မိမိ blog သို့ လာရောက်လည်ပတ်အားပေးကြသော မိတ်ဆွေအပေါင်းအသင်းများခင်ဗျား
တပတ်ကြာကြာ Information မတင်နိုင်ခဲ့ပါ။ အကြောင်းမှာ မိမိ၏ internet usage ကုန်သွားသောကြောင့်ဖြစ်ပါသည်။ ထို့အတွက် မိမိအားနားခွင့်လွတ်စေချင်ပါသည်။ မိမိ၏ Blog မှာလည်း အချိန်အခါအရ အားနည်းနေပါသည်။ ကိုယ်တိုင်ရေး သားခြင်းကို ယခုထက်တိုင် မဖန်တီးနိုင်သေးပါ။ အကြောင်းမှာ မိမိ၏ ရှုတ်ထွေးနေသော အတွေးစိတ်ကူးတို့ကြောင့် ရေးမည်ဟု ကြံရွယ်ထားသော်လည်း ထို့အတွက် အထမြောက်ခြင်းမရှိသေးသည်မှာ မိမိ၏အားနည်းချက်သာဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ မိမိတို့၏ ကရင်အမျိုးသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးကို တောင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်သော ခေါင်းဆောင်ရဲဘော်အပေါင်းတို့အား အလေးအနက်ဂုဏ်ပြုထောပနာပြုအပ်ပါသည်။ တော်လှန်ရေးခရီး ရှေရှည်လာသည်နှင့်အမျှ ပင်ပန်းခြင်း၊ နွမ်းနယ်ခြင်းနှင့် ရန်သူ၏ မျိုးဖြုတ်စစ်ဆင်ရေးထိုးစစ်ကြောင့် ရံဖန်ရံဖန်ရံခါ စိတ်ဓါတ်ကျခြင်းများ ရှိနိုင်ပါသည်။ သို့သော် ကရင့်တော်လှန်ရေး၏ မူဝါဒ လမ်းစဉ်လုပ်ငန်းစဉ်နှင့်အညီ ပြင်းပြသောအမျိုးသားခံယူချက်တို့နှင့် ရန်သူ နအဖအား ယနေ့ထက်တိုင် ခုခံတော်လှန်လျှက်ရှိနေသော ကရင့်သားကောင်းသမီးကောင်းများကို များစွာ ဂုဏ်ယူမိပါသည်။ ထို့အတူ မိမိသည်လည်း တတတ်တအား လုပ်နိုင်သည့် အဆင့်ကို အုတ်တချပ် သဲတပွင့်နေဖြင့်သာ လုပ်ဆောင်လျှက်ရှိနေပါသည်။ ကရင် bloger အားလုံးကိုလည်း မိမိအနေနှင့် အထူးလေးစားရပါကြောင်း......
No comments:
Post a Comment