Wednesday, October 20, 2010

လူထုကို ကြံ့ခိုင်ရေးပါတီ မဲမပေးရေး စစ်သားတွေက တိတ်တဆိတ် တိုက်တွန်း

19 Oct 2010 01:08 AM PDT
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့၌ အခြေချတပ်စွဲသော ခလရ (၂၆၈) တပ်ရင်းရှိ စစ်သားတွေက ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် ချင်းပြည်သူလူထုကို တိတ်တဆိတ် တိုက်တွန်းနေကြောင်း သိရသည်။

အခုလို စစ်သားများက ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် တိုက်တွန်းရခြင်းမှာ စစ်အုပ်ချုပ်ရေးကို စစ်တပ် ကိုယ်တိုင် မလိုလား တော့ သောကြောင့် ဖြစ်ကြောင်း သိရသည်။

” ယခုလ ပထမပတ်က စစ်သားခုနှစ်ဦးနဲ့ ကျတော်တို့ ၅ ဦး လမ်းမှာဆုံတော့ ကျတော်တို့ကို ခဏထိုင်ခိုင်းတယ်၊ တပ်ကြပ်ကြီး က ကြံ့ဖွံ့ကို မဲပေးယင် စစ်တပ်ပဲ ပြန်အုပ်ချုပ်မှာ၊ လက်အောက်ငယ်သားစစ်သားတွေကလည်း ဒီကြံ့ဖွံ့ပါတီ ကို မဲမပေးဘို့ဆုံးဖြတ်ကြတယ်ကွ၊ ခင်ဗျားတို့ ချင်းပြည်သူတွေ လည်း အဲဒါသတိထားကြလို့ ပြောတယ်” ဟု ခရီးသွား ဧည့်သည်တဦးက ပြောသည်။

ဖလမ်းမြို့နယ် ဒေသခံတဦးက “ ကျနော်တို့ လမ်းမှာ တပ်ကြပ်ကြီးတဦးမှဦးဆောင်တဲ့ နယ်လှဲ့စစ်သား ခုနှစ်ဦးနဲ့ တွေ့ ဆုံခဲ့တယ်၊ စစ်သားများက ကျနော်တို့ကို ခဏထိုင်ပါအုံးဆိုလို့ ကျနော်တို့ ခရီးသည် ၅ ဦးတို့သည် စစ်သားတွေနဲ့ အတူ ထိုင်တော့၊ တပ်ကြပ်ကြီးက ကြံ့ခိုင်ရေးပါတီကို မဲမပေးပါနဲ့၊ သူတိုပါတီက အနိုင်ရရင်တော့ ဘယ်တော့မှအာ ဏာလက် လွတ်မှာ မဟုတ်ဘူး၊ သတိထားပါ ကျနော်တို့ အောက်တန်းကျတဲ့ စစ်သားများကလည်း ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် ဆုံးဖြတ် ကြောင်း ကျနော်တို့ကို ပြောပြတယ်” ဟု ခိုနှုမ်းသုန်ကို ပြောသည်။

ဆက်လက်၍ တပ်ကြပ်ကြီးက “ ကျနော်တို့က မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ဘယ်လိုအစိုးရ ဘဲတက်လာတက်လာ ကိစ္စမရှိဘူး၊ ကြံ့ခိုင်ရေးပါတီသာ အနိုင်ရရင်တော့ မင်းတို့ချင်းလူမျိုးတွေဟာ အခုအခြေအနေ ထက် ပိုဆိုးမယ်၊ ဒါကြောင့် ချင်းပါတီတခုခုကို မဲပေးကြပါ
ဆိုပြီးပြောသွားတယ်” ဟု ထပ်မှန်ပြောပြသည်။

ပြည်သူ့ရဲများ နှင့် အစိုးရဝန်ထမ်းမိသားစုများသည် ကြံ့ခိုင်ရေးပါတီကို မဲမပေးရန် တိတ်တဆိတ် အချင်းချင်း စည်းရုံးနေ ကြ ကြောင်းလည်း သတင်းရရှိ သည်။

ယခုလို စစ်သားများ၊ ပြည်သူ့ရဲများ၊ အစိုးရဝန်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲမပေးလိုခြင်းမှာ တနှစ်ထက်တနှစ် ဝန်ထမ်း များ စားဝက်နေရေး ပိုမိုကြပ်တည်းလာခြင်း၊ လုပ်ငန်းခွင်အတွင်း ကျဉ်းကျပ်ပြီး လွတ်လပ်မှုမရှိခြင်းများကြောင့် ဖြစ်သည်ဟု သိရသည်။

” တလ ကျပ်ငွေ ၃ သောင်းကျော်ရတယ်၊ လစဉ် အနည်းဆုံး ၅ ထောင်အဖြတ်ခံရတယ်၊ ကျန်တဲ့ ငွေက ဒေသဆန် ၂ ပုံး စာ ပဲကျန်တယ်” ဟု သားသမီး ၅ ဦးအမေဖြစ်သူ မတူပီမြို့နယ်မှ မူလတန်း ကျောင်းဆရာမ တဦးက ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)