Sunday, September 19, 2010

ကေအိုင်အိုဋ္ဌာနချုပ်မှ အရေးကြီးပစ္စည်းများ ရွေ့ပြောင်း

Friday, 17 September 2010 19:13 သျှမ်းသံတော်ဆင့်


တရုတ်နယ်စပ်အနီးရှိ ဋ္ဌာနချုပ်လိုင်ဇာမြို့မှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ပိုင် အရေးကြီးပစ္စည်းများကို ယခင်ဌာန ချုပ်ဟောင်း လိုင်စင်စခန်းသို့ ယခုလ ၁၅ ရက်နေ့မှ စတင် ပြောင်းရွေ့နေကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ တဆင့် သိရသည်။

ယခင် လိုင်စင်စခန်း၌ ထားရှိသော ကေအိုင်အို ဋ္ဌာနချုပ်ရုံးကို နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း လိုင်ဇာ သို့ ရွေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုစစ်ရုံးချုပ်ရှိ ပစ္စည်းများကို ရွေ့ပြောင်းနေသော်လည်း လိုင်ဇာမြို့ အုပ်ချုပ်ရေးဋ္ဌာနများ ပြောင်းရွေ့မှုမရှိ ကြောင်း ကေအိုင်အိုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့က နအဖ၏ လက်နက်စွန့်ရေး ရာဇသံကို ကေအိုင်အိုက ငြင်းပယ်ပြီးနောက်ပိုင်း ယခုလ ဆန်းပိုင်းကစ၍ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ကေအိုင်အိုအဖွဲ့ဝင်များ၏ ခရီးသွားလာမှုများကိုကန့်သတ်လိုက် သည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော်

ကေအိုင်အိုနှင့် နအဖ နှစ်ဘက်ကြား ဆက်ဆံရေး တင်းမာနေရာ နောက်ဆက်တွဲ မမျှော်မှန်းနိုင်သည့်စစ်ရေး ခြိမ်းခြောက်မှုအပေါ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ပစ္စည်းများ ရွေ့ပြောင်းခြင်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ဒေသခံမျက်မြင်တစ်ဦးက “ စစ်တပ်ကုန်းပေါ်က ပစ္စည်းတွေ နေ့တိုင်းပဲ ကားတွေနဲ့သယ်နေတာ ၃/၄ ရက် လောက်ရှိပြီ မနေ့က အထိပေါ့ ဒီကရုံး အထိုင်တွေပါ အကုန်ပြောင်းပစ်တာ ပရိဘောဂတွေရော သူတို့ကားတွေနဲ့ လိုင်စင်ကို ရွေ့နေ တယ်” ဟု ဆိုသည်။

ယခုအခါ လိုင်ဇာမြို့ လုံခြုံရေးကို ပိုမိုတိုးမြှင့်ထားသော်လည်း အခြေအနေ ပုံမှန်ရှိကြောင်း သိရသည်။ “လိုင်ဇာမှာ ည တိုင်း ကင်းလှည့်နေတယ် အရပ်ဝတ်နဲ့ပေါ့ တစ်ခါတစ်ခါတော့ လက်နက်ကိုင်တွေတွေ့ရတယ် ရဲတွေလည်း ညတိုင်း လှည့် နေ တယ် မသင်္ကာရင်တော့စစ်ဆေးတာပေါ့ အပြင်လူအ၀င်အထွက်နည်းသွားတယ် အခြေအနေကတော့ ပုံမှန်ပါပဲ” ဟု စောစောက ဒေသခံကဆက်ပြောသည်။

လက်နက်စွန့်ရေး ကေအိုင်အို ငြင်းပယ်လိုက်သည့်အပေါ် နှစ်ဘက်စစ်ရေးပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်နေသည့် ဒေသခံများအား ကေအိုင်အိုမှ စစ်ရေးသြဇာကြီးမားသူ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက လူထုရှင်းလင်းပွဲတစ်ရပ်ကို ယခုလ ၃ ရက်နေ့က လိုင်ဇာမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကေအိုင်အိုနှင့် နအဖစစ်အစိုးရတို့သည် ၁၉၉၄ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး နအဖ၏နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် လက် နက် စွန့်ရေး အဆိုကို လက်မခံကြောင်း ကေအိုင်အိုက စက်တင်ဘာလ ၁ ရက်နေ့တွင်ကြေငြာထုတ်ငြင်းပယ် ခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)