Monday, November 8, 2010

ဒီကေဘီအေနှင့် ကေအဲန်ယူ ပူးပေါင်းတပ် ဘုရားသုံးဆူမြို့ကို စတင်သိမ်းပြီ

နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီ၊ ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် အဆိုပါ ပူးပေါင်းတပ်တို့က ဘုရားသုံးဆူမြို့ကို စတင် ၀င်သိမ်း ပြီဟု သိရသည်။


ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ ကျနော်တို့လူတွေ ပူးပေါင်းပြီးတော့ နအဖ ခလရ(၂၈၃)နှင့် ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့တ၀က်ခန့်ကို ၀င်ရောက်သိမ်းဆည်းနိုင်ပြီဖြစ်သလို နအဖ ကြေးနန်းဆက်သွယ်ရေးရုံး၊ စိုက် ပျိုးရေးရုံးကို ဒီကေဘီအေနှင့် ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့တို့ ၀င်ရောက်မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စောထဲနေက ပြော သည်။

ကေအဲန်ယူ၏ ပြောပြချက်အရ လက်ရှိအချိန်တွင် ဘုရားသုံးဆူ၌ ဒီကေဘီအေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)၊ မွန်ပြည်သစ်ပါတီ(အဲန်အမ်အစ်စ်ပီ)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့(၄)ဖွဲ့ စစ်ရေးပူးပေါင်းလိုက်ပြီ ဟုလည်း ပြောသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘုရားသုံးဆူမြို့ခံများ အထိတ်တလန့် ဖြစ်ပွားနေသည့်အပြင် အထုပ်အပိုးများ ပြင်ဆင်နေရ ကြသည်ဟု မြို့ခံတဦးက ပြောသည်။

သူက “အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ ပစ်ပြီ။ အခု မြို့ခံတွေကတော့ ကိုယ့်အထုပ်အပိုးတွေ သိမ်းဆည်းကြပြီ။”ဟု ပြော သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)