Friday, March 5, 2010

စစ်အစိုးရကို အရေးယူရန် နိုဗဲလ်ဆုရှင်နှင့် ဥပဒေပညာရှင်များ တောင်းဆို

Thursday,04March2010ကိုထွေး(ဧရာဝတီ)

မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် နိုင်ငံတကာက စုံစမ်းစစ် ဆေးပေးရန်နှင့် ဒဏ်ခတ် အရေးယူပေးရန် နိုဗဲလ်ဆုရှင်များနှင့် နိုင်ငံတကာ ဥပဒေပညာရှင်များကတောင်းဆို လိုက် သည်။

အမေရိကန်နိုင်ငံ နယူးရောက်မြို့၌ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသော အမျိုးသမီး ၁၂ ဦးတို့၏ ဖြစ်ရပ်များနှင့် အတွေ့အကြုံထွက်ဆိုချက်များကို အင်္ဂါနေ့က ကြားနာခဲ့ပြီးနောက် Nobel Women's Initiative အဖွဲ့က ကြေညာချက် တစောင်ထုတ် ပြန်၍ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ သက်သေထွက် ဆိုရာနေရာ ကို ခုံရုံးကဲ့သို့ ပြင်ဆင်၍ နိုဗဲလ်ဆုရှင်များဖြစ်သော ဂျိုဒီဝီလီယံ၊ Shirin Ebadi၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် ဥပဒေပညာရှင် ပါမောက္ခ Vitit Muntar- bhorn နှင့် တောင်ကိုရီးယားနိုင်ငံမှ ဒေါက်တာ Heisoo Shin တို့က တရားသူကြီး ၄ ဦးအဖြစ် ဆောင် ရွက်၍ကြားနာခဲ့ကြောင်းသိရသည်။

“မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေက ကာလအတော်ကြာပါပြီ၊ အဆုံးသတ်ဖို့ သင့်ပါပြီ” ဟုဂျိုဒီဝီလီယံကထုတ်ပြန်ချက်တွင်ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ်ဖိနှိပ်မှုများကို မီးမောင်းထိုးပြ၍ မူဝါဒချမှတ်သူများနှင့် နိုင်ငံရေး ခေါင်း ဆောင်များမှ အရေးယူဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် အတွက်ရည်ရွယ်၍ ယခု ကဲ့သို့ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

သက်သေထွက်ဆိုခဲ့သော အမျိုးသမီးတဦးက ၈၈မျိုးဆက်ကျောင်းသား အဖွဲ့တွင် ပါဝင် ခဲ့မှုကြောင့် ၁၉၈၉ ခုနှစ် တွင် အဖမ်းခံခဲ့ရစဉ် ကိုယ်ဝန် ၅ လရှိပြီဖြစ်ကြောင်း၊ အဆိုပါ ကိုယ်ဝန်ကို အကျဉ်းထောင် အတွင်း၌ တစုံတရာ ဆေးဝါးကုသမှုမခံရဘဲ မွေးဖွားရကြောင်း၊ ယခုအခါသူမမှာကလေးထပ်မံ မရနိုင် တော့ကြောင်း၊ အဖမ်းခံရစဉ်က ၁၂ ရက်ခန့် အစာမစားရကြောင်း၊ထောင်အတွင်း မသန့်ရှင်းသည့် ရေကိုအတင်းသောက် သုံးခိုင်းသည့်အတွက် ယခုအခါသူမသည် အသည်းနှင့် သက်ဆိုင်သော ရောဂါ ကိုခံစားနေရကြောင်းပြောသည်။

ယင်းထွက်ဆိုခဲ့သော အမျိုးသမီးများသည် ယခုအခါတွင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်နှင့် ကနေဒါတို့တွင် နေထိုင်လျက်ရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“မြန်မာအစိုးရအနေနဲ့ နိုင်ငံအတွင်းမှာ ပြည်သူတွေကို လုပ်ချင်သလိုလုပ်လို့မရပါဘူး” ဟု နိုဗဲလ်ဆုရှင် Shirin Ebadi၏ ပြောဆိုချက်ကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာလူမျိုးများကို ကြီးစိုးမင်းမှုထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်၏ ရာဇ၀တ်သားကောင် ဖြစ်ပြီး နိုင်ငံတကာအနေဖြင့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နောက်လိုက်များ ကျူးလွန်ခဲ့ကြသည့် ရာဇ၀တ်မှုများ အတွက် လက်ဆုပ်လက်ကိုင် မပြနိုင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေးအတွက် နိုင်ငံတကာမှ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ အစီအစဉ်ကို Nobel Women's Initiativeအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Nobel Women's Initiativeအဖွဲ့ကို ငြိမ်းချမ်းရေးနှင့် တူညီမျှတရေးကို ဆောင်ရွက်ရန်အတွက် နိုဗဲလ် ဆုရှင် ၆ ဦးက၂၀၀၆ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)