Sunday, September 5, 2010

သောင်းနှင့်ချီသည့် ကရင်လူထု စစ်အစိုးရတပ်၏ တိုက်ခိုက်မှု ခံနေရ

03 Sep 2010
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

ကရင်ပြည်နယ် အရှေ့ခြမ်း၊ ဖာပွန်ခရိုင် လုတောမြို့နယ်ရှိ ကျေးရွာများမှ သောင်းနှင့်ချီ သည့် ကရင်ပြည်သူများ သည် စစ်အစိုးရတပ်၏ တိုက်ခိုက်မှုခံနေရကြောင်း ကရင်လူ့အခွင့် အရေးလှုပ်ရှားမှုအဖွဲ့(KHRG)က ယနေ့ အစီ ရင်ခံစာတစောင်ထုတ်ပြန်သည်။

“တင်းကြပ်သည့် အခြေအနေအောက်တွင် မိမိကိုယ်ကို ကာကွယ်ခြင်း” အမည်ဖြင့် ထုတ်ပြန်သော ယင်း အစီရင်စာတွင် စစ်ပွဲကြောင့် တောတောင်များ အတွင်းပုန်းအောင်းနေသည့် ကရင်ရွာသားများကို စစ်အစိုးရ တပ်က ၎င်းတို့ထိန်းချုပ်ရာဒေသများသို့ ပြောင်းရွှေ့ရန် စစ်ဆင်ရေးများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

လက်ရှိကရင်ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲကို ကရင်လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ နော်အယ်ဖောထူးက အခုလိုပြောသည်။

“လက်ရှိအခြေ အနေမှာ SPDC က သူတို့ရဲ့ရွာကို ဆက်လက်ပြီးတော့ တိုက်ခိုက်တာခံနေရပါတယ်။ နှစ်သောင်းခုနှစ်ထောင်လောက်ရှိတဲ့ ရွာသူရွာသားတွေက သူတို့ဒီအခြေ အနေမျိုးကိုရင်ဆိုင်နေရပါ တယ်။ အခုအခြေအနေက ပိုပြီးတော့ဆိုးရွားလာလို့ပေါ့နော်။ ရွာသူရွာသားတွေ အစားအသောက်ပြတ် လပ်တာတို့၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကူညီမှုတွေ ပြတ်လပ်တာတို့ အဲလိုမျိုးတွေ ပိုပြီးတော့ဆိုးလာ လို့ အခုကျမတို့ ဒီအစီရင်ခံစာ ထုတ်တာပါ။”

ယခုနှစ် ဂျူလိုင်လကုန်ပိုင်းက ဒဒါးရ်ဒဲ ကျေးရွာကို စစ်အစိုးရတပ်မှ တိုက်ခိုက်ခဲ့သည်ဟု ၄င်းက ယခုလို ဆက် ပြောသည်။

“သူတို့ရဲ့ စားဝတ်နေရေး၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေ ဖျက်ဆီးတာခံရတယ်။ ရွာမီးရှို့တာ ခံရတယ်ပေါ့နော်။ နောက်ပြီးတော့ ရွာသူရွာသားတွေ နေခဲ့တဲ့နေရာ၊ နေနိုင်မယ့် နေရာတွေမှာ မိုင်း တွေကိုထောင်ထားတယ်ပေါ့။ သူတို့ရဲ့ ဆန်တွေထားတဲ့ နေရာတွေကို မီးရှို့တာတို့ ရွာမီးရှို့တာတို့ရှိ တယ်။ အဲဒီမှာ ဘုရားကျောင်းတစ်လုံး မီးရှို့ခံရတယ်။ ဆေးပေးခန်းတစ်လုံးမီးရှို့ခံရတယ်။”

အလားတူ စစ်ဆင်ရေးများကြောင့် တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်ခရိုင်တို့မှ ကရင် ကျေးရွာသား ရှစ်သောင်း ကိုးထောင်ခန့်သည်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရ သည်ဟု ထိုင်းမြန်မာနယ်စပ် ပူးပေါင်းကူညီရေး အဖွဲ့ (TBBC) ၏ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်အစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်ဖွဲ့များ နှင့် ဒေသခံကျေးရွာသားများအား အဆက်အသွယ်ဖြတ်တောက် လို၍ စစ်အစိုးရထိန်းချုပ်နယ်မြေများအတွင်း ယခုလိုပြောင်းရွှေ့နေခိုင်းခြင်းဖြစ်နိုင်သည်ဟု နော်အယ်ဖောက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)