Monday, November 8, 2010

ကြံ့ဖွံ့ပါတီကို မဲမပေးနိုင်၍ ရဲဘော်တဦး ကရင်နီတပ်မတော်ထံ လက်နက်ချ

06 Nov 2010
ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်အတွင်းတွင် လှုပ်ရှားနေသည့် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ) ၂ လက်အောက်ခံ ခမရ ၅၁၇ မှ ရဲဘော် လှမျိုးသည် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို မဲမထည့်နိုင်သောကြောင့် ရှေ့တန်းကရင်နီတပ်မတော်ထံ ယမန်နေ့ညက လာရောက်လက်နက်ချသည်ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့က ပြောပါသည်။


“ရဲဘော်တွေ အားလုံးက ကြံ့ဖွံ့ပါတီကို မဲထည့်ရမယ်လို့ အဲလိုမျိုး ညွန်ကြားထားတယ်တဲ့။ ရောက်တဲ့ နေရာမှာ စည်းရုံးရေး ဆင်းဖို့ ညွှန်ကြားထားတယ်။ နောက်ပြီးမှ အခု သူတို့ စစ်ကြောင်း ထွက်တာကလဲ လူထုကို လိုက်စည်းရုံးဖို့ ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေး ဆင်းတာ ဖြစ်တယ်လို့ ပြောတယ်” ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ ခူဒယ်နီယာက ပြောပြပါသည်။

တပ်သား တဦးလျှင် အရပ်သား ၅ ဦးအထက် စည်းရုံးရမည်ဟုလည်း ညွန်ကြားထားကြောင်း ပြောပါသည်။

ရဲဘော် လှမျိုးသည် ၎င်းစစ်ကြောင်းမှူး၏ 9 MM တလက်၊ MA 1 တလက်နှင့်အတူ လွိုင်ကော်ဒေသတွင် လှုပ်ရှားသွားလာနေသော ရှေ့တန်းရောက် ကရင်နီတပ်မတော်ထံ ၀င်ရောက်လာခြင်း ဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းအခြေစိုက် ခလရ ၃၃ မှ တပ်သား တစ်ဦးသည် ပခုံးထမ်း လောင်ချာနှင့် ကျည်များ ယူဆောင်ထွက်ပြေး၍ တန့်ယန်း ဗျူးဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်မှ အင်အား ၆၀ ဆယ်ဖြင့် လိုက်လံရှာဖွေပြီး တွေ့ရှိသည့် နေရာတွင် ပစ်သတ်ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု လားရှိုးသား စိုင်းစိုင်းက ပြောပါသည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် ရှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်အခြေစိုက် ရဲသား ဇေရာလင်းကလည်း M 22 သေနတ် တလက်နှင့် ကျည်ဆံအတောင့် ၃၀ ယူဆောင်၍ ထွက်ပြေးသွားကြောင်း ယခုထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း တောင်ကြီးရောက် မိုင်းကိုင်မှ ၀န်ထမ်း တဦးက ပြောပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)