Saturday, July 4, 2009

တိုက်ပွဲအတွင်း ရွာသားများ ရှေ့ တန်းသို့  လိုက်ပါနေရ

ဇွန်လ ၈ရက်၊ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်။ ဖားအံခရိုင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ များက အနီးတဝိုက်မှ ရွာသားများ
အား ရှေ့ တန်းသို့ လိုက်ပါရန် လိမ်လည်ခေါ်ဆောင်ခဲ့သည်ဟု ဇွန်လ (၇)ရက်နေ့ က ကေအဲန်ယူ
နယ်မြေသို့  ထွက်ပြေးလွတ်မြောက်လာသူ ရွာသားတဦးက ပြောသည်။

သူက “မောင်ချစ်သူ ဦးစီးတဲ့အဖွဲ့ က ကျနော်တို့ ရွာသားတွေကို ဘုရားသွားတည်ဖို့  လိုက်ရ
မယ်ဆိုပြီး တရွာကို ရွာသားအယောက် ၂၀စီ ခေါ်တယ်။ တကယ်တမ်းကျတော့ ဘာဘုရားမှမတွေ့ 
ဘဲ လမ်းမှာတင် ကျနော်တို့ ကို လက်နက်ကျည်ဆံတွေ၊ ဗုံးဆန်တွေ ထမ်းခိုင်းတော့တာပဲ။ လူတ
ယောက်ကို ၂ပိသာလောက် အလေးချိန်ရှိတဲ့ ဗုံးသီး ၅လုံးစီနဲ့  ဆန်တွေ ဝိုင်းထမ်းလာခဲ့ရတယ်၊ ကျ
နော်တို့  ဒီကေဘီအေတပ်ဖွဲ့ နဲ့ လိုက်လာတာ ငါးရက် ရှိနေပေမဲ့ ထမင်းလည်းမဝ၊ မိုးရေထဲမှာ ငုတ်
တုတ်ထိုင်ပြီး အိပ်ရတယ်။ ထမ်းလည်း မထမ်းနိုင်တော့ဘူး၊ ဒါကြောင့် အပေါ့သွားမယ်ဆိုပြီး ထွက်
ပြေးလာ တာ”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ဒီကေဘီအေ (၉၉၉)မှ ဗိုလ်မှူးကြီးစောချစ်သူ ဦးစီးသည့်အဖွဲ့ သည် ပနွယ်ကလားရွာအပြင် လာ့နိုက်(ကွမ်ဘီ)နှင့် ကုက္ကိုကျေးရွာမှ ရွာသား များအားလည်း ဘုရားပြုပြင်ရေး။ ရာဘာခြံလုပ်အားပေးသွားရမည်ဟုဆိုကာ အဆိုပါရွာသုံးရွာမှ ရွာသားများအား တရွာလျှင် ၂၀ဦးစီ
တောင်းယူခဲ့ သော်လည်း ပနွယ်ကလားရွာသား ၁၈ဦး။ လာ့နိုက်ရွာသား ၂၀ဦးနှင့် ကုက္ကိုရွာသား
၁၀ဦးသာ လိုက်ပါခဲ့သည်ဟု အဆိုပါရွာသား စောဖာ့အန်ကု. ပြောပြချက်အရ သိရသည်။

ထိုသို့  လိုက်ပါရာတွင် ဒီကေဘီအေ တပ်ဗိုလ်။ တပ်မှူးများ အပါအဝင် တပ်ဖွဲ့ ဝင်ပေါင်း
၃၀ဝကျော်ခန့် ရှိပြီး ရှေ့ တန်းသို့ သွားရာလမ်းတွင် လက်နက်၊ ကျည်ဆံထမ်းရန် ခေါ်လာခဲ့သည့်
ရွာသားများက ၄င်းတို့ တပ်ဖွဲ့  အလယ်မှ လိုက်ပါခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့  နေ့ လည်ပိုင်းတွင် ထီးလယ့်ဒို၊ ခလယ်ဒေး၊ တာကရယ်ခီး၊ ဟိုဟဲထာ့၊
မဲ့တပူးထာ့၊ မဲ့တပူးခီး၊ ကွီးသောဟဲ၊ကွီး လော်ဖလိုးနှင့် ကလော့ကတီရွာများမှ တရွာလျှင် ရွာသား
၃ဦးစီကို နအဖတပ်ဖွဲ့ မှ ရှေ့ တန်းသို့  အထမ်းပေါ်တာအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၁) တပ်ခွဲ(၄) စစ်ကြောင်းမှူးစောကြည်အေးက ပြောသည်။

အလားတူ ဇွန်လ (၇)ရက်နေ့ ကလည်း ထီးယာသေ့ထာ့၊ မဲ့လာယော၊ ထီးခလိုးသော၊ ထီးမော်ကို့ ၊
ကလို့ ထော၊ တကွီးကလား၊ ကိုးရှေ၊ ယော်ပိုးထာ့၊ မဲ့ကတူး၊ မဲ့ကတူးထာ့နှင့် ထီးကနဲရွာများမှ တအိမ်
လျင်တဦး ရှေ့ တန်းသို့ လိုက်ပါရမည်ဟု ဒီကေဘီအေတပ်များက ခေါ်ဆောင်ခဲ့ပြီး မသွား နိုင်သူ
များက ငွေကျပ်ငါးသိန်း ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့ ဝင်များသည် ကေအဲန်အယ်လ်အေ တပ်မဟာ(၇). တပ်ရင်းနေရာများ
သို့  ဇွန်လ (၂)ရက်နေ့ မှစ၍ နေ့ စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ရာ ကေအဲန်အယ်လ်အေဘက်မှ ထိခိုက် ကျဆုံးမရှိဘဲ
နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ ဘက်မှ (၂၀)ဦးနီးပါး ကျဆုံးပြီး (၅၀)ဦးနီးပါး ထိခိုက်ဒဏ်
ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ် မဟာ(၇). တိုက်ပွဲမှတ်တမ်းစာရင်းအရ သိရသည်။

မင်းဖြူမှန်မှန်ပြောမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)