Tuesday, October 19, 2010

ထိုင်းတွင် မြန်မာနိုင်ငံသား ၈၂ ဦး ဖမ်းဆီးခံရ

Monday, October 18, 2010


ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်မြို့နယ်တွင် တရားမ၀င် နေထိုင်နေသော မြန်မာနိုင်ငံသား ၈၂ ဦးကို ထိုင်းစစ်သားတွေက ဒီနေ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချုံဖော်ခရိုင်ကနေတဆင့် တခြားနေရာကို မသွားခင် အဲဒီဒေသမှာရှိတဲ့ စာသင်ကျောင်းတခုထဲမှာ အဖမ်းခံရတာဖြစ်ပြီး အမျိုးသား ၊ အမျိုးသမီးတွေအပြင် ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ ရေးထားပါတယ်။

ဒီမြန်မာပြည်သားတွေဟာ ရနောင်းမှ လာကြတာဖြစ်ပြီး အခု သူတို့အားလုံးကို ရနောင်းမြို့နယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကနေ တဆင့် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ သိရပါတယ်။
photo; www.mcot.net

သန်းထိုက်ဦး

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)