Thursday, October 21, 2010

ကေအိုင်အိုပြဿနာတွင် ကေအင်ယူနှင့် ကရင်နီ ပါဝင်လာဖွယ်ရှိ

2010-10-20

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစိုးရရဲ့ တောင်းဆိုချက်ကို ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်မခံခဲ့တဲ့အတွက် စစ်အစိုးရနဲ့ KIO ကြား တင်းမာမှုတွေ ဖြစ်ပွားနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ နှစ်ဖက် တင်းမာမှုတွေ ပိုပြီး တိုးလာခဲ့ပါတယ်၊၊

(Photo: RFA)
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)

အောက်တိုဘာ ၁၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာမှာ KIO ကို သောင်းကျန်းသူလို့ ရေးသား ဖော်ပြလိုက်တာနဲ့ ပတ်သက်ပြီး အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီ့အတွက် နှစ်ဖက် စစ်ရေးအရ ရင်ဆိုင်မှုတွေ ရှိလာနိုင်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲ အလွန် နီးကပ်နေပြီဖြစ်တဲ့အတွက် စစ်ရေးအရ တိုက်ပွဲဆင်နိုင်ဦးမှာ မဟုတ်သလို ဖြစ်လာနိုင်ရင်လည်း အပစ်ရပ် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင် ပတ်သက်လာနိုင်တယ်လို့ ကရင် အမျိုးသားအစည်းအရုံး ကေအင်ယူနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့က သုံးသပ် ပြောဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်ခင်ခင်အိက လေ့လာ တင်ပြထားပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)