Showing posts with label article. Show all posts
Showing posts with label article. Show all posts

Sunday, February 22, 2015

ငြိမ်းချမ်းရေး စစ်တမ်း (၁၁) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှင့် အမာစား ဥပဒေ ပေါ်နိုင်သည့် အလားအလာ။

                                                
            ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဦးတည်သည့် ဆွေးနွေးပွဲများအား နှစ်တချို့ ကြာမျှ ကျင်းပလာခဲ့ပြီးနောက် မည်သည့်အဖြေမျှထွက်မလာသောအခါ လူထုအများစုကြီးအနေဖြင့် အားမလို အားမရဖြစ်လာကြသည်။ ငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည့် ဝေါဟာရ သုံးခုအား ထပ်ခါ ထပ်ခါ ကြားလာရပြီးနောက် ရောယှက်လုံးထွေးသွားသောအခါ မည်သည်ကို မည်သို့ နားလည်ရ မည်မှန်းမသိတော့။ မည်သည်က အရင်လာ၊ မည်သည်က နောက်လာ သင့်သည်ကို ခွဲခြားရန် ခက်ခဲသွားတော့သည်။ အမှားကြာ အမှန်ထင်သလို ဖြစ်လာပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရုံမျှနှင့် ငြိမ်းချမ်းရေးကို မုချဦးတည် တော့မည်ကဲ့သို ထင်မှတ်လာကြသည်။

Thursday, February 19, 2015

ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ


February 18, 2015

 ==================================
ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး  (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြိမ်းချမ်းရေးအထူးဒေသ (၁) လို့ ၁၉၈၉ ခုကတည်းက နာမယ်ပေးထားတဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) က လက်မခံ လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖုံကျားရှင်းခေါင်းဆောင်တဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ကို အပြုတ်ချေမှုန်းခိုင်းခဲ့ပါ တယ်။

Wednesday, December 3, 2014

KNU အဓွန့်ရှည်ပါစေ

KNU အဓွန့်ရှည်ပါစေ
================
မိန်းမအိနြေ္ဒ ရွှေပေးလို့မရ။ နိုင်ငံရေးအိနြေ္ဒ ပါမစ်ပေးလို့ မရ။ အခု တိုင်းရင်းသားခေါင်းဆောင်အချို့နဲ့ အတိုက်အခံခေါင်းဆောင်အချို့ဟာ အိနြေ္ဒမဲ့များမဲ့နေကြသလားလို့ တွေးမိပါတယ်။ NCCT က KNU ကို ရရှိထားခြင်းမှာ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုလို ဖြစ်နေတယ်။ မင်းအောင်လှိုင်နဲ့ နှစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေး လုပ်ခွင့်ရနေတဲ့ KNU အနေနဲ့ သီးခြားအစီအစဉ် ရှိနေကြောင်း တွက်လို့ ရပါတယ်။ အဲဒီအစီအစဉ်ကို ပြောပြစရာတော့ မလိုပါဘူး။ KNU နဲ့ မြန်မာ့တပ်မတော်တို့ပဲ ဖြစ်အောင် လုပ်ကြပါလို့ အရင်တိုက်တွန်းလိုက်မယ်။

Saturday, November 22, 2014

တန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့ လိုတယ်

ကိုယ်ပိုင်ပြဌာန်းခွင့်ဟာတိုင်းရင်းသားအားလုံးကိုတန်းတူစေမဲ့ အကောင်းဆုံးစနစ်ဖြစ်တယ်။ ဒါကို အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးမှာလဲအတိအလင်းချမှတ်ပြဆိုတယ်။ စာပေယဉ်ကျေးမှူဘာသာစကားမှာတန်းတူခွင့်နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့ လိုတယ်. အဲလိုမှမရှိရင် နောက်နှစ်(၅၀)မတိုင်မီမှာ တိုင်းရင်းသားဘာသာစကားတွေအားလုံးမှေးမှိန်ပျောက်ကွယ်မယ်။အမှန်က ခုလဲသိတ်ပြိးအသုံးမ၀င်တာမို့ မှေးမှိန်နေပါပြီ။ စာပေတခုအသုံးဝင်ဖို့ ဆိုတာက အဲဒီဘာသာစာပေနဲ့ထုတ်ဝေထားတဲ့ပညာရပ်စာပေအမျိုးမျိုး၊ ရသစာပေအမျိုးမျိုး ရှိနေမှဖြစ်မယ်။

Saturday, November 8, 2014

စစ်တပိုင်းအစိုးရနဲ့အတူ ၄ နှစ်တာ ခရီးသွားပြီးတဲ့အခါ

8 November
၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်တပိုင်းအစိုးရတက်လာခြင်း
ဒီနေ့ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂၀၁၀ ကောက်ပွဲ ကျင်းပခဲ့တဲ့ ၄ နှစ်ပြည့်နေ့၊ တနည်းအားဖြင့် ယူနီဖောင်းဝတ် စစ်သားတွေ ၁၀၀% အုပ်ချုပ်ရေးကနေ ယူဖောင်းချွတ် စစ်သားတွေအဖြစ် အသွင်ပြောင်း အုပ်ချုပ်ခြင်း ၄ နှစ်ပြည့်နေ့ပါ။ ၁၉၈၈ မှာ အာဏာသိမ်း ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နအဖ ဥက္ကဌ ရာထူးကနေ တရားဝင် အနားယူပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်က သမ္မတ ဦးသိန်းစိန်အဖြစ် စတင် တာဝန်ယူ အုပ်ချုပ်မှု စတင်တဲ့ နေ့ဖြစ်ပါတယ်။


(၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီ သပိတ်မှောက်ခဲ့စဉ်က)

လူပေါင်း တသိန်းကျော်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်၊ လူအများစိတ်သောကရောက်နေချိန် မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ ဒီရွေးကောက်ပွဲကို အတိုက်ခံ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ၊ အခြားပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့က ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။ 

Thursday, November 6, 2014

ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ

November 6, 2014


ပန်းတနော် မန်းတင့် – ကရင်အမျိုးသားတွေကို ချစ်ရင် မှားတာကိုပြင် မှန်တာကို ဆက်လုပ်ကြပါ 
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၄

Sunday, October 19, 2014

KNU ကို လုပ်ကြံရန် ကြံစည်မှုကြီး (အပိုင်း-၁)



KNU ကို လုပ်ကြံရန် ကြံစည်မှုကြီး (အပိုင်း-၁)
ဖူးတာမူးရေးသည်
စာရေးသူသည် စာရေးခဲလှသည်။ ယခုအခါ KNU နှင့် ကရင့်တော်လှန်ရေး ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု များဖြစ်ပေါ်လာကာ မျိုးချစ်ကရင်လူထုတွင်သာမက အခြားညီအကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အတွင်း ဂယက်ရိုက်မှု ဖြစ်လာရသည့်အပေါ် တိတ်ဆိတ်ငြိမ်သက်၍ မနေနိုင်တော့သည့်အတွက် တာဝန်သိ မျိုး ချစ်တော်လှန်ရေးသမားတဦးအနေနဲ့ ယခုဆောင်းပါးကို စတင်ရေးသားခြင်းသာဖြစ်ကြောင်း အစီရင်ခံအပ်ပါ သည်။ ဤသို့ရေးရာတွင် မည်သည့်ကလောင်နာမည်ကို ရွေးရန် စဉ်းစားရာတွင် မိမိဆောင်းပါးသည် ကရင့် တော်လှန်ရေးနှင့် ကရင့်တမျိုးသားလုံးကို သေတွင်းသို့မပို့မူဘဲ အမျိုးသားရေးအရ၊ နိုင်ငံရေးအရ ကရင့်အနာ ဂါတ်ဆက်လက်ရှင်သန်၍ ကမ္ဘာဆုံးတိုင် ကရင်လူမျိုးအဖြစ် အများနည်းတူ တန်းတူအခွင့်အရေးနှင့် ရှင်သန် ရပ်တည်ရေးကို မျှော်မှန်း၍ “ဖူးတာမူး” ဟူသော ကလောင်နာမည်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။

Monday, October 13, 2014

ဦးသိန်းစိန်အစိုးရအား ပဒေသရာဇ် ဖက်ဆစ် နှင့် နယ်ချဲ့ အမွေစားအမွေခံ အုပ်စု သတ်မှတ်ခေါ်ဆိုရခြင်း အကြောင်း ရှင်းလင်းချက်(ဗဟုသုတ ကဏ္ဍ)

Agga Poechit
 
လေ့လာကြရအောင်....

ဦးသိန်းစိန်အစိုးရအား ပဒေသရာဇ် ဖက်ဆစ် နှင့် နယ်ချဲ့ အမွေစားအမွေခံ အုပ်စု သတ်မှတ်ခေါ်ဆိုရခြင်း အကြောင်း ရှင်းလင်းချက်(ဗဟုသုတ ကဏ္ဍ)
အထက်ပါဝေါဟာရအသုံးအနှုန်းများသည် လက်ဝဲလက်ယာနှင့်မဆိုင်သော Political formal term တရားဝင်နိုင်ငံရေးဝေါဟာရများဖြစ်သည်။ Oxford နှင့် Cambridge အဘိဓါန်များ တွင်လဲ ထိုကဲ့သို့ ပင်ဖေါ်ပြသည့်နည်းတူ နိုင်ငံတကာမီဒီယာ အသိုင်းအ၀န်းကလဲ တရားဝင်ဝေါဟာရများအဖြစ် သတ်မှတ်အသုံးပြုသည်။

Friday, October 3, 2014

ရုပ်ပြောင်းရုပ်လွှဲ အာဏာရှင်အသွင်သစ်ဖို့ ဘီလူးခေါင်းကြီး မိတ်ကပ်လိမ်းနေပြီ – လင်းထိုက် (Y.I.T)





အစိုးရရဲ့ လက်ရှိ အာရုံစိုက်မှုကို လေ့လာကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာဆက်လက် ကိုင်စွဲရေးကိုပဲ အပူတပြင်း အားကုန်ထုတ် ခေါင်းချင်း ရိုက်နေတာကိုပဲ တွေ့ရမှာ ဖြစ်ပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Thursday, October 2, 2014

IS စစ်သွေးကြွများက အီရတ်ကို ဂျုံစစ်ဆင်ရေးဆင်နွဲ



1 October 2014
ဆောင်းပါး၊ စက် ၃၀၊

ဆာလာပေါလစ်ဟာ အီရတ်နိုင်ငံထဲမှာ IS တွေသိမ်းပိုက်ထားတဲ့ မိုဆူမြို့ မှာ ဂျုံစိုက်ပျိုးသူပါ။ စက်တင်ဘာလဆန်း ပိုင်းမှာ IS ရန်ကိုကြောက်လို့  မိသားစုနဲ့ အတူ ထွက်ပြေးခဲ့ရပါတယ်။ အီရတ်မှာ နယ်မြေတွေတစ်ခုပြီးတစ်ခု သိမ်း ပိုက်နေတဲ့ IS ဟာ ဆာလာရဲ့ ဂျုံစိုက်ခင်းကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဂျုံစိုက်ခင်းကိုစွန့် ခွာထွက်ပြေးပြီး နှစ်ပါတ် ခန့် အကြာမှာတော့ IS ကနေ ဆာလာကိုဖုန်းဆက်ပါတယ်။

Wednesday, September 24, 2014

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား ...

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား ...

မန်းအိုင်ဖလုံး (မြစ်ဝကျွန်းပေါ်)

၂၀၁၄ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့ UNFC ကနေ KNU နှုတ်ထွက်ကြောင်းစာကို KNU ဥက္ကဌ စောမူတူးစေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်တွေအားလုံး စိတ်ထိခိုက်ကြရတယ်။

KNU ဆိုတာ ၁၉၄၇၊ ဖေဖော်ဝါရီ ၅ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ တစ်ခုတည်းသော ကရင်ရှေ့ဆောင်အဖွဲ့အစည်း၊ သက်တမ်း ၆၇နှစ်။ ကရင်ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့တာ ရာစုနှစ်ထက်ဝက်ကျော်ပြီး စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ခဲ့တဲ့သင်္ခန်းစာလည်း အများကြီးရှိခဲ့တယ်။ ဖဆပလဆို ၁၃နှစ်၊ မဆလဆို ၂၆နှစ်ပဲ ခံခဲ့တယ်။

Thursday, July 10, 2014

၂၀၁၅ အနိုင်ရရှိရေး ကြံ့ခိုင်ရေးပါတီ ခြေလှမ်းပြင်ပြီ

  July 9, 2014 | 

ဧရာဝတီသတင်း

ကြံ့ခိုင်ရေးပါတီ, NLD , ၂၀၁၅ ရွေးကောက်ပွဲ, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, ဒေါ်အောင်ဆန်းစုကြည်, ဦးရွှေမန်း , ဦးသိန်းစိန်
၂၀၁၂ ကြံ့ခိုင်ရေးညီလာခံမှ ခေါင်းဆောင်များ (ဓာတ်ပုံ – အောင်သက်ဝိုင်း / ဧရာဝတီ)

Monday, June 2, 2014

စစ်ပြယုဂ်နဲ့ အနာဂတ်မဲ့ သစ္စာအေးမြိုင်


စဖန်းရှောင်း
 ကေအိုင်စီ – KIC News

(ဇွန် ၁ရက်၊ ၂၀၁၄ခုနှစ်)

ကရင်ပြည်နယ်ရဲ့ မြို့တော် ဖားအံမြို့မြောက်ဘက်ကနေ ကားနဲ့ ၂နာရီကျော်ကြာ ခရီးရှိတဲ့ လှိုင်းဘွဲမြို့နယ် မအဲ့ကျေးရွာအုပ်စု၊ တောင်ဆုံးတောင်ခြေအောက်မှာရှိတဲ့ သစ္စာအေးမြိုင် စစ်မှုထမ်းဟောင်း အိမ်ရာလေး ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား အများစု ပါဝင်တဲ့ ယခင် ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းမိသားစုတွေ၊ စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေ သီးသန့်နေထိုင် ရာ နေရာလေးတစ်ခုဖြစ်တဲ့ ဒီကေဘီအေ စစ်မှုထမ်းဟောင်း အိမ်ရာလေးတစ်ခုပဲ ဖြစ်ပါတယ်။

Sunday, June 1, 2014

သိပါလေစ ဦးသိန်းစိန်


အောင်မျိုးထွန်း
(Aungmyo Tun ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။)

သမ္မတ ဗိုလ်သိန်းစိန် လေလှိုင်း/ကေဘယ်လိုင်းပေါ်က လစဉ် ထွက်ပြောနေကျ မိဘပြည်သူများ အစချီပြီး ဗုံမဟုတ်ပတ်မဟုတ် စကားတွေကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူတွေ စိတ်ဝင်စားမှု မပြကြပါဘူး။ အာဏာရှင် ဗိုလ်သန်းရွှေ ရေငုံနှုတ်ပိတ် ၀စီပိတ်သလောက် သူ့ တပည့်ကျော်ကြီး ဗိုလ်သိန်းစိန်ကတော့ ပျော့ပျော့လေးနဲ့ နံလှတဲ့ မိန့်ခွန်းတွေကို တလတခါ ပုံမှန်မှုတ်ထုတ်လေ့ရှိပြီး နိုင်ငံရေးသမား ဦးသိန်းစိန်ဘ၀ မရောက်ရောက်အောင် စစ်ဗိုလ်ချုပ်ကြီး အရေခွံကို အစွမ်းကုန် ကြိုးစားချွတ်နေရှာတယ်။ ဗမာပြည်သမိုင်းမှာ ထိပ်တန်းစစ်အာဏာရှင် အရာရှိကြီးတယောက်အဖြစ်က အထိုက်အလျောက် လူထုနှစ်ခြိုက်လက်ခံသူတဦးဖြစ်လာသူဟု ဗွေဆော်ဦး မှတ်တမ်းထိုးနိုင်အောင် အာဏာ၊ ငွေ၊ လုပ်ပိုင်ခွင့်တွေကို ကန့် လန့် ကာနောက်ကွယ်မှာ ပရောက်စီများခံပြီး ဗုံးပေါလအော ထုတ်သုံးသလို တဖက်မှာလည်း စည်းရုံးရေးအရ “ပြည်သူကို မဆန့် ကျင်သူ” အခေါ်ခံရအောင် နေ့ စဉ် အပတ်စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်ပြီး သူ့ အဖို့ ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်း အထာနပ်လာပုံရပါတယ်။

Friday, May 30, 2014

[JACDB] အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)

ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။
ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာ
ကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေး
ပါတီ ကိုကျွန်တော်ကြိုက်သည် ။ ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟု
နာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊
သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟု
ကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်
မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။
မေးခွန်းအနည်းငယ်ရှိသည် ။

Wednesday, May 28, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၆)


ဗမာပြည်နိုင်ငံရေးကို စိတ်ဝင်စားသူများအားလုံး ဖတ်ရှုလေ့လာသင့်သော ဆောင်းပါးတပုဒ်ဖြစ်ကြောင်း မှတ်ချက်ပေးလိုပါသည်။
xxxxxxxxxxx

ဖယ်ဒရယ်၏ အနှစ်သာရအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သော ပြည်ထောင်စုဟူသည်အား အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းရန်မြန်မာတပ်မတော်က လက်ခံ လိုက် ပြီ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် သတင်းများ ထွက်ပေါ်[1] လာသည်။ ယင်းကို သုံးသပ်ရန်လိုပါမည်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)