Friday, June 4, 2010

အိန္ဒိယ၊ အမေရိကန် မဟာဗျူဟာအရေး ဆွေးနွေးမည်

ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 03 ဇွန် 2010


နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အိန္ဒိယနဲ့ အမေရိကန် အဆင့်မြင့် အရာရှိတွေ မကြာခင် တွေ့ဆုံဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ အပါအ၀င် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်.အမ် ခရစ်ရှ်နား (S. M. Krishna) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း အမေရိကန် နိုင်ငံကိုရောက်နေတဲ့ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်ဖို့ ရှိပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲဟာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံအကြား အကြောင်းအရာ အများအပြားကို ဆွေးနွေးကြမယ့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွေထဲက ပထမအဆင့်လည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အဆင့်မြင့်နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေလည်း ဒီဆွေးနွေးပွဲထဲမှာ ပါဝင် ဆွေးနွေးမယ့်အကြောင်း အရာရှိတွေက ပြောပါတယ်။

အမေရိကန်နဲ့ အိန္ဒိယ ကုမ္ပဏီတွေ အနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တုန်းက တိုက်တွန်းခဲ့ပါတယ်။

နားဆင်ရန်

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)