Tuesday, October 26, 2010

စောဘဦးကြီး မူလေးချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ခြင်း

October 25th, 2010





မောင်လှအေး နဲ့  နော်ဆိုင်းရေ......

နအဖ ကတော့ ဒီကေဘီအေ ကို အစီအစဉ်ရှိရှိနဲ့  ဖျက်ဆီးနေ ပါတယ်။ ဒီလိုဖျက်ဆီးနိုင်အောင် မြိုင်ကြီးငူဘုန်းကြီးက အား တက်သရော ကူညီပေးနေပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာ ကရင်လူမျိုး တဦးပါ။ ဖိုးခွားလို့ ခေါ်ပါတယ်။

ကျနော်ဟာ ဟိုး… မယ်နယ်ပလော မြစ်ဆုံအရေးခင်းဖြစ်ပြီးနောက် ဆရာပန်းခက်ရဲ့ အ ဆွယ်ကောင်းမှုကြောင့် ဒီကေဘီအေထဲကို ပါသူဖြစ်ပါတယ်။ ဗိုလ်မြ က ခရစ်ယန်တွေ ကိုပဲ အားပေးတယ် ဗုဒ္ဒဘာသာကရင်တွေကို နှိမ်ထားတယ်။ ဒီမခံခြင်စိတ်နဲ့  ဒီကေဘီ အေထဲကို ၀င်ခဲ့တယ်။
တကယ့် လက်တွေမှာတော့ ဒီကေဘီအေကလည်း ကျနော်တို့ ဗုဒ္ဓဘာသာကရင် အချင်း ချင်းကို နှိမ်လိုက်တာမှ မပြောပါနဲ့ တော့ဗျာ။ ငြိမ်းချမ်းရေးလုပ်ခဲ့ကြတဲ့ ဆယ်နှစ်ကျော်မှာ ဘယ်သူတွေ ကောင်းစားသလဲ။ အာဏာရလာတဲ့ သူတွေပဲ ကောင်းစားတော့ အားပါး.. လက်ကုန် စိတ်ဓါတ်ကျမိတယ်ဝေး။

ခုကြည့်လေ နအဖ က ဘာလုပ်လည်း။ ဒီကေဘီအေကို ကားပါမစ်တွေချပေးနေတယ်။ လက်နက်နဲ့ ပါမစ်နဲ့  လဲတယ်။ ဒီမိုကရေစီနဲ့  ကားပါမစ်နဲ့ လဲတယ်။ ဘောဒါဂတ် ပါမစ်နဲ့  လဲတာလို့ အောက်ခြေရဲဘော်တွေက ပြောနေကြပါတယ်။
အိုး ယောက်ဖရေ…

ကုန်ကုန်ပြောရရင်တော့ သူဂျီးဒေါ်ကြီးကိုပါ ကားပါမစ်နဲ့ လဲစားကြမယ့် ကောင်းတွေပဲ။

ဒီလိုဗျာ သန်းရွှေက ကား ၁၀ စင်း ပါမစ်ချပေးရင်။ နယ်မြေခံ စစ်တိုင်းမှုး၊ ဗျုးဟာမှုးတွေ က ၃ စီးဖိုးယူတယ်။ ဒီကေဘီအေကို ၇ စီးဖို။ဒီကေဘီအေက ၇၀ ရာခိုင်နှုန်း ၊ နယ်မြေခံ နအဖ တွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့ သဘောပါ။ ကရင်လူထုကတော့ တစီးမှ မရဘူး ယောက်ဖရ။ မောင်ချစ်သူနဲ့ သူနောက်လိုက်တွေပဲ စားလိုက်ကြတာ။

နယ်စပ်တံခါးပိတ်ခ အနေနဲ့  ဒီကေဘီအေကို ကားပါမစ်တွေပေးပြီး ပါးစပ်ပိက်ထားခိုင်း လိုက်တာပေါ့ကွာ ။ ဒီကေဘီအေ ငြိမ်နေတာက ကားပါမစ်လေးတွေ မျိုးမျိုးမြက်မြက်ရ နေလို့ ပါ။ ကစထမှုး၊ တိုင်းမှုး၊ ဗျူဟာမှုး၊ ဒီကေဘီအေ ခေါင်းဆောင်တွေ ပေါင်းစားကြ တဲ့ သဘောပါပဲ။ ဒီကေဘီအေဟာ တော်လှန်ရေးပြန်လုပ်မလားလို့ မေးရင်တော့ တသိ ညားဘာ (ဘာသိမလဲ) လို့ ပြောရမလိုဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်း ဆောင်တွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ချမ်းနေပြီလေ။

မောင်ချစ်သူဆိုရင် ကားပါမစ် အစီး ၂၀၀ ခန့်ရထားပါတယ်။ ဒေါ်လာနဲ့တွက်ရင် ဒေါ် လာ ၁၀ သန်းခန့် ရ ရှိနေပါတယ်။
ဒေါ်လာ ၁၀ ခန့်  ရခဲ့ပြီးဖြစ်တယ်။ကထစမှုး၊ တိုင်းမှုးတွေလည်း အလားတူ ဒေါ်လာ ၁၀ သန်းအထက်စီရခဲ့ကြပါတယ်။
အလားတူပဲ ကထစမှုး၊ တိုင်းမှုးတွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့အတွက် ဒေါ်လာ ၃ သန်း စီလောက်တော့ ရပြီးဖြစ်ပါတယ်။

ဒါက ရွေးကောက်ပွဲမှာ လူတွေက အပြောင်းအလဲများဖြစ်မလားလို့ ထင်နေကြတာ။ ယောက်ဖ ၊ငါပြောမယ်။ ဒီကေဘီအေခေါင်းဆောင်တွေကို နအဖ က ငြိမ်ဆေးကျွေး လိုက်ပြီကွ၊ တနည်းအားဖြင့်ပြောရရင်တော့ လက်နက်နဲ့ ကားပါမစ်၊ စောဘဦးကြီးမူလေး ချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ပြီလေ။ စောဘဦးကြီးမူလေးချက်က ကားပါမစ်ဖြစ်သွား ပြီကွ။

မြန်မာစစ်တပ်က ဗိုလ်ချုပ်တွေကတော့ ကရင်ဆိုရင် ဘယ်ကရင်မှ မကောင်းဘူး။ မယုံရ ဘူးလို့သူတို့ ပြောနေကြပါတယ်။ ငါတို့ မကြားတကြားပြောတာကွ။ မျောက်အမြီးနဲ့မျောက်ကို ပြန်ချီထားတာလို့ သူတို့ အချင်းအချင်းအရက်ဝိုင်းတွေမှာ စကားကျွံလာလေ့ရှိပါတယ်။ တို့ ပြောတဲ့အတိုင်းမလုပ်ရင် လင်းထင်လို့ ပဲ ဇတ်သိမ်းစေရမယ်လို့ လည်း အမူးလွန်လာရင် ကျွဲခိုးပေါ်သလိုပေါ်နေကြတယ်။

ဒီထဲမှာ ဗိုလ်နှုတ်ခန်းမွေး က တော့ ပြတ်ပြတ်သားသား ရပ်တည်နေဆဲ လို့ သိရပတယ်။ သူက ပေးတာယူကျွေးတာစား ၊ စောဘဦးကြီးမူ လေးချက်အတိုင်း ရပ်တည်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စောဘဦးကြီးမူလေးချက်ကို ကားပါမစ်နဲ့ လဲမစား ဘူးပေါ့ဗျာ။
ကရင်အကွဲအပြဲမှာ ဘယ်သူတွေကောင်းစားလဲ လို့  ငါပြောမယ်။ မင်းမှတ်ထား။

၁- မြိုင်ကြီးငူဘုန်းကြီး – ဘုရားတည်ခွင့်ရ၊ ကျောင်းဆောက်ခွင့်ရ၊ သွပ်ပြားပါမစ်ရ၊ ဘိ လပ်မြေပါမစ်ရ။
၂- မောင်ချစ်သူ- တနှစ်ကို ကားအစီး ၂၀၀ ပါမစ်ရ
၃- ကစထမှုး – သက်နိုင်ဝင်း – ကား ၂၀ ပါမစ်ရ
၎- တိုင်းမှုး – ထွန်းနေလင်း – ကားပါမစ်ရ၊ ဂိတ်ကြေးတွေရ
၅- စစ်ဗျူဟာမှူး ကျော်နိုင်ဦး၊ နိုင်ဝင်း ဂိတ်ကြေးတွေရ

မြိုင်ကြီးငူ ဘုန်းကြီးက တို့  ဘုန်းကြီးပဲ။ ဒါပေမဲ့ကွာ ဖုန်းကြီးက တလွဲတွေရှောက်လုပ်ခဲ့ တာ။ ကရင်ကိုကွဲအောင်လုပ်တာ သူလာရှင်းပေးတော့ပဲ။ ခုတော့ သူက သန်းရွှေဘုန်း ကြီးဖြစ်သွားပြီ။ သာမညတောင်ဆရာတော်ကြီးဆို မြိုင်ကြီးငူဖုန်းကြီးကို သူဆီမလာနဲ့  တော့လို့ မောင်းထုတ်ခဲ့တယ်။ တို့  ကရင်လူထုကတော့ ဟိုတုံးကလည်း ညာဦးထီး၊ (ငပိ)၊ ဒီနေ့လည်း ညာဦးထီး၊ မနက်ဖြန်ကော ညာဦးထီး ပါပဲလို့ ပြောရင်းနဲ့ပဲ ငါ့စာကို ရပ် တော့မယ်ကွာ နိဂုံးချုပ်လိုက်ပါတယ်။ ငါ ဖိုးခွားပါ ယောက်ဖရေ။ မဲဆောက်က လောက်ခေါင်လေး တပုလင်းလောက် အဆင်ပြေရင် ပို့ လိုက်ပါဦး ယောက်ဖရေ။

ဖိုးခွား

ဒီကေဘီအေ

http://www.naytthit.net/?p=2787 မှ ကူးယူဖေါ်ပြအပ်ပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)