Saturday, December 18, 2010

ဒီကေဘီအေ နဲ့ နအဖ နိုဝင်ဘာ ၁၇ ရက်နေ့ ညတိုက်ပွဲ

 December 17th, 2010

dkba
ဖလူးဒေသ မင်းလက်ပန်ရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီ အေတပ်ဖွဲ့တွေ နိုဝင်ဘာ ၁၇ ရက်နေ့ညက တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
နအဖ ခလရ ၃၅၆ စစ်ကြောင်းကို ဖလူးနားက မင်းလက်ပန် ရွာနားမှာ ဒီကေဘီအေ ဗိုလ်ဆန်းအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ တွေဟာ နေရာနှစ်နေရာက စောင်ကြိုပစ်ခတ် တိုက်ခိုက်တဲ့ တိုက်ပွဲတခု ည ၁၁ နာရီမှ ည ၁ နာရီထိ ဖြစ်ပွားခဲ့ပါတယ်။

 တိုက်ပွဲအခြေအနေကို ဗိုလ်ဆန်းအောင် ပြောပြတာက
“မနေ့ညက နအဖ ခလရ ၃၅၆ က မင်းလက်ပန်က ထွက်လာတယ်လေ အဲကို ကျနော် တို့က စောင့်တိုက်ပစ်လိုက်တာဖြစ်တယ် ၂ နာရီလောက်ကြာသွားတယ်။ သူတို့ဘက်က ၄ ယောက်လောက်ကျသွားလို့ ပြန်ကြားရတယ်”
၂၀၁၀ ရွေးကောက်ပွဲ နေ့ကစလို့ ဒီကေဘီအေနဲ့ နအဖတို့ တိုက်ပွဲကြီးငယ်ပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတလျှောက် ဒီကေဘီအေနဲ့ မဟာမိတ် တပ်တွေဘက်က ၃ ဦးသာ ဒါဏ်ရာအနည်းငယ်ရခဲ့ပြီး၊ နအဖ ဘက်မှ အရာရှိဗိုလ်မှုး တဦးနဲ့ ဗိုလ်ကြီးတဦးအပါဝင် ၃၀ ခန့် တိုက်ပွဲတွင်းကျဆုံးခဲ့ပြီး ဗိုလ်မှူး (၂) ဦးအပါဝင် (၁၀၆) ခန့် ဒါဏ်ရာရခဲ့တယ်လို့ ကျောင်းသားတပ်မတော် စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်က သုံးသပ်ထားပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)