Sunday, November 7, 2010

နေပြည်တော်မှာ ည ၆ နာရီဆို ဆိုင်တွေပိတ်

ရွေးကောက်ပွဲ နီးကပ်လာလို့ နေပြည်တော်မှာရှိတဲ့ ဈေးဆိုင်တွေကို ညနေ ၆ နာရီထိုးရင် ပိတ်ကြဖို့ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက အာဏာပိုင်တွေ ညွှန်ကြားခဲ့ပါတယ်။

"ဆိုင်ခန်းတွေ ညနေ ၆ နာရီဆိုရင် ပိတ်ရတယ်။ ၄ ရက် ရှိပြီ။ စားသောက်ဆိုင်တွေ ပိတ်ရတယ်။ ညနေ ၆ နာရီ ဆိုင်တွေ ပိတ်ပေမယ့် အပြင်တော့ သွားလို့ရပါတယ်" လို့ နေပြည်တော် မြို့မဈေးမှ ဆိုင်ရှင်တယောက်က မဇ္ဈိမကို ပြောပါတယ်။


ည ၁၁ နာရီကျော်မှ ပိတ်လေ့ရှိတဲ့ ဘီယာဆိုင်တွေကတော့ လွန်ခဲ့တဲ့ ၃-၄ ရက်မှာပဲ ည ၉ နာရီဆို ပိတ်ကြရပါပြီ။ ဒါပေမဲ့ သူတို့ကိုလည်း မနေ့ကစပြီး ညနေ ၆ နာရီအထိပဲ ခွင့်ပြုပါတော့တယ်။

"ဆိုင်ပိတ်ဖို့ ရယက က လာပြောတာ။ တမြို့လုံးက ဆိုင်တွေ အကုန်ပိတ်ရတယ်။ မနေ့ကစပြီး ၆ နာရီ ပိတ်ခိုင်းတာ။ ဒီနေ့လည်း ၆ နာရီထိုး ပိတ်ရမယ်။ ဟို ၃ ရက်၊ ၄ ရက်က ည ၉ နာရီမှ ပိတ်ရတယ်။ မနက်ပိုင်းကတော့ ဘယ်အချိန်ဖွင့်ဖွင့် ရတယ်။ အခုက အရေးကြီးတဲ့ကာလမို့လို့ ပိတ်ခိုင်းတာလို့ ပြောတယ်" လို့ ဘီယာဆိုင်တဆိုင်မှ စားပွဲထိုးခေါင်းဆောင် တယောက်က ဆိုပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)