဘောင် Legal Framework အသစ်တခုကိုတည်ဆောက်၊ တိုင်းပြည် အဆောက်အအုံ State Institutions များကို
ပြုပြင်ပြောင်းလဲ ဖွဲ့ စည်းနိုင်မှသာ စစ်မှန်သည့် ငြိမ်းချမ်းမှု ရနိုင်ပါမည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု ကြွေးကြော်နေသူမှန်သမျှအနေဖြင့် ဤနိုင်ငံရေးလမ်းကြောင်း ကို ထောက်ခံ ပံ့ပိုး လက်တွဲ လျှောက်လှမ်းရုံမှ တပါးအခြားမရှိနိုင်တော့ပါ။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ များ ဘာကြောင့် လက်မှတ် မထိုးဖြစ်ကြသေးသလဲ ဟု စောဒက မတက်သင့်ကြတော့။ ဤလမ်းကြောင်းမျှကို ပင် လျှောက် လှမ်းရန် အာမခံချက်မရလျှင် “နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပေးပါမည်။” ဟူ၍ ခလေးမုန့် ပေးချော့သလို မြူဆွယ်ရုံမျှ ဖြင့် တနိုင်ငံလုံးအပစ်ရပ် စာချုပ်ကြီးကို လက်မှတ်ထိုးကြလိမ့်မည်ဟု မမြှော်မှန်းနိုင်။ ဤသည်မှာ အမှန်တရား ဖြစ်လာ သည်။ ဤအမှန်တရားကို မြင်နိုင်ရန်မှာ နိုင်ငံရေး တိမ်သလ္လာ ကင်းဘို့ လိုသည်။ မျက်စိတွင် တိမ်ကွယ်နေလျှင် အမှန်ကို မည်သည့်အခါတွင်မျှ မြင်နိုင်ဘွယ်မရှိ။ ပထမ တိမ်သလ္လာမှာ စစ်အစိုးရ၏ ကြိမ်းမောင်း၊ ခြိမ်းခြောက်၊ ကြွားဝါ မှုများကို ယုံလွယ်နေကြခြင်းဖြစ်သည်။ “ကိုးကန့် ကို သုံးရက်အတွင်း အပြတ်ချေမှုန်းခဲ့ပြီးပြီ။” ဟူ၍ စစ်အစိုးရက ကမ္ဘာ သိ ဖေါ်ထုတ်ကာ အယုံသွင်းခဲ့သည်။ ဖြဲခြောက် ပြခဲ့သည်။ အဆိုပါ ကိုးကန့် အဖွဲ့ သည် ပြန်ထောင်လာခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း စစ်အစိုးရတပ်၏ တပ်ရင်းတရင်းလုံးမျှ ထိခိုက်ကျဆုံးအောင်ပြန်တိုက် ပြခဲ့သည်။ ၀မ်းသာ၍ ပြောခြင်းမဟုတ်။ စစ်အာဏာရှင်များက ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နိုင်ငံရေး အိုးမဲသုတ် တိုက်ခိုင်းခြင်းကြောင့် ကျဆုံးသွားခဲ့ရသူများအတွက် မည်သူမျှဝမ်းသာနိုင်မည် မဟုတ်။ ပြည်တွင်းစစ်ပြသနာအပေါ် စစ်အစိုးရက စစ်ရေးသက်သက်ဖြင့် ချဉ်းကပ်နေသမျှ မည်သည့်အခါတွင်မျှ အောင်မြင်နိုင်ဘွယ်မရှိကြောင်း ထောက်ပြ လို၍ ဖြစ်သည်။
ဒုတိယ တိမ်သလ္လာ မှာ နိုင်ငံရေးအခွင့်အရေး ပေးသယောင်ပြုသော်လည်း ဥပဒေအရအာမခံချက် ကင်းမဲ့ သည့် လှည့်ဖြားမှုကို ယုံလွယ်ခဲ့ခြင်း ဖြစ်သည်။ တအမ်းပလောင် လွတ်မြောက်ရေးအဖွဲ့ ၏ သာဓက မှာ အမြင်လွယ် ဆုံး ဖြစ်သည်။ ၂၀၀၅ ခုနှစ် ဧပြီလ အတွင်းက တဖွဲ့ လုံးကို လက်နက်ချအောင်လုပ်ခဲ့ပြီး လက်နက်ချပွဲအခန်းအနားသို
့ ထိုစဉ်က ဒုတိယ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ဦးသိန်းစိန် ကိုယ်တိုင် အောင်ပွဲခံတက်ရောက်ကာ
ငြိမ်းချမ်းရေး မိန့် ခွန်းခြွေခဲ့ သည်။ သို့ ရာတွင် မည်သည့် တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မျှမရကြောင်းပြန်မြင်လာသောအခါ
ယင်းအဖွဲ့ သည် လက်နက်ကိုင်တပ် ပြန်လည်တည်ထောင်နိုင်ရုံသာမက ထိထိရောက်ရောက် ပြန်တိုက်နိုင်သည့်အဖွဲ
့ဖြစ်လာသည်။ တတိယ တိမ်သလ္လာ မှာ မဟာလူမျိုးကြီးဝါဒ ဖြစ်သည်။ စစ်အာဏာရှင် အဆက်ဆက်က သွတ်သွင်းပေး
ခဲ့ သော မဟာလူမျိုးကြီးဝါဒ ကို မသိမသာသော်လည်းကောင်း၊ သိသိသာသာ သော်လည်းကောင်း
လက်ခံထားသမျှ ကာလပတ်လုံး တန်းတူရေးကိုလက်တွေ့ အရကျင့်သုံးနိုင်ဘွယ်မရှိ။
မြန်မာလူမျိုးကလည်း ပြည်နယ်တခုအဖြစ် လက်ခံ ရယူပြီး အခြားမြန်မာမဟုတ်သည့်
တိုင်းရင်းသားများနှင့် တန်းတူစွာ အမျိုးသားပြည်နယ်၊ အမျိုးသားများ ပြည်နယ်များ
ဖြင့် ဖွဲ့ စည်းထားသည့် ပြည်ထောင်စု တည်ဆောက်သွားမည် ဟူသည်ကို
ခြောက်အိပ်မက်သဘွယ်မှတ်ယူနိုင်သည်။ ယင်းသို့ ဖြစ်နေသမျှ ပြည်တွင်းငြိမ်းချမ်းရေး
မရနိုင်။ စတုတ္ထ တိမ်သလ္လာ မှာ ကိုယ်လိုခြင်သည့် ပုဂ္ဂိုလ်စွဲကို ဆွဲထုတ်ကျင့်သုံးပြီး ကိုယ်မလိုခြင်သည့် တန်ဘိုးကို ပစ်ပယ်ထားခြင်း ဖြစ်သည်။ “ဖေဖေတည်ထောင်ထားသည့် တပ်မတော်ကြီး” ဟူသည်မှာ မိမိနှင့် ပုဂ္ဂိုလ်ရေး အရ ဆက်စပ်မှုကို ရှေ့ တန်းတင်ဖေါ်ထုတ်ပြီး မြန်မာစစ်တပ်၏ လုပ်ရပ်မှန်သမျှကို မှားမှားမှန်မှန် ပြည်ဖုံးကားချထား၊ ၀ိုင်းဝန်းဖုံးကွယ်ပေးထား၊ မတရားဖိနှိပ်မှု မှန်သမျှကို ဆက်ပြုခွင့်ပေးထားခြင်း၊ မည်သို့ မျှအရေးယူဆောင်ရွက်ခြင်း မရှိဘဲ လျှစ်လျှူရှုထားခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားပြည်နယ်များ၏ ခွဲထွက်ခွင့်ကို အသိ အမှတ်ပြုခဲ့သည်။ ဤသည်မှာတန်ဘိုးဖြစ်သည်။ “၁၀ နှစ် နေလို့ မှ ခွဲမထွက်ခြင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ ဗမာတွေ ညံ့လို့ ပေါ့ ” ဟူ၍ အတိ အလင်း ပြောသွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း နှစ်ရာပြည့်ကျင်းပနေသည့် မည်သည့်အခမ်းအနားတွင်မျှ ဤတန်ဘိုးကို ဖေါ်ထုတ်ခြင်း မပြုကြ။ ခွဲထွက်ရန် အားပေးလိုခြင်းမဟုတ်။ တိုင်းရင်း သားပြည်နယ်များတွင် ခွဲထွက်ခွင့်ပါဝင်သည့် နိုင်ငံရေးအခွင့်အရေးရှိကြောင်းကို နားလည်လက်ခံမှသာ အမျိုးသား ပြည်နယ်များဖြင့်သာ ဖွဲ့ စည်းသည့် ဖက်ဒရယ် ပြည်ထောင်စုပေါ်လာပြီး တန်းတူရေးကို လက်တွေ့ ဖေါ်ဆောင်နိုင်မည် ဖြစ်သောကြောင့်ပင်။ ပဉ္စမ တိမ်သလ္လာ မှာ အရာကိစ္စများ၏ ဆက်စပ်မှုကို မမြင်ခြင်း၊ မြင်အောင်မကြည့်ခြင်း၊ မြင်သော်လည်း မမြင်ယောင်ပြုနေခြင်း ဖြစ်သည်။ မဖြစ်သင့် တဲ့ ပြည်တွင်းစစ်ကြီးကိုဖန်တည်း၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး တိုင်းပြည်ဘဏ္ဍာငွေများကို စစ်အစိုးရနှင့် မြန်မာ့
တပ်မတော်က ထင်သလို သုံးနေ ကြသဖြင့် ပညာရေးအသုံး စားရိပ် ကျဆင်း၊ လူငယ်များ၏ ပညာရေးကိုထိခိုက်
နေရကြောင်းဖြင့် ဆန္ဒပြကျောင်းသားခေါင်းဆောင်များက စတင်ထောက် ပြနေကြပြီဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ
့အစည်းများက မကြား၍လား မသိ။ အတွေ့ အကြုံ ရင့်နေပြီ ဖြစ်ကြသဖြင့် မြင်အောင် မကြည့်ခြင်းတော့
မဖြစ်နိုင်၊ မမြင်ယောင်ဆောင်နေခြင်းလား မပြောတတ်။ စစ်အစိုးရ ပြဌာန်း လိုက်သည့် အမျိုးသား
ပညာရေးဥပဒေတွင် တင်းကြပ်သည့် ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးထားကြောင်းထင်ရှား သည်။
သို့ ဖြစ်လျှင် ပညာရေး အရ အမျိုးသားပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံခွင့်ကို
ထိခိုက်မည် ဟူသည်မှာ ဗေဒင် မေးရန်ပင်မလို။ သို့ ရာတွင် ကျောင်းသားများ၏ ပညာရေးလှုပ်ရှားမှုမှာ
ပြည်နယ်များနှင့် မဆိုင်သကဲ့သို့ ပင် ငြိမ်သက် နေကြသည်။
အာဏာကို ဆည်းကပ်သည့် မူကိုသာ အဓိက ကိုင်စွဲထားပြီး လူထုတိုက်ပွဲကို
အားမပြုလိုသောအခါ ပဉ္စမ တိမ်သလ္လာ ဖုံးလွှမ်းမှုမှာ အမှောင်တိုက်ကဲ့သို့ ပင်ဖြစ်သွားတော့သည်။ လူထုတိုက်ပွဲဖြစ်လာနိုင်သည့် ကျောင်းသားများ ၏ ပညာရေးတောင်းဆိုမှုကို မှန်ကန်စွာ ထောက်ခံအားပေး အတူရပ်ခဲ့သည့် ဒေါက်တာသိန်းလွင်အား ပါတီခေါင်း ဆောင်မှု နေရာမှပင် ဖယ်ရှားပစ်ခဲ့သည်မှာ အံသြဘွယ်ရာပင်။ ဘက်နှစ်ဘက်လုံးက အင်ပြည့် အားပြည့်ထောက်ခံမှု မရသည်ကို အခွင့်ကောင်းယူပြီး စစ်အစိုးရက အကြမ်းဘက်သည့် နည်းလမ်း များကို ကျင့်သုံးဖိနှိပ်သဖြင့် ကျောင်း သားထု၏ ပညာရေးလှုပ်ရှားမှု ကျဆုံးသွားမည်ဆိုလျှင် ငြိမ်းချမ်းမှုအတွက်လည်း အားမဖြစ်စေနိုင်ပါ။ အထက်ပါ တိမ်သလ္လာ ငါးခုကို ပယ်ရှားပြီး အမှန်တရားပေါ် ရဲရဲရပ်တည်ကာ ဆက်စပ် စုပေါင်းကြိုးပမ်း နိုင်လျှင် စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်ရပ်တည်သည့် လူထုကြီး နှင့် လူထုအသင်းအဖွဲ့ များအတွင်းတွင်လည်း ကောင်း တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်း များ အတွင်းတွင်လည်းကောင်း ယုံကြည်မှု တည်ဆောက်နိုင်လာကြပါမည်။ စစ်အာဏာရှင်စနစ်သည် မကြေပျက် နိုင်သည့် သံမဏိတုံးကြီးမဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် စပ်လျှဉ်းပြီး တိုင်းရင်းသားအင်အားစုများအပေါ်အပြစ်ဖို့ သည့် အနေဖြင့် လွှဲချမှု၊ ကာချုပ်မင်းအောင်လှိုင် ပြုသွားခြင်းမျိုးကို အတုမယူသင့်ပါ။ ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပေါင်းစုံလူထုများ၊ လူထု အသင်းအဖွဲ့ များလက်ထဲတွင် ရှိသည်အမှန်ပင်။ စစ်အာဏာရှင်တစုက မပေးလည်း ရအောင်ကို ယူကြမည်ဟု ခိုင်ခိုင်မာမာ ပိုင်းဖြတ်ကြရုံသာ လိုပါသည်။ နေပြည်တော်တွင် ပြည်ထောင်စုနေ့ ညစာစားပွဲ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၁၃ ဖွဲ့ တက်ခဲ့
သော်လည်း စစ်အစိုးရလိုလားသည့် သဘောတူညီချက်ဟူသည်ကို ၄ ဖွဲ့ သာ လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
စင်စစ်အားဖြင့် နှစ်ဖွဲ့ မျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကရင်သုံးဖွဲ့ မှာ မူလကေအင်ယူ
တဖွဲ့ တည်းမျှသာ ဖြစ်သောကြောင့်ပင်။ ကျန်သည့် အဖွဲ့ အများစုကြီးမှာ
ကြွေးသည့်ညစာကို စားကာ မည်သည့်လက်မှတ် မျှ မထိုးဘဲ ခပ်တည်တည် ပြန်လာကြသည်။ ဤသည်ကို
ကြည့်ရုံမျှနှင့် စစ်အစိုးရသည် မိမိ၏ နိုင်ငံရေးအားကို ချိန်ဆသင့်
သည်။ နိုင်ငံရေးအရ ဟိုလှည့် သည်လှည့် လုပ်နေမှုများ၊ ဟိုဟိုသည်သည်လိုက် ပြသနာရှာက
စစ်ရေးစွမ်းရည်ပြရန် ကြိုးစားခြင်းဖြင့် မိမိအောက်ခြေတပ်သားများအား မလိုအပ်ဘဲ
သေတွင်းသို့ ပို့ နေမှုများအား ရပ်တန်းကရပ်သင့်သည်။ ထို့ နောက်
သည်။ နိုင်ငံရေးအရ ဟိုလှည့် သည်လှည့် လုပ်နေမှုများ၊ ဟိုဟိုသည်သည်လိုက် ပြသနာရှာက
စစ်ရေးစွမ်းရည်ပြရန် ကြိုးစားခြင်းဖြင့် မိမိအောက်ခြေတပ်သားများအား မလိုအပ်ဘဲ
သေတွင်းသို့ ပို့ နေမှုများအား ရပ်တန်းကရပ်သင့်သည်။ ထို့ နောက်
သည်။ နိုင်ငံရေးအရ ဟိုလှည့် သည်လှည့် လုပ်နေမှုများ၊ ဟိုဟိုသည်သည်လိုက် ပြသနာရှာက
စစ်ရေးစွမ်းရည်ပြရန် ကြိုးစားခြင်းဖြင့် မိမိအောက်ခြေတပ်သားများအား မလိုအပ်ဘဲ
သေတွင်းသို့ ပို့ နေမှုများအား ရပ်တန်းကရပ်သင့်သည်။ ထို့ နောက်
သည်။ နိုင်ငံရေးအရ ဟိုလှည့် သည်လှည့် လုပ်နေမှုများ၊ ဟိုဟိုသည်သည်လိုက် ပြသနာရှာက
စစ်ရေးစွမ်းရည်ပြရန် ကြိုးစားခြင်းဖြင့် မိမိအောက်ခြေတပ်သားများအား မလိုအပ်ဘဲ
သေတွင်းသို့ ပို့ နေမှုများအား ရပ်တန်းကရပ်သင့်သည်။ ထို့ နောက် စစ်မှန်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်များကျလာအောင် ပူးပေါင်းဆောင်ရွက်ကာ ငြိမ်းချမ်းသည့် နည်းလမ်းသက်သက်ဖြင့်သာ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်မှုကို ရှေ့ ရှုသင့်သည်။ ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်
[i] Interim
Constitution of South Africa
[ii] Transitional
provisions
[iii] The parties to the Multi-Party Negotiating Process (MPNP)
proceeded to draft the Interim
Constitution of 1993, which was formally enacted by Parliament and came into force on 27 April 1994.[iv] National
Accord and Reconciliation Act (2008)
[v] “Hillsborough
Agreement”[vi] African
National Congress (ANC)[vii] Apertheid
[viii] http://burmese.voanews.com/content/weekly-current-affairs-analysis/2639850.html[ix] http://burmese.voanews.com/content/weekly-current-affairs-analysis/2639850.html[x] စာရေးသူအနေဖြင့်မူ “မြန်မာ” ဟူသော ဝေါဟာရကို လူမျိုးတမျိုး၏ အမည်အဖြစ်ဖြင့်သာ လက်ခံသည်။ ဤသည်ကို သဘောတူပါက “ဗမာပြည်နယ်” အစား “မြန်မာပြည်နယ်” ဟူ၍သာ ခေါ်ဝေါ်သင့်သည်။
No comments:
Post a Comment