Sunday, January 3, 2010

တိုက်ပွဲသတင်းနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း

တိုက်ပွဲသတင်း

တပ်မဟာ ၃ ညောင်လေးပင်ခရိုင်

၂၂. ၁၂. ၀၉ရက် ၁၄း၄၀အချိန် မိမိတို့ ပေါင်းစည်းအင်အားနှင့် တပ်မဟာ ၅အဖွဲ့မှ ပေါ်ဟေးခိုနှင့် ဖလယ့်ခိုကြားတွင် ရန်သူနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖဘက်မှ ၄ယောက်သေ ၂ယောက်ဒဏ်ရာရရှိသည်။ သေသည့်အထဲတွင်၊ ဗိုလ်အဆင့်တယောက်၊ တပ်ကြပ် ၂ယောက်နှင့် တပ်သားအဆင့် ၁ယောက်တို့ ဖြစ်သည်။ ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်အဆင့်တယောက် ပါဝင်သည်။

မိမိတို့ဘက်မှ MA-3 သုံးလက်၊ MA-2 တလက်ရရှိသည်။

၂၆၊ ၁၂၊ ၀၉ရက် နအဖနှင့် ကဟောခီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖတပ်ကြပ်တယောက် သေဆုံးပြီး တပ်ကြပ်တယောက် ဒဏ်ရာရရှိသည်။

တပ်မဟာ၎(ဘိတ်ထားဝယ်)ခရိုင်နယ်မြေ

၂၁၊ ၁၂၊ ၀၉ရက် တပ်မဟာ ၄လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် နအဖ ခလရ ၄၀၉တို့ ရေပူရွာတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ နအဖဘက်က ၁ယောက် ဒဏ်ရရှိသည်။

၂၅၊ ၁၂၊ ၀၉ရက် ၁၂ခွဲအချိန်တွင် မိမိတို့ တပ်ဖွဲ့ဝင်များနှင့် နအဖတပ်ဖွဲ့တို့ အမိုလမ်းခွဲအနီးတွင် တိုက်ပွဲဖြစ်ပွားရာ တပ်ကြပ်တယောက် သေဆုံးကာ မိမိတို့ဘက်မှ MA-3တလက်နှင့် ၃င်းကျဉ် ၃၀လုံးကို သိမ်းပိုက်ရရှိသည်။

လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တပ်မဟာ ၅(ဖာပွန်ခရိုင်)

၂၆၊ ၁၂၊၀၉ ရက်နေ့တွင် DKBAမှ ဖားနာဒိရဲ့ တပ်ဖွဲ့မှ ဖားတာဝေးက မဲ့မွဲကျေးရွာအုပ်စုရှိ ရွာသူရွာသားများဖြစ်သည့် ဖားလယ်မေး၏ ဆိတ်၂ကောင်၊ ဖားသော၏စပါးကျီတခုထဲမှ စပါးများကို အတင်းအဓမ္မယူငယ်သည့်အပြင် တဲကိုပါ မီးရှို့ဖျက်ဆီးလိုက်သည်။

ထို့အပြင် ဖားမြအောင်၏အိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်။ ဖားကေးဒေး၏ စပါးကျီထဲမှ စပါးများကို ယူငယ်သွားသည်။ နော်ဒေး၏ ကျွဲ ၅ကောင်ကိုလည်း ယူဆောင်သွားသည်။ ဖားတာပလဲ့ကို ၅ချက်ရိုက်နှက်သွားပြီး စောဘူးကိုလည်း ၅ချက်ရိုက်နှက်သွားသည်။ဖားမောင်ကျကိုလည်း တချက်ရိုက်နှက်သွားသည်။

လယ်ဟယ်ဟော့ ရွာသားများထံမှ ၀ါးအလုံး ၁၃၀ အတင်းအဓမ္မခုတ်ခိုင်းသည်။ ဖားခေါ့ကလဲ၏ဆိတ်တကောင်ကိုလည်း အတင်းယူငယ်စားသောက်သွားသည်။ ထို့အပြင် အဆိုပါရွာထဲမှ ပစ္စည်းများကို အတင်းယူငယ်ရာ ခန့်မှန်းချေ ဘတ်ငွေ ၄၀၀၀၀ရှိမည်ဟု ခန့်မှန်းသိရှိရသည်။

ထို့အပြင် ဖားကုလား၏ ဆိတ်တကောင်နှင့် အီးငဲဆိတ်တကောင်ကိုလည်း ထပ်မံယူဆောင်စားသောက်ပြန်သည်။ ၀ါးကလုခို့ ကျေးရွာသားကိုလည်း ၀ါးအချောင်း ၇၀၀ အတင်းထပ်မံခုတ်ခိုင်းပြန်သည်။

တပ်မဟာ ၆(ဒူးပလာရာခရိုင်)

၂၅၊ ၁၂၊ ၀၉ရက် ခမရ ၄၀၇မှ တင်မောင်ဝင်းဦးစီးအဖွဲ့သည် လေးနော်ရှိ ၄င်းတို့၏တပ်စခန်းကို ပြုပြင်ရန်အတွက် တပ်စခန်းအနီးအနားရှိ ကျေးရွာသားများထံမှ သစ်ဝါးများကို ယူငယ်ရာ ကျေးရွာကြီးတရွာလျှင် သစ်ဝါးအလုံးပေါင်း ၁၅၀၀လုံးနှင့် ကျေးရွာငယ်တရွာလျှင် သစ်ဝါးအလုံးပေါင်း ၅၀၀လုံး အတင်းတောင်းယူသည့်အပြင် တရွာလျှင် ၁ယောက် သွားရောက်လုပ်အားပေးရပြီး တလလျှင် ၃ကြိမ်သွာရကာ တကြိမ်သွားလျှင် ၁၀ခန့် ကြာသည်ဟု သိရှိရသည်။

တလတကြိမ်သွားရသည့်ရွာ ၁၀ရွာရှိပြီး အဆိုပါရွာများမှာ ကွီးကဆောစိ၊ လေးနော်၊ လယ်စေး၊ တာသူးကလိုး၊ ခိုးခဝေါ၊ ကျောက်ဖလူး၊ ဖက်ကနော၊ မက်က၀ါ၊ ထီးမောကဲ မဲ့တလိရွာနှင့် လေးဖိုးရွာတို့ ဖြစ်သည်။

၂၆၊ ၁၂၊ ၀၉ရက် ရတခ စဗဟ ၃ အနန်းကွင်းကျေးရွာအခြေစိုက်မှ ဘုရားသုံးဆူသို့ ဆန်ရိက္ခာာကို များပို့ရာတွင် ကေအဲန်အယ်လ်အေ တပ်ရင်း၁၆မှ သိမ်းယူသွားသည်။

၂၈၊ ၁၂၊ ၀၉ရက် တပ်မဟာ ၆လက်အောက်ခံ တပ်ရင်း ၁၆မှ နအဖရိက္ခာကို သိမ်းယူရာ နို့ဆီ၄၆၇လုံး ရရှိသည်။

တပ်ရင်း ၁၆တပ်ဖွဲ့ဝင်များသည် ရတခ စဗဟ ၃ အနန်းကွင်းကျေးရွာအခြေစိုက်မှ ဗိုလ်မှူးကြီး ခင်မောင်ထွန်းသည် ရွာသူရွာသားများထံမှ ရိက္ခာ အတင်းအဓမ္မကောက်ယူပြီး အနန်းကွင်းမှ ဘုရားသုံးဆူကို ပို့ဆောင်သည်။ မသွားရဲသည့် ကားများအား ကားတစီးလျှင် တသိန်း ငါးသောင်းကျပ် ကောက်ယူသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)