Tuesday, December 14, 2010

ဗိုလ်မှူးချုပ် စောလားပွယ် (ခေါ်)ဗိုလ်နှုတ်ခမ်းမွေး ကရင့် ဒီမိုက ရေစီ သူရဲကောင်းဆု ရရှိ

အဲခေါင်သောင့်၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၀ခုနှစ်
နော်ဝေနိုင်ငံအခြေစိုက် ဘက်မလိုက် ကရင်အဖွဲ့မှ ဒီကေဘီအေ တပ်မဟာ ၅တပ်မှူး ဗိုလ်မှူးချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးအား ဒီဇင် ဘာလ ၄ရက်နေ့က ကရင့် ဒီမိုကရေစီ သူရဲကောင်း ဆု ပေးအပ် ချီးမြှင့် လိုက်သည်။


ကရင့်ခေါင်းဆောင်ကြီး စောဘဦးကြီး ၏ မူလေးချက် အပေါ် အခြေခံကာ အမျိုးသားရေး အတွက် မားမား မတ်မတ် ရပ်တည်ဆောင်ရွက်ပေးခြင်းကြောင့် အဆိုပါ ဆုကို လက်ခံ ရရှိသွားခြင်း ဖြစ်သည်ဟု ဆုပေးပွဲ စီစဉ်သူများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ဆုပေးပွဲကို နော်ဝေနိုင်ငံ Hokksundရှိ Senterkire ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နော်ဝေနိုင်ငံရောက် ကရင်နှင့် ဗမာအမျိုးသားများ၊ နော်ဝေနိုင်ငံသားများ စုစုပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့သည်။ 

အဆိုပါဆုကို ဗိုလ်မှူးချုပ် စောလားပွယ်၏ ကိုယ်စား နော်ဝေနိုင်ငံရောက် ကရင်အမျိုးသားတဦးက လက်ခံရယူခဲ့ပြီး ဆုငွေယူရို(၁၀၀၀)ပေးအပ်ခဲ့သည်ဟု သိရှိရသည်။
အလားတူ အဆိုပါဆုပေးသည့် အခမ်းအနားတွင် ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးမှ တယ်လီဖုန်းမှ တဆင့် နော်ဝေအခြေစိုက် ဘက်မလိုက် ကရင်အဖွဲ့ကို ကျေးဇူးတင်စကား ပြောဆိုသွားပြီး အမျိုးသားအပေါ် ထားရှိသော သဘောထားများနှင့် ခံယူချက်များကို ပြောဆိုသွားခဲ့သည်ဟု သတင်းရရှိပါသည်။ 

ဆုချီးမြှင့်ပွဲ အခမ်းအနား မှတ်တမ်းဓါတ်ပုံ


ဓါတ်ပုံ-ကွယ်ကလူဝက်ဆိုက်ဘ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)