Saturday, March 6, 2010

စစ်တပ် အကြမ်းဖက်ခံ မြန်မာအမျိုးသမီးများအရေး ဘန်ကီမွန်းထံ တင်ပြ


စိုးမိုး/ ၅ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)

စစ်တပ်က မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတ ကာ ခုံရုံးတင် စစ်ဆေးနိုင်ရန် အမျိုးသမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင် ငံ) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ယမန်နေ့က တင်ပြလိုက်သည်။

မြန်မာစစ်အစိုးရတပ်များက မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှုများကို ကာယကံရှင် အမျိုးသမီး (၁၂)ဦးတို့က ယခုလ (၂) ရက်တွင် သက်သေထွက်ဆိုခဲ့ကြပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများနှင့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) တို့က စစ်ဆေးကြားနာခဲ့ကြပြီးနောက် ယင်းတွေ့ရှိမှုများကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

“အကြမ်းဖက်မှုတွေကို သက်သေထွက်ဆိုတာ (၁၂)ယောက်ရှိတယ်။ သက်သေထွက်ဆိုတဲ့အထဲမှာ ကချင်၊ ကရင်၊ ရခိုင်၊ ကူကီး၊ ဗမာ၊ ချင်း လူမျိုးစုံပါပါတယ်။ WLB အဖွဲ့ဝင် အဖွဲ့အစည်း (၁၃) ဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ WLB က အကောင်အထည် ဖော်သွားတာပါ” ဟု WLB သဘာပတိအဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) နှင့် နိုဘယ်လ်အမျိုး သမီးများအဖွဲ့ (Nobel Women’s Initiative) တို့က စစ်အစိုးရ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်ရာဇ ၀တ်မှုများကို ကြားနာခဲ့ကြပြီး ယင်းကြားနာပွဲကို နိုဘယ်လ်ဆုရှင်များဖြစ်သော ဂျိုဒီဝီလီယံနှင့် အီရန်နိုင်ငံမှ Dr.Shirin Ebadi တို့က တရားသူကြီးများအဖြစ် ကြားနာခဲ့သည်။

ယခုကဲ့သို့ အမျိုးသမီးများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများကို ဖော်ထုတ်တင်ပြနိုင်ရန် ၂၀၀၈ ခုနှစ်ကတည်း က အဖွဲ့ဝင်အမျိုးသမီး (၁၃) ဖွဲ့ အကူအညီဖြင့် အချက်အလက်များ စုဆောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်တပ်၏ အကြမ်းဖက်မှုလုပ်ရပ်များကို စိတ်ဆိုးမိကြောင်း၊ လုံခြုံရေးကောင်စီ အပါအ၀င် မြန်မာ့အရေးဆောင် ရွက်နေသည့် အဖွဲ့အစည်း အသီးသီးနှင့်လည်း တင်ပြဆွေးနွေးသွားမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တုံ့ပြန်ခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရကို ချက်ချင်းအရေးယူဆောင်ရွက်နိုင်မည်မဟုတ် ကြောင်း သိရသည်။

“ကျမတို့အနေနဲ့ အများကြီးတော့ မျှော်လင့်လို့ မရဘူး။ ယူအန်အနေနဲ့ ချက်ချင်းအကောင်အထည်ဖော်၊ ချက် ချင်း တခုခု ထလုပ်မယ်လို့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ စိတ်ဝင်စားမှု ပြတယ်။ ဒီပေါ်မှာ ဆက်ပြီး မှ အကောင်အထည် ဖော်မယ်။ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု သူမက ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာစစ်အစိုးရကို ကလေးစစ်သား အသုံးပြုမှုအတွက် ကုလသ မဂ္ဂ လုံခြုံရေးကောင်စီမှ အရေးယူပေးရန် ပြီးခဲ့သည့်နှစ်က တိုက်တွန်းထားပြီး ယခုနှစ်တွင် အမျိုးသမီးများအရေး ကို ထပ်မံ တင်ပြမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းအပါအ၀င် မြန်မာ့အရေးကိစ္စများကို ကုလသမဂ္ဂ လုံခြုံရေးကောင် စီတွင် အရေးယူရန် ဆွေးနွေးခဲ့ဖူးသော်လည်း တရုတ်၊ ရုရှတို့က ကန့်ကွက်ခဲ့သဖြင့် မအောင်မြင်ဖြစ်ခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)