Friday, July 3, 2009

ကရင်အမျိုးသားများနေထိုင်ရာဒေသများ

ကရင်အမျိုးသားများ၏ နေထိုင်ရာဒေသများကို ကရင်အမျိုးသားအနေနှင့်အရပ်မျက်နှာပေါ်
မူတည်ပြီးခေါ်ဝေါ်သုံးစွဲကြပါသည်၊၊ အရပ်မျက်နှာလိုက်၍ တောင်ဘက်ဒေသများနှင့် မြောက်ဘက်
ဒေသများဟူ၍ပိုင်းခြား၍၎င်း၊ တဖန် တောင်ဘက်ဒေသများကို ရှေ့ နှင့်အနောက်ထပ်မံပိုင်းခြား၍
၎င်း၊သုံးစွဲကြပါသည် ၊၊

ဥပမာ-

(က) တောင်ငူနှင့်မော်ချီးကားလမ်း၊ တောင်ဘက်တွင်နေထိုင်ကြသောပိုးကရင်၊စကောကရင်နှင့်ပကူးကရင်များကို တောင်ပိုင်းဒေသတွင်နေထိုင်ကြသူများ ၊၊
(ခ) တောင်ငူနှင့်မော်ချီးကားလမ်းမြောက်ဘက်တွင် နေထိုင်ကြသော ဘွဲ့ နှင့်ပလခီးကရင်များကို
မြောက်ပိုင်းတွင်နေထိုင်ကြသူများ ၊၊
(ဂ) စစ်တောင်းမြစ်အရှေ့ ဖားအံ၊ ကော့ကရိတ်၊ ဖာပွန်၊ သထုံမော်လမြိုင်၊ တောင်ငူ၊ ရွှေကျင်၊
ကျောက်ကြီး၊ထန်းတပင်မြို့နယ်များတွင်နေထိုင်ကြသော ကရင်အမျိုးသားများကိုအရှေ့ 
ပိုင်းဒေသတွင် နေထိုင်ကြသူများ……
(ဃ) စစ်တောင်းမြစ်အနောက်ဘက်နှင့်မြစ်ဝကျွန်းပေါ်ဒေသများတွင်နေထိုင်ကြသောကရင်အမျိုး
သားကိုအနောက်ပိုင်းဒေတွင်နေထိုင်ကြသူများဟူ၍ဖြစ်ပါသည် ၊၊
ကရင်အမျိုးသားများ၏နေထိုင်ရာဒေသများမှာ တိုင်းနှင့်ပြည်နယ်အလိုက်ဖေါ်ပြပါ
ကအောက်ပါအတိုင်းဖြစ်ပါသည် ၊၊
(က) ဧရာဝတီတိုင်းတွင် ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင် ၊၊
(ခ) ရန်ကုန်တိုင်းတွင် ဟံသာဝတီခရိုင်၊ အင်းစိန်ခရိုင်၊
(ဂ) ပဲခူးတိုင်းတွင်၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊
(ဃ) တနသာင်္ရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊
(င) မွန်ပြည်နယ်တွင် ကျိုက္ခမီခရိုင်၊ သထံခရိုင်၊ တို့ ဖြစ်သည်။

ကရင့်အမိမြေမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)