Thursday, January 28, 2010

မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် ယနေ့ မနက်ပိုင်း ၈း၃၀ ခန့်တွင် လုပ်ကြံသတ်ဖြတ်ခံ ရသည် ဟု ထိုင်းနှင့် တရုတ်နယ်စပ် သတင်းရပ်ကွက်များ ကပြောပါသည်။

“အခုက ကားတွေ ခရီးတင်ကားတွေ မိုင်းလားနယ်မြေတွေကနေ အပြင်ထွက်ခွင့်မရတော့ဘူး၊ ကျိုင်းတုံ ကနေ၀င်လာရင် တော့ရတယ်။ လူထု လဲ အိမ်ပြင်မထွက်ဖို့ မိုင်းလားအာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်”- အမည်မဖေါ်လိုသူတဦး က ပြောပါသည်။
NDAA-ESS မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ်(အလယ်)၊ အတွင်းရေးမှူး (၂)ဦးနွေဦး

အခြားသတင်းရပ်များက ယနေ့ မနက် ၆း၃၀ နာရီ တွင် ဦးမင်းအိမ် အဖေါ်တယောက် နှင့် အိမ်ရှေ့တွင်လမ်းလျှောက် နေစဉ် သေနတ်သမားက ၀င်ရောက်ပစ်ခတ်သွားသည်ဟု ဆိုပါသည်။

ဦးမင်းအိမ် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ဆိုသည်ကို မိုင်းလားအာဏာပိုင် စုံစမ်းဖေါ်ထုတ် ဆဲဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)