Thursday, November 25, 2010

ဗိုလ်မှူးကြီးစောကျော်သက်ထံပူးပေါင်းသူ၏ မိသားစုနှင့် ကျေးရွာဥက္ကဌကို မြ၀တီမြို့တွင်ဖမ်းဆီးထာ


နော်အဲဏီ(နိုဝင်ဘာ-၂၄)။ ။

မြ၀တီခရိုင် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)ဝေ့ဆန်းကျေးရွာတွင်စခန်းချနေသည့် ဒုတပ်ကြပ်ဒိဒိ ဦးဆောင် တပ်ဖွဲ့မှ တပ်သားစောကျောဘလားသည် နိုဝင်ဘာလ(၂၂)ရက်နေ့တွင် နယ်ခြားစောင့်တပ်ကို လက်မခံ သော အမှတ်(၂)ဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်ထံသို့ (M-၁၆) တစ်လက်နှင့်အတူ ၀င်ရောက်ပူး ပေါင်းခဲ့သည်ဟု  အမှတ်(၂)ဗျူဟာ ဒီကေဘီအေ အရာရှိတစ်ဦးမှပြောပါသည်
ဘီဂျီအက်တပ်သားတစ်ဦး
ဗိုလ်ကျော်သက်ထံ လာရောက်ပူးပေါင်း
အမှတ်(၂)ဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်ထံ ၀င်ရောက်ပူးပေါင်းခဲ့သည့်အပေါ် နယ်ခြားစောင့် တပ် ရင်း (၁၀၁၇) မှ ဒုတပ်ကြပ်ဒိဒိနှင့်အဖွဲ့မှ ပေါင်းလောင်းကျေးရွာနေ တပ်သားစောကျော ဘလား၏ဇနီး နှင့်သားသမီးနှစ်ဦးကို ထိုနေ့၌ပင် ဖမ်းဆီးထားပြီး  မြ၀တီမြို့ရှိ (၉)ဂိတ်တွင် ချုပ်နှောင်ထားခဲ့သည်။


ကျောဘလား နေထိုင်ရာ ပေါင်းလောင်းကျေးရွာဥက္ကဌ မောင်သောင်းတင်ကိုလည်း ဒုတပ်ကြပ်ဒိဒိ တပ်သား များသွားရောက်ဖမ်းဆီးပြီး (၉)ဂိတ်၌ပင် ချုပ်နှောင်ထားခဲ့သည်ဟု ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးမှ ပြောပါသည်။

ဒုတပ်ကြပ်ဒိဒိမှနေ တပ်သားကျောဘလားယူဆောင်သွားသော (M-၁၆)သေနတ်တစ်လက်၏တန်ဘိုးကို အ စား အလျှော်ပေးမှ ဖမ်းဆီးထားသောလူများကို ပြန်လွတ်ပေးမည်ဟု တပ်သားကျောဘလား မိသားစုဝင် တစ်ဦးမှ ပြောပါသည်။

အမှတ်(၂)ဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်ဦးဆောင်သော ဒီကေဘီအေတပ်ဖွဲ့သည် စစ်အစိုးရ တိုက် တွန်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသည့်အပြင် အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေနှင့် နိုဝင်ဘာ လ(၇)ရက် နေ့တွင် မြ၀တီမြို့ကိုဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။

မြ၀တီမြို့ခံစစ်ပြေးဒုက္ခသည်သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ခိုလှုံနေခဲ့ရသည်။ ယခုအချိန်တွင် မြ၀တီမြို့ကိုစစ်အစိုးရနှင့် ဒီကေဘီအေနယ်ခြားစောင့်တပ်တို့ ထိမ်းချုပ်ထား သော်လည်း ဝေါ်လေဂွင်ဘက် တွင် တိုက်ပွဲဖြစ်ပွါးမှုရှိနေသည်ဟု မဲ့လက်ပန်ရွာသားတစ်ဦးမှပြောပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)