Saturday, February 20, 2010

ကော့ကရိတ်တွင် ဗုံး ၂ လုံးကွဲ ၁ ဦးသေ

Friday, 19 February 2010 18:04 သန်းထိုက်ဦး

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်ရှိ ဈေးထဲ၌ ယနေ့ နံနက်ပိုင်းက ဗုံး ၂ လုံး ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံး သွားကြောင်း သိရသည်။

“ဗုံးပေါက်တာ ဟုတ်ပါတယ်၊ ကော့ကရိတ် ဈေးထဲမှာ ဖြစ်တာ” ဟု ကော့ကရိတ် ဈေးအနီးတွင် နေထိုင်သူ အိမ်ရှင်မ တဦးက ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုကြောင့် ယခုသေဆုံးသူသည် ဒဏ်ရာပြင်းထန်စွာဖြင့် ဘားအံဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်ပြီး တခြားသော ဒဏ်ရာရရှိသူ ၂ ဦးခန့် ရှိကြောင်းလည်း သိရသည်။ ယင်း ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်ကြောင်းကိုမူ မသိရှိရသေးပေ။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့ဝင် တဦးက“ဗုံးပေါက်တယ်လို့ ကြားတယ်၊ ဒါပေမယ့် ဘယ်လို ပေါက်ပုံ ပေါက်နည်း အတိအကျမသိသေးဘူး”ဟု ပြောသည်။

နအဖ စစ်အစိုးရက မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အကြိမ်တိုင်း နယ်စပ် အခြေစိုက် လက် နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသကဲ့သို့ ယင်း အဖွဲ့အစည်းများ ကလည်း ငြင်းဆိုလေ့ရှိကြသည်။

အလားတူပင် မကြာသေးမီက မိုင်းပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ထွက်ပြေး တိမ်းရှောင်နေသော ယခင် ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် အသိုင်း အ၀န်းနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) ရွက်ဆစ် အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း ယမန် နေ့ထုတ် စစ်အစိုးရ သတင်းစာများက စွပ်စွဲ ရေးသားထားသေးသည်။

ယင်း ပေါက်ကွဲမှုမှာ လတ်တလော တရုတ်နယ်စပ်ရှိ ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်( UWSA ) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်း အဖွဲ့များကို စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဆွေးနွေးရန် ကမ်းလှမ်းချိန်နှင့် တိုက်ဆိုင်နေသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)