ဖန်းလေး
နိုင်ငံ (၁၀)နိုင်ငံထက်မနည်း ရောက်နေကြသော ကရင်အမျိုးသားများအားလုံးမှ ယနေ့ 9/3/2010 ရက်နေ့ကို တပြိုင်တည်း နိုင်ငံတကာကရင်အမျိုးသားများမှ ဆန္ဒပြပွဲကျင်းပခဲ့ကြပါသည်။
AKO မှ ဦးစီးပြီး Karen Community မှ ဖြစ်ကြသော Sydney, Melbourne, Canberra မှ ကရင်အမျိုးသားများ အင်အား ၂၅၀ ကျော်ခန့် Australia စံတော်ချိန် ၁၂း၀၀ နာရီမှ ညနေ ၂း၀၀ နာရီအထိ Australian ပါလီမန်ရုံးသို့ လည်းကောင်း၊ မြန်မာသံရုံးသို့လည်းကောင်း၊ ထိုင်းသံရုံးသို့လည်းကောင်း Canberra တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။ မြန်မာသံရုံးသို့ ကြွေးကြော် သံဖြင့်လည်းကောင်း၊ ပိုစတာများကိုင် ဆောင်ခြင်းဖြင့်လည်းကောင်း ဟောပြောပွဲဖြင့် ဆန္ဒပြပွဲ အောင်မြင်စွာပြီးစီးခဲ့ပါသည်။
နအဖ၏ ထိုးစစ်ကို ရပ်ပေးပါရန် ကုလသမဂ္ဂသို့ပန်ကြားခဲ့ပြီး ထိုကိစ္စကို စုံစမ်းရေးကော်မရှင်ဖွဲ့ပေးပါရန်၊ ထိုသို့စုံ စမ်းရေးကော်မရှင်ဖွဲ့ရာတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ (၁၀)နိုင်ငံအနက် အဖွဲ့ဝင်ဖြစ်သော Australia အစိုးရမှ ၎င်းကိစ္စကို ရှေ့တန်းမှ ပါဝင်ထောက်ခံပါရန် Australia အစိုးရကို ယနေ့ စာနှင့် တောင်းဆိုပါသည်။
ညောင်လေးပင်ခရိုင် တပ်မဟာ (၃)နယ်မြေ၏ ကရင်အမျိုးသားများကို လူမဆန်စွာသတ်ဖြတ်မှု၊ ဖါပွန်ခရိုင် တပ်မဟာ (၅)တွင်လည်း လူမဆန်စွာ ကရင်အမျိုးသားများကို သတ်ဖြတ်မှုမှာ ပြီးခဲ့သော လများကစတင်ကာ ယနေ့အထိ ဆိုးဝါးစွာ ကရင်လူထုများ ခံစားနေကြရသည်။

No comments:
Post a Comment