Tuesday, November 9, 2010

မြန်မာ-ဒီကေဘီအေ တိုက်ပွဲပေါ် ကေအိုင်အေ အနီးကပ်စောင့်ကြည့်

Tuesday, 09 November 2010

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) သည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) နှင့် မြန်မာစစ်အစိုးကြားဖြစ်ပွားနေသော ထိုင်းနေစပ်အနီး မြ၀တီ စစ်ပွဲအား အနီးကပ်စောင့်ကြည့်နေသည်ဟု ကေအိုင်အေမှ သိရသည်။
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှ ဒီကေဘီအေ တပ်မဟာ ၅ မှ တပ်ဖွဲ့များ
 
မြန်မာစစ်အစိုးရထိန်းချုပ်သည့် မြ၀တီမြို့ထဲဝင်ရောက်ပြီး အရေးပါသောနေရာများ ကို သိမ်းပိုက်ခဲ့ရာမှ မြန်မာတပ်များ နှင့် စစ်ပွဲစတင်ခဲ့သည်။

ရွေးကောက်ပွဲနေ့မှစတင်တဲ့ မြန်မာစစ်တပ် နဲ့ ဒီကေဘီအေ တိုက်ပွဲကြောင့် ထိုင်းဘက် မဲဆောက်မြို့သို့ ဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်ပြေးရောက်ရှိနေပြီဖြစ်တယ်။
နှစ်ဖက်တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိကြောင်းနှင့် ထောင်ဂဏန်းရှိသော စစ်ပြေးဒုက္ခသည်များ တစ်ဖက်နိုင်ငံ မဲဆောက်သို့ သောင်းရင်းမြစ် (ထိုင်းလို Moui မြစ်) ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲသို့ခိုလှုံလာကြသည်။ ဒီကေဘီအေမှ မြန်မာစစ်သား ၈ ဦးဖမ်းဆီးရမိကြောင်း အစီရင်ခံစာတစ်ခုကဆိုသည်။

မြ၀တီမြို့တောင်ဘက် ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်တွင်လည်း ဒီကေဘီအေတပ်ဖွဲ့ အစိုးရအဆောက်အဦးများအား မီးရှို့လိုက်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ထိုင်းနိုင်ငံဘက်ခြမ်းအထိ ဖြစ်ပွားကြောင်းသိရသည်။

နှစ်ဖက်စစ်ရေးအခြေအနေကို အသေးစိတ်အကဲခတ်လေ့လာနေကြောင်းနှင့် ၎င်းတို့၏တပ်ဖွဲ့များကို ကချင်ပြည်နယ်တ၀န်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တပ်လန့်ထားကြောင်း ကေအိုင်အေမှ သိရသည်။

ကေအိုင်အေသည် ယမန်နေ့ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် စစ်အစိုးရသစ်နှင့် ဖြစ်လာမည့် ပြည်တွင်းစစ်အတွက် စစ်ရေးပြင်ဆင်နေပါသည်။

အောက်တိုဘာ ၁၅ ရက်နေ့က မြန်မာစစ်အစိုးရက ကေအိုင်အေ အား “သောင်းကျန်းသူ” ဟု ကြေငြာခဲ့ပြီး ကေအိုင်အေ နှင့် ၁၆ နှစ်သက်တမ်းရှိသည့် အပစ်အခတ်ရပ်စဲရေးကိုလည်း ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၅ ရက် ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်သည့် တိုင်းရင်းသားစစ်ရေးမဟာမိတ် ၆ ဖွဲ့၏ အစည်းအဝေးမှ “ပြည်ထောင်စုတပ်ဖွဲ့ နှင့် ပြည်ထောင်စုနိုင်ငံရေးလမ်းစဉ်” ကို လက်တွေ့လုပ်ဆောင်သွားရန် သဘောတူခဲ့သည်။

စစ်ရေးမဟာမိတ်အဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ကရင်အမျိုးသားအဖွဲ့ချုပ် (ကေအင်ယူ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (အက်စ်အက်စ်အေ-အန်) တို့ပါဝင်သည်။

တိုင်းရင်းသားစစ်ရေးမဟာမိတ် ၆ ဖွဲ့သည် မိမိတို့အဖွဲ့ဝင်တခုခုအား စစ်အစိုးရမှတိုက်ခိုက်လာလျှင် ၀ိုင်းတိုက်ကြမည်ဖြစ်သည်။

ဘုရားသုံးဆူတိုက်ပွဲတွင် ဒီကေဘီအေထံသို့ ကေအန်ယူက တပ်ကူ ၃၀၀ ဖြည့်တင်းပေးကြောင်းသိရသည်။ သို့သော် ယခုအချိန်ထိ တိုင်းရင်းသားစစ်ရေး မဟာမိတ်အဖွဲ့မှ စစ်ရေးတုန့်ပြန်ခြင်း မရှိသေးပါ။




No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)