
လေဒဏ်ကကြမ်း
မြေဒဏ်ကကြမ်း
ရေဆန်လမ်းမှာ
ခန်းနားစွာလင်း
ဝင်းတောက်ခဲ့တယ်
လမ်းပြကြယ်...မန်းရှာတဲ့။
နအဖရင်ဝ
ထိရှစကား
ထိသွားအောင်ပစ်
စူးနစ်စေခဲ့သူ
သူမတူရှားပါ
မန်းရှာတဲ့ဟေ့နော်။
သဘောတရားရေးပင်လယ်
တော်လှန်ရေးပင်လယ်
မြစ်ပင်လယ်မှာ
မြင်ကျယ်ရင်ဆိုင်
ပဲ့ကိုင်လှော်ခတ်လာသူ
လူမျိုးတွက်လေ
သွေးတွေခမ်းစေ
ရိုးတွေကြေစေ
သမိုင်းတွေရေးထိုးခဲ့သူ
သူဟာလေ...မန်းရှာပေါ့။
တစ်ပွင့်ပြီးတစ်ပွင့်
ကြွေလွင့်စွန့် ခွာ
မြေကမ္ဘာပေါ်မှာ။
ရွှေတောင်ပံတွေ
ကြွေလွင့်ကျိုးရှာခဲ့
တွယ်ရာမဲ့ကမ္ဘာမှာ
ကြိမ်ကြိမ်သာတမ်းတမိတယ်
ဂုဏ်ပြုနေမယ်...တီးမန်းရှာ/ရေဆန်ရေ။ ။
(လင်္ကာဒီပ)
No comments:
Post a Comment