Sunday, March 7, 2010

International Woman Day တွင် ချီတက်ပွဲနှင့် ဟောပြောပွဲ

06/02/2010
ဖန်းလေး

အခန်းအနားသို့တက်ရောက်ခဲ့ ကရင်အမျိုးသမီးများ

၀၆/၀၃/၂၀၁၀ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ စတင်ကာ International Women Day ကို Sydney Town Hall နှင့် Martin Place (၂)နေရာတွင် ချီတက်ပွဲများ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ထိုအခန်းအနားသို့ လူဦးရေ (၃၀၀)ကျော်ခန့်တက်ရောက်ပြီး ချီတက်ပွဲများ၊ ဟောပြောပွဲများဖြင့် စီကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
Naw August PHAN မှ စကားပြောကြားစဉ်
၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာဆိုင်ရာ အမျိုးသမီးအခွင့်ချိုးဖေါက်ခံဖေါက်ခံရမှုနှင့် ပတ်သက်၍ အထူးသဖြင့် မြန်မာနိုင်ငံ စစ်အာရှင်တို့၏ ထိုးစစ်ဒေသများတွင် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ချိုးနှိမ်ခံရခြင်း၊ အမျိုးသမီးများအတွက် လုံခြုံရေးမှုကင်းမဲ့နေခြင်း အစရှိသဖြင့် မြန်မာပြည်တွင်းရှိအမျိုးသမီးတို့၏ဘ၀နှင့် နယ်စပ်အမျိုးသမီးတို့၏ ခါးသီးဖွယ်ရာ ကြုံတွေ့ရင်ဆိုင်နေရမှုများနှင့် ထိုးစစ်ကြောင့် မြန်မာပြည်အရှေ့ခြမ်း ထိုင်းမြန်မာနယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်အများအတွက် လိုအပ်သောအကူအညီများကို Australia အစိုးရအနေနှင့် ကူညီပေး ပါရန် ထိုအခန်းအနားတွင် နော်သြဂက်ဖန်း(Naw August Phan)မှ တက်ရောက် စကားပြောကြားသွားခဲ့ပါသည်။

အခြားနိုင်ငံတကာအမျိုးသမီးများမှလည်း ၎င်းတို့၏ အခွင့်အရေးချိုးဖေါက်မှုခံရမှုများကို ထိုအခန်းအနားတွင် အသီးသီးပြောကြား ခဲ့ကြပြီး အမျိုးသမီးအခွင့်အရေးချိုးဖေါက်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံတကာမှ ၀ိုင်းဝန်း ဖိအားပေး ကူညီဆော်သြပေးနိုင်ရန် တောင်းဆိုခဲ့ကြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)