Thursday, January 14, 2010

ကချင်ငြိမ်းအဖွဲ့ စီးပွားရေးလုပ်ငန်းတွေကို နအဖ က ဖမ်းဆီးလိုက်

အေကေတီ
၁၃ ဇန်န၀ါရီ ၂၀၁၀
နယ်ခြားစောင့်တပ်ဖွဲ့သို့မဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခြင်းကို မကြာသေး ခင်ကမှ လက်ခံခဲ့တဲ့ ကချင်ငြိမ်းအဖွဲ့တခုရဲ့ စီးပွားရေးလုပ်ငန်းတွေကို နအဖက ဖမ်း ဆီးလိုက်ကြောင်းသိရပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ခွဲထွက်ထားတဲ့ ဗိုလ်မှူးလဆန်အောင်ဝါ သို့မဟုတ် လ၀ါးယန်ပြည်သူ့စစ်အဖွဲ့ပိုင် စီးပွားရေးယာဉ် တန်းကို အခုလ ၉ ရက်နေ့မှာ နအဖ ဂိတ်စောင့်တပ်က ဖမ်းဆီးလိုက်တာဖြစ်တယ် လို့ တရုတ်နယ်စပ်ရှိ ငြိမ်းတွေနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်တခုကပြောပါတယ်။
ဖြစ်ပုံကတော့ လ၀ါးယန်ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးညွန့်ဆွေ ဦး စီးတဲ့ ၁၅ ဦးပါ အဖွဲ့ဟာ ကုန်တင်ကား ၈ စီး၊ ဟိုင်းလတ်ကား ၂ စီး၊ ပါဂျဲရို ၁ စီးနဲ့ ဗန်းမော်ကနေ တရုတ်-မြန်မာနယ်စပ် မံဝိန်းဘက်ကို ထွက်ခွာလာစဉ် ဂိုက်ထိပ်ကျေး ရွာအရောက်မှာ ခလရ-၂၃၆ က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဒီကားတွေပေါ်မှာ ဆန်အိတ် ၁၆၀၀၊ နှမ်းအိတ် ၄၀၀၊ သံမလန်းသသစ်တွေနဲ့ သစ် သား ပန်းပုအရုပ်တွေ ပါလာတဲ့အတွက် အခုလို ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပစ္စည်းတွေဟာ ကာလတန်ဘိုး ကျပ်သိန်းတထောင်ဝန်းကျင်ရှိပြီး ပစ္စည်းတွေနဲ့ မော်တော်ကားတွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း၊ လူတွေကိုတော့ ပြန် လွတ်ပေးလိုက်တယ်လို့ နယ်စပ်ရှိသတင်းရပ်ကွက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကမှ ငြိမ်းအဖွဲ့ကနေ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တဲ့ ဗိုလ်မှူး လဆန်အောင်ဝါရဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၀ိုင်းမော် မြို့နယ် ဂွေထူနဲ့ လ၀ါးယန်ကျေးရွာမှာ အခြေစိုက်တဲ့အတွက် လ၀ါးယန်ပြည်သူ့စစ်၊ ဂွေထူပြည်သူ့စစ် ဆိုပြီး ခေါ်ဆိုနေတာဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဗိုလ်မှူး လဆန်အောင်ဝါတို့အဖွဲ့ကိုတော့ ဆက်သွယ်လို့မရသေးပါဘူး။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)