December 4th, 2010
နိုဝင်ဘာလ ၃၀ ရက်နေ့က နအဖရ စစ်အုပ်စုရဲ့ အလစ်အငိုက်တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရဲဘော်ခြောက်ဦး ယနေ့ထိ ပြန်ရောက်မလာသေးကြောင်းကို ယနေ့ သက်ဆိုင်ရာ တပ်မှူးများဆီက ကြာသိရပါတယ်။
ယနေ့ထိ နအဖ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတဲ့ ရဲဘော် ခြောက်ဦးပြန်လွတ်လာခြင်းမရှိသေးပဲ အလစ်အငိုက်အတိုက်ခိုက်ခံလိုက်ရတဲ့ နေရာပတ်ဝန်းကျင်ဒေသတွေမှာ အလောင်းတွေ ဟိုနေရာ ဒီနေရာမှာ တွေ့ရှိနေရတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်းစီမှာ တပ်မှူးတချို့က ပြောပြလာပါတယ်။
အလစ်အငိုက်အငိုက်အတိုက်ခံလိုက်ရတဲ့ နေရာမှာ အလောင်တလောင်း၊ ထီးမဲဝါးခီရွာ အနီးမှာ အလောင်း ၂ လောင်း နဲ့ ထီးညာလီခီးရွာအနီးမှာ ၂ လောင်း စတဲ့ အလောင်းတွေ တွေ့ခဲ့ရတယ်လို့ နီစပ်ရာ ရွာသာများနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်မှူးအချို့က ပြောကြားခဲ့လို့ သတင်းရရှိပါတယ်။

No comments:
Post a Comment