Wednesday, December 8, 2010

ဝီကီလိစ် တည်ထောင်သူ အဖမ်းခံရ

ဟိန်းသူ Wednesday, 08 December 2010 13:18

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အမေရိကန် သံတမန်ရေးရာ စာများကို ပေါက်ကြားစေသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်ကို တည်ထောင်သူ တဦးဖြစ်သည့် ဂျူလီယန် အက်စ်ဆန်းကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

Assange
Add caption
ဝီကီလိစ်တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံး NGO ညီလာခံတခုတွင် နိုဝင်ဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ - Getty Images)

သြစတြေးလျ နိုင်ငံသား မစ္စတာ အက်စ်ဆန်းကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင် မှုများဖြင့် ဆွီဒင်အစိုးရက အလိုရှိနေပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် ကလည်း ဖမ်းဝရမ်း ထုတ်ထားခြင်း ဖြစ်သည်။
ဝီကီလိစ်ကို ၂၀၀၆ တွင် စတင် တည်ထောင်ခဲ့ပြီး အစိုးရများနှင့် ကော်ပိုရေးရှင်း ကြီးများ၏ လျှို့ဝှက် စာရွက်စာတမ်းကို တဖြည်းဖြည်းချင်း ဖွင့်ထုတ်လျက် ရှိသည်။ ဝီကီလိစ်၏ ဖွင့်ထုတ်မှုများ ကြောင့် နိုင်ငံများ၏ သံတမန်ရေးဆိုင်ရာ လျှို့ဝှက် သတင်းပို့ချက်များ၊ ညွှန်ကြားချက်များ ပေါက်ကြားခဲ့ပြီး အမေရိကန် ပြည် ထောင်စုက အမျိုးသား လုံခြုံရေးကို ထိခိုက်စေသည်ဟုပင် ပြောဆိုခဲ့သည်။

ဝီကီလိစ်တွင်ရှိသည့် စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ပြောဆိုချက် တချို့လည်း ပါရှိ ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးအသင်း ဖြစ်သော မန်ချက်စတာ ယူနိုက် တက် အသင်းအား ၀ယ်ယူရန် ပြင်ဆင်ခဲ့သည်ဟုသော အကြောင်းအရာများ ပါဝင်သည့် ဒီဇင်ဘာလ ၆ ရက် နေ့တွင် ပေါက်ကြားသော ရန်ကုန်မှ အမေရိကန် သံတမန် လျှို့ဝှက်ပေးစာ ၂ စောင်လည်း အပါအဝင် ဖြစ် သည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ဖိုးလပြည့်) က မန်ယူအသင်းအား ၀ယ်ယူပေးရန် ပူဆာ သည့်အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူရန် စဉ်းစားခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

ထိုအချိန်က မန်ယူအသင်းမှာ ကြွေးမြီများ တင်ရှိနေမှုကြောင့် နာမည်ကျော် ကစားသမားများနှင့် အသင်းပိုင် အိုးထရက်ဖို့ဒ် ဘောလုံးကွင်းကို ရောင်းချရန် ပြင်ဆင်နေသည့် အချိန်ဖြစ်သည့်အပြင် အမေရိကန်မှ အသင်း ပိုင်ရှင် ဂလေဇာမိသားစုကိုလည်း မန်ယူအသင်း ပရိသတ်များက ဆန့်ကျင်မှုများ ပြုလုပ်နေသည့်အချိန် ဖြစ် သည်။

၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်၍ လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ရခြင်းကြောင့် ငွေအများအပြား သုံးစွဲရန် မသင့်လျော်သဖြင့် အဆိုပါအစီအစဉ် မဖြစ်ခဲ့ကြောင်း၊ ထိုအစီအစဉ်အစား မြန်မာ နေရှင်နယ်လိဂ် အမည်ဖြင့် ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံကာ ဘောလုံးအသင်းများ တည် ထောင်သည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူးကြီးက ဆုံးဖြတ်ခဲ့ကြောင်း သံတမန်ပေးစာ များတွင် ဖော်ပြထားသည်။

မြန်မာနေရှင်နယ်လိဂ် အကောင်အထည် ဖော်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အား တာဝန်ပေးအပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ၈ ဦးဖြင့် အသင်း ၈ သင်းပါဝင်သော ပြိုင်ပွဲတခု အကောင် အ ထည်ပေါ်လာခဲ့သည်။

ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ ပုဂ္ဂလိက ဘောလုံးကလပ်အသင်း ပိုင်ရှင်များအဖြစ် မဟုတ်ဘဲ တိုင်းနှင့် ပြည် နယ် ကိုယ်စားပြု အသင်းများအဖြစ် အကောင်အထည်ဖော်ရပြီး ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခ စသော ကုန်ကျစရိတ်များကို မိမိတို့ဘာသာ အကုန်ကျခံရကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် ထို စီးပွားရေးလုပ်ငန်းရှင် ၈ ဦးက မိမိတို့နှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဒေါ်လာ ၁ သန်းတန် ဘောလုံးကွင်းများ တည်ဆောက်ရမည်ဟုလည်း ပေါက်ကြားသည့် ပေးစာများတွင် ပါရှိ သည်။

ဦးဇော်ဇော်သည် ဒယ်လ်တာယူနိုက်တက် အသင်းကို တည်ထောင်သည့်အတွက် Max Cement ဘိလပ်မြေ စက်ရုံအား တည်ဆောက်ခွင့်နှင့် နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေ သည့် ဘောလုံးကွင်းနှစ်ကွင်းကို တည်ဆောက်ခွင့်များ ရရှိခဲ့ကြောင်း သိရသည်။

စတင် အကောင်အထည်ဖော်စဉ်က ဦးဇော်ဇော်မှာ ဒယ်လ်တာအသင်းကို ပိုင်ဆိုင်သော်လည်း ကမ္ဘာ့ဘော လုံးအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းအရ အဖွဲ့ချုပ်မှ တာဝန်ရှိသူသည် မည်သည့်အသင်းနှင့်မျှ ပါဝင်ပတ်သက်မှု မရှိရ ဆိုသည့်အချက်ကြောင့် နောက်ပိုင်းတွင် ပရီးမီးယား ကော်ဖီကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်အား ကျပ်သိန်း ၃၀၀၀ တန်သည့် အသင်းကို အခမဲ့လွှဲပေးခဲ့သည်ဟု သိရသည်။

ဘောလုံးအသင်းပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ဘောလုံးအသင်း တည်ထောင်သည့် ကုန်ကျ စရိတ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာနှင့် သတ္ထုတွင်းလုပ်ငန်းများ၊ သွင်းကုန် လိုင်စင်များကို အစိုးရထံမှ ရရှိကြသည်။

ဦးဇော်ဇော်သည် ဘောလုံးဝါသနာပါသော ဖိုးလပြည့်အား ဒယ်လ်တာယူနိုက်တက်အသင်းတွင် လာရောက် ကစားရန်  ဖိတ်ခေါ်ခဲ့သည်ဟုလည်း သံတမန်ပေးစာတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ အစောပိုင်းကလည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ တရုတ်အစိုးရ၏ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ် ရှိသည်ဟု စင်္ကာပူအကြီးအကဲ မစ္စတာ လီကွမ်ယုက ပြောဆို ကြောင်း ဝီကီလိစ်က ထုတ်ဖော်ခဲ့သေးသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)