Monday, August 17, 2009

ပြည်တော်ပြန် ဂျွန်ယက်တော ယနေ့ ဘန်ကောက်ရောက်မည်

Sunday, 16 August 2009 18:50 ဉာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်းသို့ ရေကူးဝင်ရောက်ခဲ့သည့်အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ မစ္စတာ ယက်တောကို စစ်အစိုးရက အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် သဘောတူညီချက်အရ ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယခုလ (၁၅) ရက် စနေနေ့ နံနက် (၁၁) ကျော်တွင် နေပြည်တော်၌ တွေ့ဆုံပြီးနောက် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
မစ္စတာ ဂျွန်ယက်တော (Photo: AP)

မစ္စတာ ဂျွန်ယက်တော (Photo: AP)
ဂျွန်ယက်တောအား ယခုလ (၁၁) ရက်နေ့က အင်းစိန်အထူးတရားရုံးမှ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ တားမြစ်ဧရိယာအတွင်း ၀င်ရောက်ခဲ့သည့် ဥပဒေများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။

မစ္စတာ ဂျွန်ယက်တောအား စစ်ဘက်လေယာဉ်ဖြင့် ယနေ့အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပြန်လည်ပို့ဆောင်ရန်ရှိသည်ဟု ယနေ့ နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အမေရိကန်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အရှေ့အရှနှင့် ပစိပိတ်ရေးရာ ဆပ်ကော်မတီဥက္ကဌသည် အာရှ ၅ နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့က ရောက်ရှိခဲ့ပြီး စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် အဆိုပါနေ့ ညနေ (၄) နာရီခွဲတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ပါဝင်သော စစ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသည့်အပြင် မွန်းလွဲ (၂) နာရီတွင် အခြေဥပဒေရေးဆွဲရေးကော်မရှင်နှင့် ကော်မရှင်ရုံးခန်းတွင်လည်းကောင်း၊ ညနေ (၃) နာရီတွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)