Saturday, October 23, 2010

ဂီရိ မုန်တိုင်း မာန်အောင်နှင့် ကျောက်ဖြူမြို့များကို ဖြတ်သန်း တိုက်ခတ်

10/22/2010


ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဂီရိ မုန်တိုင်းသည် ရခိုင်ပြည်နယ်မှ မာန်အောင်နှင့် ကျောက်ဖြူမြို့များကို တနာရီ အနည်းဆုံး မိုင် ၇၀ နုန်းဖြင့် ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။

မာန်အောင်မြို့တွင် မနေ့ ညနေကတည်းက စတင်ခဲ့ပြီး ယနေ့နံက်တွင် မိုင် ၇၀ နုန်းဖြင့် တိုက်ခတ် ခဲ့သဖြင့် ကွမ်းသီးပင်များနှင့် သစ်ပင်များ ကျိုးကျသွားခဲ့သည်ဟု အမျိုးသမီး တစ်ဦး ပြောသည်။

ယနေ့ ညနေ ၄ နာရီကျော်မှ မုန်တိုင်မှာ အားပျော့သွားကြောင်းနှင့် မာန်အောင်မြို့တွင် တခြား အပျက်အစီး အများအပြား မရှိဟု သူမက ပြောသည်။

ကျောက်ဖြူမြို့ကို ယနေ့ နံနက် ၁၁ နာရီမှ ဖြတ်သန်း တိုက်ခတ်သွားခဲ့ပြီး ငလဗွီ တံတားမှာ ကျိုးပျက်သွားပြီး သစ်ပင်များနှင့် အုန်းသီးပင်၊ ကွမ်းသီးပင်များ ပြိုလဲ ပျက်စီးသွားခဲ့သည်။

မုန်တိုင်းကြောင့် ညနေ ၃ နာရီမှ စပြီး ကျောက်ဖြူနှင့် ဆက်သွယ်နေသော ဖုံးလိုင်းများ ပြတ်တောက်သွားခဲ့သည်။

စစ်တွေမှ လူကြီး တဦးကလည်း ကျောက်ဖြူသို့ ဖုံးဆက်သွယ်၍ မရကြောင်း အတည်ပြု ပြောကြားသည်။

ဂီရိ မုန်တိုင်းသည် မြေပုံနှင့် အမ်းမြို့နယ်များကိုလည်း ဖြတ်သန်း တိုက်ခတ်နေပြီး မုန်တိုင်းနှင့် မိုးများပါ ရွာချနေသည်ဟု သိရသည်။

ကျောက်ဖြူတွင် မုန်တိုင်းကြောင့် အပျက်အစီးများနိုင်ကြောင်းနှင့် မနက်ဖြန်မှ အခြေအနေကို သိရှိရမည် ဖြစ်ကြောင်း စစ်တွေမှ လူကြီးမှ ပြောသည်။

http://www.narinjara.com/detailsbur.asp?id=2814 မှ ပြန်လည်ကူးယူဖေါ်ပြအပ်ပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)