Thursday, June 3, 2010

ထိုင်းဝန်ကြီးချုပ်ကို လွှတ်တော် ဆက်ထောက်ခံ

ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 02 ဇွန် 2010


ပြီးခဲ့တဲ့လတုန်းက ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ နှိမ်နင်းမှုတွေအကြောင်း ထိုင်းလွှတ်တော်အတွင်း အချေအတင် ပြောဆိုခဲ့ကြပြီး ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝပ် (Abhisit Vejjajiva) ကို အယုံအကြည်မရှိ အဆို တင်သွင်းခဲ့ကြပေမဲ့လည်း ၀န်ကြီးချုပ်ဘက်က အနိုင်ရခဲ့ပါတယ်။

အောက်လွှတ်တော်အတွင်း မဲခွဲမှုမှာ ၂၄၆ မဲ၊ ၁၈၆ မဲနဲ့ ၀န်ကြီးချုပ်က အသာရခဲ့ပြီး သူ့ကို ထောက်ခံသူတွေက လက်ရှိ ညွန့်ပေါင်းအစိုးရမှာ အများစုဖြစ်လို့ သူတို့ကို ကျေးဇူးတင်ကြောင်း ၀န်ကြီးချုပ် အဘီဆစ်က ပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့လယ်ကောင်မှာ အချိန် ၂ လကြာ ဆန္ဒတွေပြခဲ့ကြတဲ့ အနီရောင်အင်္ကျီဝတ် အစိုးရ ဆန့်ကျင်သူတွေကို ရှင်းလင်းခဲ့တဲ့ နေရာမှာ ၀န်ကြီးချုပ် အဘီဆစ်ဟာ စစ်တပ်ကို အလွန်အကျွံ သုံးစွဲခဲ့တယ်လို့ အတိုက်အခံ ပူးအာ့ထိုင်းပါတီက စွပ်စွဲပါတယ်။

အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးပြီး ၂,၀၀၀ လောက် ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ဒီကိစ္စတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်တဲ့အခါ သူ့ဘက်က ဘာမှ ၀င်ပြီး စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ်က ကတိပေးထားပါတယ်။

နားဆင်ရန်


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)