Sunday, November 14, 2010

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေမှ BGFသတင်း

နိုဝင်ဘာ ၁၄၊ ၂၀၁၀၊ ကေအိုင်စီ
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲ့သဝေါ၊ မိအေးပူ၊ မြိုင်ကြီးငူ စသည့်ဒေသများမှ နယ်ခြားစောင့်တပ်များမှာ ၎င်းတို့၏ BGF ယူနီဖောင်းကို ချွတ်လိုက်ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ရက်နေ့ညနေပိုင်းက အတည်မပြုနိုင်သေးသည့် နယ်စပ်သတင်းများအရ သိရသည်။

ယင်းသို့ နယ်ခြားစောင့်တပ် ၀တ်စုံချွတ်လဲလိုက်သည့် တပ်များထဲတွင် ဗိုလ်ချစ်သူ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ မပါဝင်ဟု သိရသည်။ ထိုနေ့မတိုင်ခင်က မြိုင်ကြီးငူဆရာတော် ဦးသုဇနက မြိုင်ကြီးငူအထူးဒေသတွင် နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ၀တ်စုံချွတ်လဲရန် ပြောဆိုလိုက်သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။ သို့သော် သတင်းအချက်အလက် ပိုမိုတိကျရန်အတွက် ဆက်လက် အတည်ပြု တင်ပြ သွားမည်ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)