Sunday, December 5, 2010

မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲ

မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲ
နော်အဲဏီ၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၁၄ရက်။ဒီဇင်ဘာ ၅၊၂၀၁၀။
နော်အဲဏီ(ဒီဇင်ဘာ-၅)။ ။ နအဖတပ်များနှင့်ဒီကေဘီအေတပ်များ အခုရက်ပိုင်းအတွင်း၌မြ၀တီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေဆဲဟုဒီကေဘီအေတပ်မှူးတစ်ဦးမှပြောပါသည်။
ဒီကေဘီအေတပ်ဖွဲ့များ
မြ၀တီခရိုင်၊ ဝေါ်လေကျေးရွာတွင် စခန်းချနေသော နအဖတပ်ကို ဒုတပ်ရင်းမှူး ဗိုလ်မှူးစောချမုစေး ၊ တပ်စုမှူးစောလှခိုင် ဦးဆောင်သော ဒီကေဘီအေ(၉၀၉) တပ်နဲ့ ကေအဲန်ယူ တပ်ရင်း (၂၀၁)က ပူးပေါင်းပြီး ဒီဇင်ဘာလ (၃) ရက်နေ့ ည (၁၁း၃၀) အချိန်တွင် (၁၅)မိနစ် ခန့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒုတပ်ရင်းမှူး စောချမုစေးက ပြောပါသည်။

အလားတူ လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ကလည်း မြ၀တီခရိုင် ဖလူးစခန်းထိုင် အင်အား (၃၀) ခန့်ရှိသည့် ခလရ (၆၁) ၊ ခမရ (၂၃၀)ရိက္ခာလုံခြုံရေးအဖွဲ့ကို ဒီကေဘီအေ ဗျူဟာ(၁) အဖွဲ့နဲ့ ကေအဲန်ယူပူးပေါင်းပြီး ၀င်ရောက်စီးနင်းခဲ့ပါသေးသည်ဟု ဒီကေဘီအေဗျူဟာ(၁)စစ်ဆင်ရေးမှူး  ဗိုလ်မှူးဆန်းအောင်က အခုလို ပြောပြပါသည်။

“ကျနော်တို့ရန်သူရိက္ခာကားကို ၀င်ရောက်စီးနင်းဖို့ ကျနော်တို့ ဖလူးစခန်းကို ကပ်သွား တယ်နော်၊ ကပ်သွားတဲ့အချိန်လေးမှာ သူတို့ကပစ်ခတ်မှုတွေ အရင်ပစ်တယ်နော်။ သူတို့က ကတုတ်ကျင်းနဲ့ ဆက်သွယ် ရေးကျင်းနဲ့ဆိုတော့ ကျနော်တို့က ပြန်မပစ်ပဲ နားထောင်နေတယ်၊ ကျနော်တို့က(၂ )ချက်ပဲပစ်တယ်  သူတို့က အလုံး(၂၀)လောက်ပစ်တယ်နော်။ (၁၁)နာရီမထိုးခင်ကနော် စတာနော်။ ခုနကကျနော်တို့ ပြန်ဆုတ် လာတာ(၁)နာရီနဲ့မိနစ်(၄၀)မှာ ကျနော်တို့ ပြန်ဆုတ်လာတာနော်၊ ကျနော်တို့ ဆုတ်နေတဲ့အချိန်မှာ လည်း သူတို့ပစ်နေသေးတယ်၊  သူတို့ပစ်တာ ဟို အိပ်မှုန်စုံမွားနဲ့ ဘယ်မှာရှိမှန်းသူတို့မသိဘူး။ လက်နက်ကြီးဟာ ဘယ်ရောညာရော အရှေ့ကိုပစ်တယ် အနောက်ဘက်မှာက ယိုးဒယားချောင်းခံနေတာကိုး။ ကျနော်တို့က မပစ်ဘူးဆိုတော့ ကျနော်တို့ ဘယ်နေရာမှာရှိမှန်း သူတို့မသိဘူးပေါ့”

ဝေါ်လေစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်နေသော နအဖတပ်ဖွဲ့ကို ယနေ့အထိ ရိက္ခာမပို့ပေးနိုင် သေး ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

Military regime - SLORC/SPDC
မြန်မာပြည်သူကိုဒုက္ခပေးနေသောစစ်အာဏာရှင် (ပုံ-ခင်မောင်ဝင်း၊ အေဗီ)
ထို့အပြင် ယခုထိုးစစ်ဆင်နေသော နအဖတပ်များ အနေ နှင့် စစ်ကူအင်အားနည်းသဖြင့် ရိက္ခာမပံ့ပိုးနိုင်ခြင်းဖြစ်သည်ဟုလည်းပြောပါသည်။ ဒီကေဘီအေမှလည်း ဤအချက်ကို အကြောင်းပြု၍ ကြားဖြတ်ထိုးစစ်ဆင်နေပါသည်။

ဒီဇင်ဘာ(၃)ရက်နေ့ထုတ် အစိုးရသတင်းစာ များတွင် ဒီကေဘီအေမှ ဗိုလ်မှူးမန်းသိန်းဦးစီးအင်အား(၁၃)ယောက် လက်နက်ချ သည်ဟူသောသတင်းကို ရေးသားဖေါ်ပြထားပါသည်။

သို့သော်လည်း ယခု အစိုးရတိုက်တွန်းထားသော နယ်ခြားစောင့်တပ်ကို လက်မခံ သည့်ဒီကေဘီအေအဖွဲ့မှ မဟုတ်ဟုသိရပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)