Wednesday, November 3, 2010

၂၂ နှစ်မြောက်မှာ အပြောချင်ဆုံးစကား

မိုးသီးဇွန်
November 2nd, 2010
source: နေ့သစ်



အေဘီအက်စ်ဒီအက် ၂၂ နှစ်မြောက်နေ့ မှာ ကျနော်ပြောချင်တဲ့ စကားတခွန်းကတော့။ ကျောင်သားတပ်မတော်ရဲ့ အောင်မြင်မှုက ဘာလဲ ဆိုရင် ဖယ်ဒရယ်မူကို ချမှတ်နိင်ခဲ့ တာ ဖြစ်ပါတယ်။ အရင်က ဖယ်ဒရယ်ဆိုရင် တီကောင်ဆားတွန့်သလို့ ဖြစ်နေတဲ့ မဟာ လူမျိုးကြီးဝါဒီတွေကို ကျနော်တို့ အတွေးအခေါ်အရ အနိုင်ယူနိင်ခဲ့တယ်။

ကျနော်တို့ မ ဟာမိတ် ဒီမိုကရေစီအင်အားစုတွေက ကျနော်တို့ကို ထောက်ခံခဲ့တယ်။ ဒီအချက်ကို သက်သေပြဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မယ်သရောထာ ကြေညာချက်ကို ထောက်ခံကြောင်း ထုတ်ဖေါ်ခဲ့တာ။

မကြာသေးခင်က ကလေးကြေညာစာတန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဒုတိ ယ ပင်လုံလို့ သုံးနှုန်းပြီး ဖယ်ဒရယ်ဆိုတဲ့စကားကို သုံးစွဲလာခြင်း။ လက်ခံလာခြင်းဖြစ်ပါ တယ်။ ဒါဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲ့ အဓိက အောင်မြင်မူဖြစ်တယ်။ ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေကြားမှာ ကျနော်တို့ တံတား တခုကို ခင်းပေးနိုင်ခဲ့ပါတယ်။ ဒီ တံတားတည်ဆောက်နေစဉ်မှာ ကျဆုံးသွားတဲ့ ကျောင်း သားတပ်မတော် အာဇာနည်အပေါင်းကို ဦးညွတ်ဂုဏ်ပြုပါတယ်။

အေဘီအက်စ်ဒီအက် မှာ တာဝန်ယူသွားတဲ့ ရဲဘော်တိုင်းကို ဒီနေရာကနေ မှတ်တမ်း တင် ဂုဏ်ပြုပါတယ်။ ရောက်ရာနေရာက ဆက်လက်တော်လှန်တိုက်ပွဲ ၀င်ကြဖို့ လည်း တိုက်တွန်းလိုက်ပါတယ် ရဲဘော်အပေါင်းတို့


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)