ကေအဲန်ယူ တပ်မဟာ ၇နယ်မြေတွင် ဖြစ် ပွားနေသည့် တိုက်ပွဲမှ ထွက်ပြေးလာ သည့် ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးကို ထိုင်း ကာကွယ်ရေးအဖွဲ့များက ဇွန်လ၁၂ရက်နေ့ တွင် ဖမ်းဆီးမိပြီး ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။
အသက် ၂၀ပတ်ဝန်းကျင်ရှိ စောကျူကျူ သည် တိုက်ပွဲတွင် ဆက်လက်တိုက်ခိုက် လိုစိတ်မရှိခြင်းနှင့် ဒီကေဘီအေအဖွဲ့ တွင် ဆက်လက် လုပ်ဆောင်ချင်စိတ် မရှိခြင်း ကြောင့် ယခုလို ထွက်ပြေးလာရခြင်း ဖြစ် သည်ဟု ထိုင်းအာဏာပိုင်များကို ထွက်ဆို သွားသည်။
၎င်းသည် ဒီကေဘီအေ တပ်မဟာ ၅၅၅ တပ်မှ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး စစ်သက်တမ်း ၃လသာ ရှိသေးသည်ဟုလည်း သိရှိရ သည်။
နအဖနှင့် ဒီကေဘီအေတို့၏ တပ်မဟာ၇ ထိုးစစ်အတွင်း ဒီကေဘီအေတပ်ဖွဲ့ဝင် စောကျူကျူ
အများအပြားထိခိုက် ဒဏ်ရာများရှိခဲ့ပြီး အများစုမှာ ဒီကေဘီအေတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စုံစမ်းသိရှိရ သည်။
အဲခေါင်သောင့်
ကွယ်ကလူနှင့် ကေအိုင်စီသတင်းများမှ ကိုးကားဖော်ပြထားသည်။
No comments:
Post a Comment