Saturday, February 20, 2010

လောက်ကိုင်ဗုံးခွဲမှု ဖုန်ကျားရှင်အဖွဲ့ ပြုလုပ်ဟု နအဖ က စွပ်စွဲ

အေကေတီ

၁၉ ဖေဖော်ဝါရီ ၂၀၁၀- ပြီးခဲ့တဲ့ရက်ပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ ဗုံး ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ပြီး အဲဒါဟာ တရားခံ ပြေးဖြစ်တဲ့ ဖုန်ရှားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့က လုပ်တာဖြစ်ကြောင်း ဒီနေ့ထုတ် နအဖ သတင်းစာတွေမှာ စွပ်စွဲဖေါ်ပြလိုက်ပါတယ်။
ဒီလ ၁၅ ရက်နေ့ မနက်ပိုင်းက ဗုံး ၂လုံး၊ ၁၇ ရက်နေ့ မနက်အစောပိုင်းကလည်း ဗုံး ၂လုံး ကွဲခဲ့ပြီး မြန်မာနိုင်ငံသား ၆ဦး၊ တရုတ်နိုင်ငံသား ၃ဦး၊ စုစုပေါင်း လူ ၉ဦး ဒဏ် ရာရတယ်လို့ဖော်ပြထားပါတယ်။
အဲဒီလိုဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ တရားခံတဦးဖမ်းဆီးရမိထားပြီး အဲဒီသူဟာ တရားခံပြေးတွေဖြစ်နေတဲ့ ဖုန်ကျားရှင်၊ ဖုန်ကျားဖု၊ ဖုန်တာရွှင်၊ ဖုန်တာ့လီတို့ရဲ့ ကိုးကန့် တပ်ဖွဲ့ကဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ခုလို နအဖသတင်းစာတွေက ရေးသားစွပ်စွဲနေပေမယ့် မနေ့က ဗုံးသယ်လာသူ လို့ စွပ်စွဲပြီး တရုတ်နိုင်ငံသား ၂ဦးကို ဖမ်းဆီးရမိထားသလို ပိုင်စုံချိန်ဦးဆောင်တဲ့ လက် ကျန် ကိုးကန့်တပ်ဖွဲ့ကနေ နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်တဲ့ တပ်ကပြေးနေတဲ့ စစ်ပြေးတဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ လောက်ကိုင်က လာတဲ့ သတင်းတွေအ ရသိရပါတယ်။
ခုလို နအဖက စွပ်စွဲနေတဲ့ဗုံးခွဲတဲ့ တရားခံတွေနဲ့ပတ်သက်လို့ တရုတ်-မြန်မာ စစ် ရေးအကဲခတ်ဦးဆောင်ကျော်ဇောကခုလိုပြောပါတယ်။
“ကျနော်တို့ သုံးသပ်ကြည့်တဲ့အခါ သုံးစွဲတဲ့ မိုင်းအမျိုးအစားရယ် ဖြစ်တဲ့နေရာ ရယ် ထိခိုက်ဒဏ်ရာ ရအောင်ဖန်တီးတဲ့ လူတွေအပေါ်မှာ ဒီအချက် ၃ချက်ကို ကြည့်ပြီး တော့ ဖုန်ကျားရှင်တို့ လူတွေမဟုတ်ဘူးလို့ ကျနော်တို့ယူလို့ရတယ်။”
“၁ အချက်အရ ဖုန်ကျားရှင်တို့ဟာ ကိုးကန့်သားတွေဖြစ်တယ်။ တရုတ်တွေဖြစ်တယ်။ တရုတ်အယူအဆအရ ဒီလိုအချိန်မျိုးမှာ ဗုံးကွဲတာမကောင်းဘူး၊ နောက်တခုက ထိခိုက် ဒဏ်ရာဖြစ်တဲ့နေရာကလည်း တရုတ်ပြည်က တရုတ်တွေဖြစ်တော့ ဒါတရုတ်ပြည်နဲ့ ဖုန် ကျားရှင်တို့ ရန်တိုက်ပေးတဲ့ အပိုင်းမျိုးဖြစ်တယ်။ အကျိုးရှိတာက နအဖအတွက် အကျိုး ရှိတာကိုး။
“နောက်တခုက သုံးစွဲတဲ့ ဗုံးအမျိုးအစားက ဖုန်ကျားရှင်တပ်ကလူတွေ ဒါမျိုးတခါမှ မသုံး တတ်ဘူး၊ အဲဒီလိုအောက်မှာ ဒေသသားတွေ သုံးသပ်သလိုဘဲ ပြသနာကတော့ ဖုန် ကျားရှင်နဲ့ တရုတ်နဲ့ရန်တိုက်ပေးတယ်၊ ဖုန်ကျားရှင်နဲ့လူထုနဲ့ ရန်တိုက်ပေးတာဖြစ် တယ်။
“အဓိကတော့ သူတို့ရန်ကုန်မှာ လုပ်သလို သူတို့လုပ်ပြီး သူတို့ခွဲတာဘဲဖြစ်တယ်။ ဖမ်း ထားတဲ့သူတွေကလည်း ကိုးကန့်သားတွေပြောမယ် ဒါမျိုးကလည်း မြို့ပေါ်မှာလည်း ဒီ လိုဘဲ လုပ်တာဘဲ၊ နိုင်ငံရေးသမားတွေကို ဖမ်းပြီးတော့ ဗုံးခွဲသူ လုပ်ကြတာပေါ့”
လောက်ကိုင်ဒေသအတွင်း အာဏာပိုင်တွေက မူးယစ်ဆေးဝါးနှိမ်နင်းတာနဲ့ပတ် သက်လို့ ဒေသခံလူထုတွေက အမြင်မကြည်လင်မှုတွေလည်း ရှိနေလို့ သူတို့တွေလည်း ဗုံးခွဲနိုင်တယ်လို့ သူက ပြောပါတယ်။
“ဖြစ်နိုင်ချေရှိတဲ့တခုကလည်း ဘာလဲဆိုရင် အခု ကိုးကန့်မှာ ဘိန်းနဲ့ပတ်သက်ပြီး ဖမ်းထားတဲ့သူတွေအများကြီး၊ ပိုက်ဆံချမ်းသာတဲ့သူတွေ၊ ရာမ အများကြီးနဲ့ မိတဲ့သူ တွေကျတော့ ပိုက်ဆုံယူပြီး လွှတ်ပေးလိုက်တယ်။ အိမ်မှာ တစေ့၊ နှစ်စေ့နဲ့လည်း ဖမ်း ထားတာ ကိုးကန့်ထောင်ထဲမှာ လူက ကြပ်ညှပ် နေအောင်ဖြစ်နေတယ်။
အဲဒီတော့ အဲဒီအချင်းအရာနဲ့ လူထုက တော်တော်ကို ခံစားမှုဖြစ်နေတယ်၊ ပိုက် ဆံရှိတဲ့သူကျတော့ ပိုက်ဆံယူပြီး လွှတ်လိုက်တယ်၊ ပိုက်ဆံမရှိတဲ့သူကျတော့ အကုန် ဖမ်း ထောင်ထဲထည့်ထားတယ်ပေါ့ဗျာ။ အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီး ဒေသခံလူထုနဲ့ လောက်ကိုင်အုပ်ချုပ်ရေးပိုင်း အပြေလည်မှုတွေ အများကြီးဖြစ်နေတယ်။”
ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း နအဖတပ်က ဒေသတခုလုံးကို ထိန်းချုပ်ထားချိန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာတာ ပါ။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)