စတက်နေ
ရှည်လျားလှတဲ့ လူ့သမိုင်းဖြတ်သန်းမှုဖြစ်စဉ်တွေမှာ တိုက်ပွဲတွေနဲ့ သူတပြန်ကိုယ် တပြန် တိုက်ခိုက်ကြရင်းနဲ့ လူ့သမိုင်းမှာ တခေတ်ပြီးတခေတ်ဆိုပြီး ကဗျဉ်းထိုးမှတ် တမ်းတင်လာခဲ့ကြတယ်။ ခေတ်တခု စနစ်တခုပြောင်းနိုင်ဘို့ဆိုရာမှာ လွယ်လွယ်ကူ ကူနဲ့ ပြောင်းလဲနိုင်တာမဟုတ်ဘူးလို့ ယုံကြည်မိတယ်။ အင်အားကြီးသူက အင်အား ငယ်သူကို၊ အုပ်စုကြီးသူက အုပ်စုငယ်ကို အနိုင်ကျင့်ဗိုလ်ကျချင်တာ လူ့သဘာဝလို့ ဆိုရမှာလား။ သမိုင်းတလျှောက် ဒီလိုဘဲတွေ့ခဲ့ရတယ်။ ယဉ်ကျေးပြီဆိုတဲ့ ခေတ်မှာ လည်း လူမျိုးကြီးက လူမျိုးငယ်ကို ၀ါးမျိုမှုတွေ၊ အင်အားကြီးနိုင်ငံတွေက အင်အား ချည့်နှက်တဲ့နိုင်ငံတွေအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၀ါးမျိုမှုတွေ ဆက်လက် ဖြစ်နေဆဲဘဲ မဟုတ်လား။
ဒီလိုနဲ့ပဲ ခေတ်ကြီးတွေ တခေတ်ပြီး တခေတ် ပြောင်းလဲ ခဲ့တယ်။ ရောက်တဲ့ခေတ်ကနေ လူသားတွေဟာ ဆက်လက်ပြီး အသက်ရှင်ရပ် တည်နိုင်ဘို့ တိုက်ပွဲဝင် ရုန်းကန်နေကြရတယ်။
အုပ်ချုပ်ရေးစနစ်ထွန်းကားတဲ့ခေတ်ဆိုတာ ဘယ်လိုပြောရမလဲ၊ ဘယ်ခေတ်ကို ယူ ရမလဲဆိုတာ ရှုပ်ထွေးတယ်။ ရောမခေတ်၊ ခေါမခေတ်ကနေဘဲစပြီးယူကြရအောင်။ အဲဒီခေတ်ဆိုရင် ပဒေသရာဇ်တပိုင်း၊ အရင်းရှင်တပိုင်းခေတ်လို့ ပြောလို့ရနိုင်မလား၊ ငြင်းလို့ရမယ်မထင်ဘူး။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ချခဲ့ကြတာ အဲဒီခေတ်က တည်းကပါ။ အနည်းက အများကို လေးစားရမယ်ဆိုတဲ့ အုပ်ချုပ်ရေးစနစ်ပါ။ ဒါပေ မယ့် လက်ရှိဒီမိုကရေစီခေတ်လိုတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ် မထွန်းကားခဲ့ပါဘူး။ ပဒေသရာဇ်နဲ့ အရင်းရှင်တွေရဲ့အလိုကျ တိုင်းပြည်ကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဆိုပြီး အုပ်ချုပ်ခဲ့တာပါ။
ဒါဆိုရင် မြန်မာပြည်မှာ စစ်အစိုးရအလိုကျ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ချလို့မရ ဘူးလားဆိုတာ မေးစရာရှိပါတယ်။ အခု ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တော့မယ်၊ ဒီမို ကရေစီအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖေါ်တော့မယ်ပေါ့။ စစ်အာဏာရှင် အစိုးရခေတ်မှာရော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တွေ မပေါ်နိုင်ဘူးလား၊ ပေါ်နိုင်ပါ တယ်။ ဒါပေမယ့် အရပ်သားအစိုးရမဟုတ်ဘူးပေါ့။ အရပ်သားအစိုးရဆိုတာက ပြည် သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားတာပါ။ လူထုကမကြိုက်တော့ရင်လည်း ဒီအစိုးရကိုဖြုတ်ချလို့ရတာ ပေါ့။
နအဖက ကြီးမှူးတဲ့ ဒီမိုကရေစီနိုင်ငံသစ်ဆိုတာက ဘယ်လို ဖွဲ့စည်းအုပ်ချုပ်ပုံ မျိုးချထားတယ်ဆိုတာ လေ့လာတဲ့လူတွေတော့ သိပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ်၊ စစ်အစိုးရခေတ်မှာ ဘယ်နည်းနဲ့မှ လူထုတွေလွတ်လွတ်လပ်လပ် ကိုယ်တင်ချင်တဲ့ အစိုးရ၊ ကိုယ်ထောက်ခံချင်တဲ့ပါတီ၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်ကို လုပ်ခွင့်ပေးမှာမဟုတ် ဘူး။ သူ့အာဏာကိုထိပါးမယ၊် သူ့အကျိုးစီးပွားကို ထိပါးနှောက်ယှက်မယ်ဆိုရင်တော့ အားလုံးသိတဲ့အတိုင်း ပုဒ်မအမျိုးမျိုးတပ်ပြီး အရေးယူမယ်။ လက်ရှိလဲ အရေးယူဆဲ ဘဲ။ သူ့ကိုယ်ကျိုးအတွက်ဘဲသူလုပ်တယ်။ လူထုမျက်နှာကို မထောက်ဘူး။
ကျွန်တော်တို့လိုချင်တာက အရပ်သားအစိုးရကအုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံရေးစ နစ်၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ ဒီမိုကရေစီစီးပွားရေးစနစ် စတဲ့ တနိုင်ငံလုံးနဲ့ ကိုက် ညီမဲ့ အမျိုးသားအကျိုးကိုရှေ့တန်းတင်တဲ့ အမျိုးသားဒီမိုကရေစီစနစ်ပါ။ တနိုင်ငံလုံး မှာရှိတဲ့ လူထုလူတန်းစား တိုင်းရင်းသား ပြည်သူလူထုအားလုံးရဲ့အကျိုးကို ဖြေရှင်း ပေးနိုင်မဲ့ အာမခံမဲ့ ဒီမိုကရေစီနိုင်ငံပါ။ ခြုံပြီးကြည့်လိုက်ရင် ဒါတွေအားလုံးဟာ နိုင်ငံ ရေးပြဿနာပါ။ နိုင်ငံရေးစနစ်မကောင်းရင် တိုင်းပြည်ဟာ ဘယ်တော့မှ ငြိမ်းချမ်း လိမ့်မယ်မဟုတ်သလို စီးပွားရေးခိုင်မာတောင့်တင်းတဲ့ တိုင်းပြည်လည်းဖြစ်လာမှာ မ ဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အမျိုးသားအတွက် တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ KNU ဟာ ဒီနေ့အထိ နအဖရဲ့လှည့်ကွက်/စည်းရုံးတဲ့အထဲမပါဝင်ခဲ့တာဟာ ဂုဏ်ယူစရာဖြစ်ပါ တယ်။ KNU ဟာ တစိုက်မတ်မတ် အုပ်စိုးသူတွေနဲ့ ၁၉၄၇ ခုကစလို့ ယနေ့အထိ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့အခြေခံမူဟာ ယခုထက်တိုင် ရှင် သန်ဆဲ၊ တံခါးဖွင့်ထားဆဲပါ။ အုပ်စိုးသူအဆက်ဆက်ကခေါ်တဲ့ တွေ့ဆုံဆွေးနွေးရေး ကို KNU က အမြဲလိုက်လျော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် အုပ်စိုးသူအ ဆက်ဆက်ဟာ ဘယ်တော့မှ တွေ့ဆုံဆွေးနွေးမှုကို ပြီးပြတ်အောင်မလုပ်ဘဲ တဘက် သတ်ဖျက်သိမ်းလိုက်တာချည်းပါဘဲ။ ဒါကိုကြည့်ခြင်းအားဖြင့် အုပ်စိုးသူ မဆလ၊ န၀တ၊ နအဖ တွေဟာ ဘယ်တော့မှ လက်နက်ကိုင်တော်လှန်တဲ့လူမျိုးစုတွေကို မျက်နှာသာမပေးခဲ့တာ သေချာပါတယ်။ သူ့ရဲ့အလိုကျ လက်နက်ချအညံ့ခံရမယ်ဆို တဲ့မှားယွင်းတဲ့ ပေါ်လစီဆိုးကို ယနေ့ထက်တိုင် နှစ်ပေါင်း (၆၀)ကြာကြာ ပြည်တွင်း စစ်ကို အကွက်ချဖန်တီးခဲ့တာပါ။ စစ်တပ်နဲ့စီးပွားရှာ၊ စစ်တပ်နဲ့ နိုင်ငံရေးလုပ်တာပါ။
အခြားလက်နက်ကိုင်တော်လှန်တဲ့လူမျိုးစုတွေကိုလည်း အပစ်အခတ်ရပ်စဲထားတာ သာရှိပြီး ဘာမှအကျိုးဖြစ်မလာတဲ့အပြင် အခုနယ်ခြားစောင့်တပ်လုပ်ဖို့ ဖိအားတွေ ပေးနေပြန်တယ်။ မလုပ်တဲ့သူတွေကို တိုက်မယ်၊ ဒါသေချာတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ပြီးတော့လည်း သူ့တပ်နဲ့ တိုင်းရင်းသားတပ်တွေ ရောနှောပြီးထားမယ်ဆိုတဲ့ သူ့ရဲ့ မကောင်းတဲ့ဇာတိရုပ်က ပေါ်လာပြီ။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ကို ကျည်အကုန်ခံစရာမလိုဘဲ ချေမှုန်းတဲ့နည်းဘဲ။ ဒါတွေအားလုံးဟာ မရိုးသားတဲ့ သူတို့ရဲ့လုပ်ရပ်၊ ယုတ်မာတဲ့လုပ်ရပ်ဆိုတာ နားလည်သင့်ပါပြီ။
မဆလ၊ န၀တ၊ နအဖ အစရှိတဲ့ ရောင်ပြောင်းအစိုးရခေတ်အဆက်ဆက်မှာ မြန် မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတာတွေ ဘာတခုမှ တိုးတက်လာခြင်း မရှိသလို တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူတွေဟာလည်း မ၀မလင်ရှာဖွေစား သောက်နေရတဲ့အပြင် ကျီးလန့်စာ စားနေရတဲ့ဘ၀ပါ။ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးပြန်ယူတဲ့ ဟောင်သရောသူ့မူဟဲငြိမ်းချမ်းရေးအဖွဲ့၊ ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ ဗိုလ်ထင်မောင်ရဲ့ငြိမ်းချမ်းရေးအဖွဲ့၊ ပဒိုအောင်ဆန်းငြိမ်းချမ်း ရေးအဖွဲ့တွေဟာ နယ်ခြားစောင့်တပ်အသွင်နဲ့ နအဖတပ်သားနဲ့လက်တွဲပြီး (အသွင်တော့တူအိမ်သူဖြစ်၊ သူတော်အချင်းချင်း သတင်းအလွေ့လွေ့) စစ်အာဏာရှင်ရဲ့ စစ်ကျွန်အဖြစ် စစ်အာဏာရှင် သက်ဆိုးရှည်အောင်၊ အာဏာရှင်ခိုင်းသမျှ လုပ်ဘို့ကလွဲလို့ အခြားမရှိနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။
No comments:
Post a Comment