Friday, November 19, 2010

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ အင်အား (၁၀၀) ခန့် ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်း

သတင်း - မန်းမျိုးမြင့် (၁၈-၁၁-၂၀၁၀)
တပ်ရင်း (၂၀၁) တွင် အတူတွေ့ရသည့် ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်များ
နအဖစစ်အုပ်စုကို တိုက်ခိုက်ရာတွင် ထိရောက်မှုပိုရှိစေရေးအတွက် ခွဲထွက် DKBA တပ်ရင်း (၉၀၉) သည် ယ မန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

အင်အား (၁၀၀) ခန့်ရှိသည့် ဒီကေဘီအေ တပ်ရင်း (၉၀၉) ၏ တပ်ရင်းမှူး ဗိုလ်စတီးက ဦးဆောင်၍ လာ ရောက်ပူးပေါင်းခြင်းဖြစ်ပြီး နအဖကို နိုင်ငံရေး၊ စစ်ရေးအရ ပိုမိုထိုးနှက်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြောသည်။

ဒု-ဗိုလ်မှူးကြီး စတီးက “ကျနော်တို့အပေါ်နအဖက ဘယ်တော့မှ သဘောထားမမှန်ကန်ခဲ့ဘူး။ သူတို့ရဲ့ဆန္ဒ ကတော့ ကေအန်ယူဖြစ်စေ၊ ဒီကေဘီအေဖြစ်စေ၊ ကရင်နယ်ခြားစောင့်တပ်ဖြစ်စေ အကုန်လုံးကို အမြစ်ပြတ် ရှင်းလင်းရေးပဲ။ သူတို့ဟာ တိုင်းရင်းသားတွေ မပြောနဲ့၊ ဗမာလူမျိုးအချင်းချင်းတောင် သက်ညာတာမဟုတ် ဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်ရင် သိမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့က နိုင်ငံရေး၊ စစ်ရေးအရ အသာစီးရ မှဖြစ်မယ်။ ဒါကြောင့် ပြန်လာပူးပေါင်းတာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) သည် KNLA နှင့် ပထမဆုံး တရားဝင် လာရောက်ပူးပေါင်းသည့်အဖွဲ့ဖြစ်ပြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) မှာ လာရောက်ပူးပေါင်းခြင်းမရှိဘဲ သီးသန့်ရပ်တည်ကာ နအဖကို တိုက်ပွဲဝင်လျက်ရှိသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)