Saturday, December 11, 2010

မြန်မာနျူကလီယားပြဿနာကြောင့် ဂျူလီယန် အာဆန်းကို ထောင်တွင်း တိုက်ပိတ်

Saturday, 11 December 2010 00:58 Editor

မြန်မာ့လျှို့ဝှက် နျူကလီယားစီမံကိန်း ပေါက်ကြားမှု အပေါ် အမေရိကန်အစိုးရမှ စိုးရိမ်မှုဖြစ်ခြင်းကြောင့် လန်ဒန်မြို့ Wandsworth အကျဉ်းထောင်တွင် ဖမ်းထား သော ၀ီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အာဆန်း ကို...

Add caption
အသက် အန္တရာယ် ပိုမိုလုံခြုံ စိတ်ချစေဖို့အတွက် ထောင်တွင်းခွဲခြား တိုက်ပိတ်ထားလိုက်ရသည်ဟု သိရသည်။
ထောင်အာဏာပိုင်များက သူ့လုံခြုံရေးအတွက် လုပ်ရ ခြင်း ဖြစ်ကြောင်း AFP သတင်းထောက်ကို ရှင်းပြခဲ့သည်။ ဂျူလီယန်အာဆန်းမှာ အမျိုးသ မီးနှစ်ဦးကို ဗလက္ကာရ လုပ်ခဲ့သည်ဟုသော စွဲချက်ဖြင့် ဆွီဒင်တရား ရုံးမှ ဖမ်းဝရမ်း ထုတ်ခဲ့ပြီးနောက် လန်ဒန်တွင် တရားရင် ဆိုင်ဖို့ အဖမ်းဆီးခံ ခဲ့ခြင်းဖြစ်သည်။ လာမည့် အင်္ဂါနေ့တွင် လန်ဒန်တရားရုံးတွင် ဒုတိယအ ကြိမ် အမှုရင်ဆိုင် မည် ဖြစ်သည်။
ဝီကီလိခ်စ် ၀ဘ်ဆိုဒ်ကို ထောက်ခံသူများက ယခု ဂျူလီယန်အာဆန်းကို စွတ်စွဲချက်များမှာ ၀ါရှင်တန်အစိုးရရဲ့ နိုင်ငံအကောက်ကြံမှုများသာ ဖြစ်ကြောင်း၊ အမေရိကန် သံရုံးကေဘယ်များ ထပ်ဖွင့်ချမှာ စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း၊ လက်ရှိ ထောင်တွင်း တိုက်ပိတ်ခြင်းမှာလည်း မြန်မာနျူကလီးယားအရေး ပေါက်ကြားမှုကို အကြောင်းပြသည်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ကြောင်း ပြောဆိုနေကြသည်။
ကမ္ဘာကျော် ကွန်ပျူတာ ဟတ်ကာ အာဆန်းမှာ ယခု သူ့လက်ပ်တော့ ကိုင်ဆောင်ခွင့်မရ ဖြစ်နေသည်။ ထောင်ထဲရှိစဉ် သူ့လက်ပ်တော့ အသုံးပြုခွင့်ရဖို့ ဂျူလီယန်အာဆန်း ချစ်သူများ ထောက်ခံသူများက ဆု တောင်းပေးနေကြသည်။
သတင်း AFP

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)