Monday, October 18, 2010

ဝေနှင်းပွင့်သုန် ပေ ၁၆၀ အမြင့်မှ ခုန်ချ၊ ဒေါ်လာ တသောင်းကျော်ရ

အောက်တိုဘာ ၁၇၊ ၂၀၁၀
မိုးမခ သတင်း

အကျဉ်းကျ နိုင်ငံရေးသမား ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်က ပေ ၁၆၀ အမြင့်မှ ကြိုးတန်းလန်းဖြင့် ခုန်ချခြင်းဖြင့် ရန်ပုံငွေ ရှာခဲ့ရာ ပေါင် ၈၀၀၀ ၀န်းကျင် (ဒေါ်လာ ၁၃,ဝဝဝ ခန့် သို့မဟုတ် ကျပ် သိန်း ၁၀၀ ကျော်) ရခဲ့သည်ဟု သူ ပါဝင် လှုပ်ရှားသည့် Burma Campaign UK က FaceBook တွင် ရေးထားသည်။ (ဓာတ်ပုံများ - BCUK FaceBook)
ယမန်နေ့က လန်ဒန်မြို့တွင် ထိုသို့ စွန့်စားပြီး ရန်ပုံငွေ ရှာခဲ့ခြင်း ဖြစ်သည်။ ရန်ပုံငွေမှာ သူ၏ အဖွဲ့ နှင့် အကျဉ်းသားဟောင်းတို့ အတွက် ဖြစ်ကြောင်း “So far almost eight thousand pounds raised for former political prisoners and Burma Campaign UK” ဟု FaceBook တွင် ရေးထားသည်။ “အမြင့်ခုန်ရခြင်းကို အတွေ့အကြုံမရှိ၊ စိုးရွံ့သော်လည်း ထောင် ၆၅ နှစ် ကျခံနေရသူ ဖခင် ကိုမြအေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၂၁၀၀ မကသော နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသည့် အခြေအနေနှင့် နှိုင်းယှဉ်၍ မရကြောင်း” http://www.bmycharity.com/V2/jumpforfreedom တွင် ဝေနှင်းက ကြိုတင် ရေးသားထားသည်။ အဖွဲ့အတွက် ရန်ပုံငွေ ရှာခြင်းဖြင့် အဖွဲ့က အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လှုံ့ဆော်နိုင်မည်ဖြစ်သောကြောင့် ရန်ပုံငွေထည့်ခြင်းဖြင့် ထောက်ခံကြရန် ဆော်သြခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)