28 Oct 2010
Freedom News Group
ကြံဖွံ့ ပါတီ ၏ ယခင် ရုံးချုပ်ဟောင်း ဖြစ်သည့် ရန်ကုန်တိုင်း ဗဟန်းမြို့ နယ် သံလွင် လမ်း တွင် ကျင်းပသည့်ကြံ့ဖွံ ပါတီ ၏ တရားဝင် ပထမ ဦးဆုံး အကြိမ် ဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်တွင်း နှင့် နိုင်ငံခြား သတင်းထောက်များ နှင့် တွေ့ ဆုံရာတွင် တောင်ဥက္ကလာပမြို့ နယ် မှ ၀င်ရောက် အရွေးခံမည့် ကြံဖွတ် ပါတီ အမတ်လောင်း နှင့် လက်ရှိ မြို့ တော်ဝန် ဦးအောင်သိန်း လင်းက သတင်းထောက် နှစ်ဦး အား ပုဆိုးလှန် ပြခဲ့သည်
ဟု သိရသည်။
ကြံ့ဖွံ့ ပါတီ မှ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲဉ် နိုင်ငံခြား သတင်းထောက်များက ရန်ကုန်မြို့ ဉ် လမ်းများခင်းနေသည်မှာပါတီပိုင် ငွေလား ၊ ပြည်သူပိုင် ငွေလား ဟု မေးမြန်း စဉ်က တည်းက ဦးအောင်သိန်းလင်းကစိတ်ဆိုမာန်ဆိုး ဖြင့် ပြောခဲ့ သော်လည်းလယ်ယာဆည် မြောင်းဝန်ကြီး ဖြစ်သူ ဦးဌေးဦးက ယဉ်ကျေးစွာပင် ဖြေဆိုခဲ့သည်။
သတင်းစာရှင်းလင်း ပွဲပြီးနောက် ပြည်တွင်း သတင်းထောက် တစ်ဦးက အလွတ် သဘောမေးမြန်းသည့်မေးခွန်းတစ်ခု ဖြစ်သည့်“ရွေးကောက်ပွဲ ၀င်တော့ မယ် ဆိုတော့ မြို့ တော်ဝန် ရာထူးက နှုတ်ထွက် ဖို့ အစီအစဉ်မရှိဘူးလား”ဆိုသည့် မေးခွန်းကို၎င်းက ဒေါသတကြီး ဖြင့် ဒါမင်းတို့ ကိစ္စမဟုတ်ဘူးဟုအစချီပြီးဆဲရေး တိုင်းထွာကာ ပုဆိုးလှန် ပြခဲ့သည်ဟုအဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့်သတင်းထောက် တစ်ဦး က Freedom News Group သို့ ပြောသည်။
မြို့တော်ဝန် အောင်သိန်းလင်း သည့် ယခင်ကလည်း ဈေးမီးလောင်မှု၊တိုက်ပြိုကျမှုများတွင်လာရောက်သတင်းယူသည့်သတင်းထောက်များအား ဆဲရေးတိုင်းထွာမှုများ ပြုခဲ့ပြီး၊၎င်း၏မဲဆန္ဒနယ်တွင်ပြီးခဲ့သည့်လကမဲဆွယ်ရာဉ်ဘာသာရေး နိုင်ငံရေးအရအငြင်းပွားဖွယ်ရာများ ပြုလုပ်ခဲ့သည်။
ယမန်နေ့ ကကျင်းပခဲ့သည့် ကြံ့ဖွံ့ ပါတီ၏မဲဆွယ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သူသတင်းထောက်တစ်ဦးကဦးအောင်သိန်းလင်း သည် အလွန် မိုက်ရိုင်းသည့်အပြုအမူရှိ ပြီးလက်ရှိ မြို့ တော်ဝန် နှင့်အမတ်လောင်း တစ်ဦး အနေနှင့် မဖွယ်မရာ အပြုအမူ ကို လုပ်ခဲ့ခြင်း ကြောင့် ဦးဌေးဦး က ပင် တားယူရသည် ဟုသိရသည်။
သတင်းစာ ရှင်းလင်းပွဲသို့ သတင်းထောက် ၈၀ ကျော်တက်ရောက်ခဲ့သည်။ကြံ့ဖွံ့ ပါတီအနိုင်ရလျှင်စီးပွားရေး ပြုပြင် ပြောင်းလဲမှုများပိုလုပ်မေးမည် ဟု ဦးအောင်သိန်း လင်းက ပြောကြားခဲ့သည်။
လက်ရှိ ၀န်ကြီး ချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့ ပါတီသည်ဂီရိမုန်တိုင်း ကြောင့်ပျက်စီးဆုံးရှုံးသေကြေမှုများ ဖြစ်ပေါ်ခဲ့သည့်ရခိုင် ပြည်နယ် တွင် အကူအညီတစ်စုံတစ်ရာ ပေးမှုမရှိဟုသိရသည်။
No comments:
Post a Comment