နော်အုန်းလှ နှင့် အမျိုးသမီးတက်ကြွလှုပ်ရှားသူများအား
ချက်ချင်းလွှတ်ပေးရန်နှင့်
မြန်မာနိုင်ငံတစ်ဝှမ်း
အမျိုးသမီးတက်ကြွလှုပ်ရှားသူများအပေါ်
တရားရေးဆိုင်ရာနှောက်ယှက်မှုများ
ရပ်တန့်ပေးရန်
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်မှတောင်းဆိုခြင်း
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်,
စက်တင်ဘာလ (၁) ရက်နေ့  ၂၀၁၃ ခုနှစ်။
၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က
စစ်ကိုင်းတိုင်းမုံရွာမြို့တွင်
လက်ပံတောင်းကြေးနီစီမံကိန်းအား
ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော် ထုတ်မှုအပြီး ဖမ်းဆီးခံခဲ့ရသော နော်အုန်းလှအပါအ၀င် အခြားအမျိုးသမီးကိုးဦးအား
ချက်ချင်း လွှတ်ပေးရန် အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက်
(Women’s Initiative Network for Peace , WIN-Peace) က
တောင်းဆိုပါသည်။ ထို့ပြင်အမျိုးသမီးအဖွဲ့များကွန်ယက် (မြန်မာ) အဖွဲ့ဝင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Wimutti Volunteer Group ၏ ဦးဆောင်သူ ဒေါ်ခင်မိမိခိုင်၊ နှင့်
အမျိုးသမီးငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက် ၏အဖွဲ့ဝင်တစ်ခုဖြစ်သော Mettila Social Support Team မိတ္ထီလာလူမှုအကျိုးဆောင်ကွန်ယက် ဦးဆောင်သူ ဒေါ်မြင့်မြင့်အေးတို့အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်း အမျိုးသမီးများအပေါ် တရားရေးဆိုင်ရာအနှောက်အယှက်ပေးမှုများအား ရပ်တန့်ရန် တောင်းဆိုပါသည်။