Monday, March 15, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် တိုက်ပွဲသတင်း

Posted: 14 Mar 2010 12:35 AM PST
၁၃.၀၃.၂၀၁၀

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၆.၃.၂၀၁၀ နေ့ ပလောဘောဒဲအရပ်တွင်ဝင်ရောက်လှုပ်ရှားသော ပြင်စလိုရှိ စကခ(၇) သည် ပလောဘောဒဲရွာသူရွာသားများ၏ ပိုင်ဆိုင်မှုများကိုဖျက်စီးတဲ့အပြင် အတင်းအဓမ္မ ယူ ဆောင်သွားသည်။ (၁) မောင်သန်းယဉ် ခြင်ထောင်တထည် ငွေ ၁၀၀၀၀ကျပ် နှင့် စောင်တထည် (၂)မောင်ချောခင်၏တာလဘတ်တ ထည် (၃) မောင်သန်းခိုင် အိုးတလုံး၊ ခြင်ထောင်တလုံးနှင့်စောင်တ ထည် (၄) စောတာကရိုး၏အဝတ်၂ထည် ဘောင်းဘီရှည်တထည်နှင့် ဆီတအိုးအပြင် ငွေ၆၀၀၀၀ကျပ် (၅) မောင်ရွှေသွေး၏အကျီင်္တထည်နှင့် ပုဆိုးတထည် (၆) မောင်ရွှေဖော၏စောင်သုံးထည် အဝတ်ငါးထည် ဘောင်းဘီရှည်တထည် ခြင်ထောင်တလုံး အိတ်၅အိတ် ရေအိုးတလုံး ဦးထုပ်၂လုံး (၇) မောင်ဟဲပွယ်၏ အိုး၂လုံး ခွက်၂ခွက် ဘောင်းဘီရှည် ၆ထည်အင်းကျီ၎ထည် ပုဆိုး၂ ထည် အိတ်၃လုံး ငွေ၃၀၀၀ကျပ် တို့ ဖြစ်သည်။

ထိုအရပ်တွင်လှုပ်ရှားသောရန်သူတို့၏ရှို့မီးကြောင့်ဒေသခံရွာသား များ၏ တောင်ယာခင်း စိုက် ပျိုးခင်းများစွာပျက်စီးခဲ့ရသည်။
- ထန်းတပင်မြို့နယ်၊ ၈.၃.၂၀၁၀ နေ့ ၁၄း၀၀အချိန် ကလောမီးဒဲရှိ ခမရ(၄၂၁) အုပ်စုသည် ကလောမီးဒဲရွာ သား (၇)ဦး ရွာသူ (၈)ဦးတို့ကို အတင်းအဓမ္မသူတို့၏ရိက္ခာကိုသယ်ပို့ခိုင်း။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မုံးမြို့နယ်၊ ၅.၃.၂၀၁၀ နေ့ ၁၄း၀၀ အချိန် စောခါဒဲအရပ်တွင်လှုပ်ရှားသော နအဖတပ်၏ ရွာထဲသို့လက် နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် ရွာသူရွာသား(၃၁၄) ယောက်သည် တောကြီးမျက်မည်းထဲသို့ ထွက်ပြေးတိမ်း ရှောင်နေရဆဲ။ လတ်တလော ထိုသို့ထွက်ပြေးရသောကြောင့် စားစရာများနှင့် ကျန်သောအသုံးအဆောင်များ ကိုထားခဲ့ရတဲ့အပြင် ယခုထက်တိုင် နေရပ်သို့ပြန်ပြီး အသုံးအဆောင် စားစရာများယူရန်လမ်းလုံးဝမရှိပါ။ ပြန် လည်းမယူရဲပါ။ ကွမ်းခြံ ကွမ်းရွက်ခြံများကိုဒီအတိုင်းပစ်ထားခဲ့ရပြီး ပြန်လည်မလုပ်ကိုင်ရဲသေးပါ၊ စောခါဒဲရွာရှိ အိမ်ခြေ(၇၀) ခန့် ရွာသူရွာသားများသည် ယခုစားစရာများ မရှိသောဒုက္ခ အပြင် ရောဂါများနှင့်လည်းတောထဲ တွင်ရင်ဆိုင်နေရသည်။

တပ်မဟာ(၆) ဒူးပလာယားခရိုင်။
- ၇.၃.၂၀၁၀ နေ့ DKBA 908 မှ ဘိုကျော်ကျော် ဦးစီးသောအုပ်စုသည် ရွာများအား ဘုရားသုံးဆယ်သို့ စုဝေး စေပြီး ရွာတရွာလျှင် ဆန်၃၀တင်းပေးခိုင်း။ ၂၅.၃.၂၀၁၀ တွင်အရောက်ပို့ခိုင်း။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)