Showing posts with label news. Show all posts
Showing posts with label news. Show all posts

Wednesday, November 11, 2015

ရွေးကောက်ပွဲနဲ့ KNU

ရွေးကောက်ပွဲနဲ့ KNU

ရွေးကောက်ပွဲနဲ့ KNUKNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုပဲ အဓိကထား ကြိုးစားနေဆဲကာလမို့ အခုအထွေထွေရွေးကောက်ပွဲမှာ လက်တွေ့ ပါဝင်နိုင်ခဲ့ခြင်းမရှိပေမဲ့ နောက်တက်မယ့်အစိုးရ၊ အာဏာရပါတီတို့နဲ့ ဆက်လက်ညှိုနှိုင်းပြီး ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ တွဲဘက်အတွင်းရေးမှုး ဖဒိုမန်းမန်းက ပြောပါတယ်။ဗွီအိုအေ ဦးသန်းလွင်ထွန်းက Skype ကနေတဆင့်ဆက်သွယ်မေးမြန်းထားပါတယ်။

Posted by VOA Burmese Fan Page on Tuesday, November 10, 2015

Tuesday, July 21, 2015

ဇေကမ္ဘာကုမ္ပဏီနှင့် ဆင်ဖုန်ရွာဖျက်သိမ်းမှု (ရုပ်/သံ)

13 June 2015 ရန်ကုန်မြို့ ရွှေပေါက္ကံမြို့နယ်အတွင်းက အိမ်ခြေ ၈ဝ နီးပါးရှိတဲ့ ဆင်ဖုန်ရွာကို ဇွန်လ ၁၂ ရက်နေ့ မနက် ၅ နာရီ လောက်မှာ လူအင်အား ၂ ရာလောက်က အင်အားသုံး ဖျက်ဆီးခဲ့ပါတယ်။ ဆင်ဖုန်ရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာလောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။

(၄၃၆) ပြင်ဆင်ရေးဆန္ဒပြပွဲ-ချောက်မြို့ (ရုပ်/သံ)

11 July 2015 ရွေးကောက်ပွဲ တရားမျှတရေးနဲ့ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် မကွေးတိုင်း ချောက်မြို့မှာ ကျောင်းသားတွေဦးဆောင်ပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက်ကိုဇော်တူးက ချောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

Wednesday, March 18, 2015

ဗိုလ်မှူး ရန်နိုင်နဲ့ KTV အင်တာဗျူး

Sunday, February 22, 2015

ဦးမောင်မောင်အေး မိန့်ခွန်း

JACDB ကိုယ်စားပြု ဦးမောင်မောင်အေးမှ ကရင့်အမျိုးသား နေ့ကြီးရက်ကြီးများဖြစ်သော ၆၈ ကြိမ်မြောက် KNU Day, 67 ကြိမ်မြောက် ကရင်အမျိုးသားနေ့, ၆၆ ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပြောကြားသွားသော မိန့်ခွန်း။

အမေရိကန်ပြည်ထောင်စု၊မီနီဆိုးတားပြည်နယ်၊စိန်ပေါမြို့တွင်ကျင်းပသည့် (၆ရ) ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင်ပြောကြးသော မန်းရောဘတ် ဘဇန် မိန့်ခွန်း။


(ဖေဖ၀ါရီလ-၁၁ ရက်၊၂၀၁၅)

ချစ်ကြည်လေးစားအပ်တဲ့၊ မြင့်မြတ်တဲ့ ကရင်အမျိုးသမီး-အမျိုးသားများခင်ဗျား-
        ဒီ (၆ရ)ကြိမ်မြောက် ကရင်အမျိုးသားနေ့မှာ စကားပြောခွင့်ပေးတဲ့ ကရင်ကွန်
မြူနီတီ မီနီဆိုးတားရဲ့ခေါင်းဆောင်းများကို ကျေးဇူးတင်ပါတယ်။ တဆက်ထဲ ဒီအမျိုး
သားနေု့ကျင်းပနိုင်ဘို့ ကြိုးစားလုပ်ဆောင်ကြတဲ့ (KCM) အဖွဲ့ဝင်ရဲဘော်-ရဲမေများကို
 ထပ်မံကျေးဇူးတင်ပါတယ်။

Thursday, February 19, 2015

ကိုးကန့်ဒေသ အပေးအယူ နဲ့ အရှုပ်အထွေး


 18 February 2015 

ဒါလေးကို သုံးသပ်ကြည့်ကြပါအုံးဗျာ။ ဗမာအစိုးရ ဘယ်လောက်ညစ်ပတ်လဲဆိုတာ သိရလိမ့်မယ်။
 

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာတော့ ရှစ်လေးလုံးကာလ စစ်အစိုးရအနေနဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာဟာ နောင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို ထည့်မစဉ်းစားဘဲ ဆူလွယ်နပ်လွယ် သဘောမျိုး လုပ်ခဲ့တာလား၊ နိုင်ငံရေး ပြေလည်မှုမရှာဘဲ ဘာကြောင့် စစ်ရေး စီးပွားရေး အခွင့်အရေးတွေ ပုံအောပေးခဲ့ရသလဲဆိုတာကို ထိုစဉ်က စစ်ထောက်လှမ်းရေးအရာရှိ ဦးအောင်လင်းထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ထိုစဉ်က ဗကပတပ်မှူး ဦးဖုန်ကျားရှင်နဲ့ စတင် ဆက်သွယ်ဖြစ်ခဲ့ပုံကို ဦးအောင်လင်းထွဋ် ကအခုလိုစပြောပါတယ်။

Monday, December 1, 2014

“၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်”



MPC, ငြိမ်းချမ်းရေး လုပ်ငန်းစဉ်, ဦးလှမောင်ရွှေ
MPC အကြံပေး ဦးလှမောင်ရွှေ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

Friday, November 21, 2014

သမ္မတ ဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်း (အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီ)

20 November 2014 

မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော်၊ သမ္မတအိမ်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်းပါတယ်။ နိုဝင်ဘာ ၂၀၊ ၂၀၁၄။

Tuesday, November 18, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး NLD နဲ့ စစ်တပ်အမတ်တွေ လွှတ်တော်မှာ ထိပ်တိုက်တွေ့ပြီ

အောင်လှိုင်မင်းတို့ကတော်တယ်နော်။ စောရီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည် , အခြေခံဥပဒေ ပြင်ဆင်ရေး , တပ်မတော်, ပုဒ်မ ၅၉ (စ) , ပုဒ်မ ၄၃၆ , အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, NLD , စစ်တပ်
ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် အောက်တိုဘာလ ၃၁ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – သမ္မတရုံး)

Monday, November 17, 2014

အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ

အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ

လူငယ်များ၏ မေးခွန်းများကို ဖြေကြားပေးနေသော အိုဘားမား၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

Tuesday, October 21, 2014

ငြိမ်းချမ်းရေး ... ဈေးကြီးသလား ...



(Myanmar Times)

ကေအန်ယူက ယူအန်အက်ဖ်စီနှင့် ဆက်လက်တွဲပါ – မန်းအော်လန်ဒို


20.10.2014
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ပူးပေါင်းရပ်တည်ဖို့ သြစတြေးလျအခြေစိုက် နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (အိုင်ကေအို) က တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ယူအန်အက်ဖ်စီ ညီလာခံကနေ ကေအန်ယူကိုယ်စားလှယ်အဖွဲ့ ထွက်ခွာခဲ့ပြီး အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားတာပါ။ လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့ကျရင်တော့ ကေအန်ယူခေါင်းဆောင်တွေအစည်းအဝေးမှာ ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီမှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိသင့်၊ မရှိသင့် ဆွေးနွေးပြီး ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

Sunday, October 19, 2014

KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း

 
 
Saturday, 18 October 2014 
ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သည့် ကော်သူးလေတပ်မတော် (Kawthoolei Armed Forces – KAF) ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ကြေညာချက်ကြောင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် တစ်ဖွဲ့ချင်းစီအကြား ခွဲရေးတွဲရေး စိုးရိမ်ချက်များအပြင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်များအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာများနှင့် ပတ်သက်၍ မေးခွန်းများ ရှိလာသည်။ ယင်းနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကို ကိုယ်စားပြုသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယအဖွဲ့ ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် The Voice တို့ တွေ့ဆုံ မေးမြန်းထားသည်များမှ ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice- ကေအေအက်ဖ် ဖွဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟုတ်တယ်။ မဟုတ်ဘူး အမျိုးမျိုး ပြောနေကြတာနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တစ်ဦး အနေနဲ့ ရှင်းပြစေချင်ပါတယ်။

Friday, October 17, 2014

ကော်သူးလေ တပ်မတော် KAF အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို

17 October 2014 


Written by  ချမ်းစွန်း
ရွှေဟင်္သာသတင်းဌာန


ကရင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သော ကော်သူးလေ တပ်မတော် ( Kawthoolei Armed Force – KAF) အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပေါင်းစည်း ခဲ့မှုကို ကရင် လူထု များနှင့် အရပ်ဖက် ကရင် လူမှု အဖွဲ့အစည်း များက လိုလားကြောင်း ၎င်းတို့၏ ပြောကြားချက် များအရ သိရှိ ရသည်။

“ကရင် တပ်များ ပေါင်းစည်းရေး၊ပါတီ ပေါင်းစည်း ရေးကိုလွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကရင် လက်နက်ကိုင် တပ်များ ပြည်လည် ပေါင်းစည်းရေး ကော်မီတီက အကောင် အထည် ဖော်ဖို့ ကြိုးပမ်း ခဲ့တာ ကြာပြီ၊ အခုမှ အကောင် အထည် ပေါ်ခဲ့ တာပါ” ဟု ကရင် အမျိုးသမီး ဖွံဖြိုး တိုးတက်ရေး အဖွဲ့မှနော်ဇူဇန်နာ လှလှစိုးကပြောသည်။

KAF နဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ

KNU-DKBA
KNU-DKBA

Friday, October 10, 2014

ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေါ်ပေါက်ရေး ဆန္ဒပြမှု

ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေါ်ပေါက်ရေး အလျှင်အမြန် အလိုရှိကြောင်း
ယနေ့ မနက် ၉ နာရီ ရန်ကုန်ဆူးလေ မြို့တော်ခန်းမရှေ့တွင် ပြည်သူ့ကိုယ်စားပြု အင်အားစုများ ဆန္ဒပြစဉ်။......၀င်းကို(၁၀-၁၀-၂၀၁၄)

Saturday, October 4, 2014

IS အစ္စလာမ်မစ် စစ်သွေးကြွ သြစတြေးလျ ချေမှုန်းမည်

 

 

အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်း စစ်ဆင်။

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)