Thursday, November 18, 2010

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်။

ကရင်ပြည်နယ်အတွင်း မြန်မာစစ်အစိုးရတပ်များနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲဆက် တိုက်ဖြစ်ပွား လျှက်ရှိသည်။

ကရင်ပြည်နယ်အတွင်း မြန်မာစစ်အစိုးရဘက်မှ တပ်အင်အားများ ထပ်မံတိုးချဲ့ကာ ထိုးစစ်ဆင်လျှက် ရှိကြောင်း တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) ဗိုလ်မှူး အေဝမ်းက ယခုလို ပြောသည်။
“လောလောဆယ် အခြေအနေက သူတို့ ဗျူဟာတွေတက်လာတယ်။ သူတို့ တပ်ရင်း သုံး လေး ရင်း လောက်ပါလာတယ်။ ကျနော်တို့ကို စစ်ဆင်ရေးထိုးဖို့ပေါ့။ အဲဒါတော့ရှိတယ်။ ဒါပေမယ့် ဒီလောက် အင်အားနဲ့ ဘာမှမဖြစ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တပ်ရင်း တစ်ရင်းမှာ တပ်အင်အား ၁၀၀ နဲ့ ၁၂၀ လောက်ပဲလေ အဲ့လောက်ပဲပါတယ်လေ။”

ယမန်နေ့ညက တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်ဟု ဗိုလ်မှူးအေဝမ်းက ယခုလို ဆက်ပြောသည်။

“ သူတို့စစ်ဆင်ရေးထိုးလာတယ်။ အဲ့ဒါ ဗျူဟာ တစ် ဗျူဟာတက်လာတယ်။ သူတို့ အဲ့ဒါ တိုက်ပွဲလည်း တစ်လမ်းလုံးဖြစ်လာတယ်။ ကျနော်တို့ကတော့ အခု တစ်နေရာ ရွှေ့လိုက်တယ်လေ။ မွန်နယ်ဖက် အ ခြမ်း နယ်စပ်အနီးပေါ့ ကျနော်တို့ လောလောဆယ်ဆယ်တော့ အဲ့လိုပဲ နေရာရွှေ့ထားတယ်ပေါ့။ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လေ။ မနေ့ညနေ ၅ နာရီ မိနစ် ၄၀ ကျော်ကျော်လောက်က ချောင်းဆုံအောက်မှာ ချောင်းဆုံနဲ့ ဘုရားတော်ကြားမှာ ဖြစ်တာ။”

အလားတူ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်များကလည်း ပျောက်ကြားနည်းစနစ်များ သုံးပြီး စစ် အစိုးရတပ်များကို တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးအေဝမ်းက ဆက်ပြောသည်။

“ကေအဲန်ယူနဲ့ဖြစ်နေတာက ဟိုး ဟောကလား ကနေစဖြစ်တယ်။ ပြီးတော့ လေးဖိုး၊ အော်ပလိုတို့ တာ တေတို့ တောက်လျှောက်ဖြစ်နေတာပဲ။ သူတို့ကလည်း ဒီကျနော်တို့ ကေအဲန်ယူကလည်း ပျောက်ကြား ပဲသုံးတယ်လေ။ အဲ့ဒါ ထိခိုက်တာတို့က တော်ရုံတန်ရုံတော့ မရဘူး။ နအဖ ဖက်ကတော့ ဒဏ်ရာရတာ ထိခိုက်တာကတော့ တောက်လျှောက် ရနေတာပဲ။ လာတဲ့အဖွဲ့နဲ့ စောင့်တဲ့အဖွဲ့ စောင့်တဲ့အဖွဲ့က ပစ် မယ်။ လာတဲ့အဖွဲ့ကတော့ ထိမှာပဲလေ နော်။ ကေအဲန်ယူ တပ်ရင်း ၁၆ နဲ့ ဖြစ်တာ။”

ယခုအခါ နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားသော ဒီကေဘီအေ တပ်ရင်း ၉၀၇၊ ၉၉၉ တပ်များမှ တပ်သား များသည်လည်း ဒီကေဘီအေနှင့် လာရောက်ပူးပေါင်းလျှက်ရှိကြောင်း သိရသည်။

စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်အတွင်း တွင်သာမက ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ် အသွင် ပြောင်း ရန်ငြင်းဆိုထားသော အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ထဲကိုလည်း ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြကာ တပ်အင်အားများ တိုးချဲ့ နေရာယူထားသည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ မြောက်ပိုင်းများနှင့်ပါ ပြီးခဲ့သည့် အပတ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)