Tuesday, December 21, 2010

နအဖ ၈ ဦးကျ ၁၆ ဦး ဒဏ်ရာရခဲ့တဲ့ ဒီမနက် ဝေါ်လေတိုက်ပွဲ

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နဲ့ အနီးတဝိုက်တွေဖြစ်တယ် ဖလူး၊ ဝေါ်လေ ဒေသတွေမှာ နေ့စဉ်ဆက်တိုက်ဆိုလို တိုက်ပွဲတွေဖြစ်နေလျက်ရှိပါတယ်။




ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၉ နာရီခွဲလောက် ဝေါ်လေဘက်မှာ တိုက်ပွဲတပွဲ ဖြစ် ပွားခဲ့ပါတယ်။ ကနဲလေးနဲ့ ဝေါ်လေကြားမှာ နအဖ စစ်ကြောင်းကို ဒီကေဘီအေ ဘက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှ ၈ ဦး ကျဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့က ၉ နာရီခန့်ကလည်း မြ၀တီမြို့တောင်ဘက်ရှိ ဖလူးရွာနားမှာ နအဖ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၄၇ တပ်နှင့် DKBA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ နအဖ ဘက်က ၇ ဦး ကျဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိပါတယ်။ DKBA ဘက်မှ ၁ ဦး ကျဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရတယ်လို့ ကြားသိရပါတယ်။

နေ့သစ်မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)